တောင်ကိုရီးယားရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဓာတ်လှေကားမတော်တဆမှုဖြစ်၊ လူ ၃ ဦးသေဆုံးဖွယ်ရှိ

တောင်ကိုရီးယားရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဓာတ်လှေကားမတော်တဆမှုဖြစ်၊ လူ ၃ ဦးသေဆုံးဖွယ်ရှိ

တောင်ကိုရီးယားက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဓာတ်လှေကားစက်ချို့ယွင်းမှုဖြစ်လို့ လူ ၃ ဦးထက်မနည်း သေဆုံးနိုင်ဖွယ်ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။ နိုင်ငံအရှေ့ပိုင်း ဆိုချို မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်မတော်တဆမှုမှာ ၂ ဦးဒဏ်ရာရခဲ့တယ်လို့လည်း ဒေသခံမီဒီယာတွေက ယနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဆိုချို မြို့က လူနေတိုက်ခန်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဓာတ်လှေကား မတော်တဆမှုဖြစ်ခဲ့တာဖြစ်ပြီး၊ အလုပ်သမားတွေ ၁၅လွှာကနေ ပြုတ်ကျတာတွေရှိခဲ့တယ်လို့ ယွန်ဟပ် သတင်းဌာနကလည်း ဆိုပါတယ်။ ကယ်ဆယ်ရေးအင်အား ၃၀ ထက်မနည်းက ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေတယ်လို့ သိရပြီး၊ အသေးစိတ် ကိုတော့ ခုချိန်ထိ မသိရသေးပါဘူး။

ရည်မွန်
Ref: sputniknews
ဆိုးလ်၊ သြဂုတ် ၁၄

(  Zawgyi  )

 ေတာင္ကိုရီးယားက ေဆာက္လုပ္ေရးလုပ္ငန္းခြင္တစ္ခုမွာ ဓာတ္ေလွကားစက္ခ်ိဳ႕ယြင္းမႈျဖစ္လို႔ လူ ၃ ဦးထက္မနည္း ေသဆုံးႏိုင္ဖြယ္ရွိတယ္လို႔ သတင္းေတြက ဆိုပါတယ္။ ႏိုင္ငံအေရွ႕ပိုင္း ဆိုခ်ိဳ ၿမိဳ႕က ေဆာက္လုပ္ေရးလုပ္ငန္းခြင္မေတာ္တဆမႈမွာ ၂ ဦးဒဏ္ရာရခဲ့တယ္လို႔လည္း ေဒသခံမီဒီယာေတြက ယေန႔မွာ သတင္းထုတ္ျပန္ပါတယ္။

ဆိုခ်ိဳ ၿမိဳ႕က လူေနတိုက္ခန္းေဆာက္လုပ္ေရးလုပ္ငန္းခြင္မွာ ဓာတ္ေလွကား မေတာ္တဆမႈျဖစ္ခဲ့တာျဖစ္ၿပီး၊ အလုပ္သမားေတြ ၁၅လႊာကေန ျပဳတ္က်တာေတြရွိခဲ့တယ္လို႔ ယြန္ဟပ္ သတင္းဌာနကလည္း ဆိုပါတယ္။ ကယ္ဆယ္ေရးအင္အား ၃၀ ထက္မနည္းက ကယ္ဆယ္ေရး လုပ္ငန္းေတြ လုပ္ေနတယ္လို႔ သိရၿပီး၊ အေသးစိတ္ ကိုေတာ့ ခုခ်ိန္ထိ မသိရေသးပါဘူး။

ရည္မြန္
Ref: sputniknews
ဆိုးလ္၊ ၾသဂုတ္ ၁၄