တောင်ကိုရီးယား ရွေးကောက်ပွဲတွင် လက်ရှိ အာဏာရပါတီ ဆက်လက်အနိုင်ရ

တောင်ကိုရီးယား ရွေးကောက်ပွဲတွင် လက်ရှိ အာဏာရပါတီ ဆက်လက်အနိုင်ရ

တောင်ကိုရီးယားနိုင်ငံ၏ အာဏာရပါတီသည် ဧပြီ ၁၅ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရကြောင်း ရလဒ်များ ထွက်ပေါ်ထားပါတယ်။ကိုရိုနာဗိုင်းရပ် ရောဂါ ဖြစ်ပွားနေချိန်တွင် သမ္မတမွန်ဂျေအင်းအနေဖြင့် အခွင့်အရေးကောင်းတစ်ခုကို ရရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ၏ ရွေးကောက်ပွဲသည် မဲအရေအတွက် အများဆုံးရသူ အနိုင်ရသည့် စနစ်နှင့် အချိုးကျ ကိုယ်စားပြုစနစ် နှစ်မျိုးကို ပေါင်းစပ်ကျင့်သုံးလျှက်ရှိသော်လည်း မဲဆန္ဒနယ် အားလုံးအတွက် ရလဒ်မထွက်ပေါ်မီ ကပင် သမ္မတမွန်ဂျေအင်း၏ ဒီမိုကရက်တစ်ပါတီသည် လွှတ်တော် ၃၀၀ နေရာအနက် ၁၆၃ နေရာတွင် အနိုင်ရရှိပြီးဖြစ်ကာ ပြတ်ပြတ်သားသား အနိုင်ရခဲ့ခြင်း ဖြစ်ပါတယ်။

၎င်းတို့၏ မိတ်ဖက်ပါတီကလည်း အချိုးကျ ကိုယ်စားပြုအတွက် ၁၇ နေရာ ရရှိထားပြီ ဖြစ်သော ကြောင့် စုစုပေါင်း ရလဒ် ၁၈၀ နေရာကို ဧပြီ ၁၆ ရက် ညနေပိုင်းတွင် ကြေညာသွားဖွယ်ရှိ ပါတယ်။အဓိကအတိုက်အခံ ကွန်ဆာဗေးတစ်ပါတီ United Future Party (UFP) နှင့် ၎င်း၏ ပါတီခွဲတို့က စုစုပေါင်း ၉၇ နေရာသာရရှိခဲ့ပါတယ်။

ယခုရွေးကောက်ပွဲသို့ မဲပေးခွင့်ရသူများအနက်မှ လာရောက်ပေးသူ ၆၆ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့သောကြောင့်  ၁၉၉၂ ခုနှစ်နောက်ပိုင်း အများဆုံး ရာခိုင်နှုန်း ဖြစ်ခဲ့ပါတယ်။လွန်ခဲ့သည့် လအနည်းငယ်က အာဏာအလွဲသုံးစားလုပ်မှု၊ နိုင်ငံစီးပွားရေးတိုးတက်မှု ကျဆင်းခြင်း တို့ကြောင့် လက်ဝဲယိမ်း သမ္မတမွန်အနေဖြင့် ရွေးကောက်ပွဲ အနိုင်ရရေးအတွက် ခြိမ်းခြောက်မှုများ ဖြစ်စေခဲ့ သလို မြောက် ကိုရီးယားအပေါ် ချော့မော့ ဆက်ဆံခြင်း မူဝါဒသည်လည်း အလုပ်မဖြစ်ကြောင်း သုံးသပ်မှုများ ရှိခဲ့ပါတယ်။

သို့သော် တောင်ကိုရီးယားအနေဖြင့် ကိုရိုနာဗိုင်းရပ် ရောဂါကို လျင်မြန်၊ ထိရောက်စွာ ကိုင်တွယ် နိုင်ခဲ့ သလို နိုင်ငံပေါင်း ၂၀ ကျော်သို့လည်း ရောဂါစမ်းသပ်သည့်ပစ္စည်းများ တင်ပို့နိုင်ခဲ့ခြင်း ကြောင့် သမ္မတအနေဖြင့် ရွေးကောက်ပွဲတွင် ယခုကဲ့သို့ အခြေအနေကောင်းများ ရရှိစေခဲ့ခြင်း လည်း ဖြစ်ပါတယ်။

Linko
Ref: AFP
ဆိုးလ်၊ ဧပြီ ၁၆

(  Zawgyi  )

 ေတာင္ကိုရီးယားႏိုင္ငံ၏ အာဏာရပါတီသည္ ဧၿပီ ၁၅ ရက္က က်င္းပခဲ့သည့္ ေ႐ြးေကာက္ပြဲတြင္ အျပတ္အသတ္ အႏိုင္ရေၾကာင္း ရလဒ္မ်ား ထြက္ေပၚထားပါတယ္။ကို႐ိုနာဗိုင္းရပ္ ေရာဂါ ျဖစ္ပြားေနခ်ိန္တြင္ သမၼတမြန္ေဂ်အင္းအေနျဖင့္ အခြင့္အေရးေကာင္းတစ္ခုကို ရရွိခဲ့ျခင္းလည္း ျဖစ္ပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံ၏ ေ႐ြးေကာက္ပြဲသည္ မဲအေရအတြက္ အမ်ားဆုံးရသူ အႏိုင္ရသည့္ စနစ္ႏွင့္ အခ်ိဳးက် ကိုယ္စားျပဳစနစ္ ႏွစ္မ်ိဳးကို ေပါင္းစပ္က်င့္သုံးလွ်က္ရွိေသာ္လည္း မဲဆႏၵနယ္ အားလုံးအတြက္ ရလဒ္မထြက္ေပၚမီ ကပင္ သမၼတမြန္ေဂ်အင္း၏ ဒီမိုကရက္တစ္ပါတီသည္ လႊတ္ေတာ္ ၃၀၀ ေနရာအနက္ ၁၆၃ ေနရာတြင္ အႏိုင္ရရွိၿပီးျဖစ္ကာ ျပတ္ျပတ္သားသား အႏိုင္ရခဲ့ျခင္း ျဖစ္ပါတယ္။

၎တို႔၏ မိတ္ဖက္ပါတီကလည္း အခ်ိဳးက် ကိုယ္စားျပဳအတြက္ ၁၇ ေနရာ ရရွိထားၿပီ ျဖစ္ေသာ ေၾကာင့္ စုစုေပါင္း ရလဒ္ ၁၈၀ ေနရာကို ဧၿပီ ၁၆ ရက္ ညေနပိုင္းတြင္ ေၾကညာသြားဖြယ္ရွိ ပါတယ္။အဓိကအတိုက္အခံ ကြန္ဆာေဗးတစ္ပါတီ United Future Party (UFP) ႏွင့္ ၎၏ ပါတီခြဲတို႔က စုစုေပါင္း ၉၇ ေနရာသာရရွိခဲ့ပါတယ္။

ယခုေ႐ြးေကာက္ပြဲသို႔ မဲေပးခြင့္ရသူမ်ားအနက္မွ လာေရာက္ေပးသူ ၆၆ ဒသမ ၂ ရာခိုင္ႏႈန္း ရွိခဲ့ေသာေၾကာင့္  ၁၉၉၂ ခုႏွစ္ေနာက္ပိုင္း အမ်ားဆုံး ရာခိုင္ႏႈန္း ျဖစ္ခဲ့ပါတယ္။လြန္ခဲ့သည့္ လအနည္းငယ္က အာဏာအလြဲသုံးစားလုပ္မႈ၊ ႏိုင္ငံစီးပြားေရးတိုးတက္မႈ က်ဆင္းျခင္း တို႔ေၾကာင့္ လက္ဝဲယိမ္း သမၼတမြန္အေနျဖင့္ ေ႐ြးေကာက္ပြဲ အႏိုင္ရေရးအတြက္ ၿခိမ္းေျခာက္မႈမ်ား ျဖစ္ေစခဲ့ သလို ေျမာက္ ကိုရီးယားအေပၚ ေခ်ာ့ေမာ့ ဆက္ဆံျခင္း မူဝါဒသည္လည္း အလုပ္မျဖစ္ေၾကာင္း သုံးသပ္မႈမ်ား ရွိခဲ့ပါတယ္။

သို႔ေသာ္ ေတာင္ကိုရီးယားအေနျဖင့္ ကို႐ိုနာဗိုင္းရပ္ ေရာဂါကို လ်င္ျမန္၊ ထိေရာက္စြာ ကိုင္တြယ္ ႏိုင္ခဲ့ သလို ႏိုင္ငံေပါင္း ၂၀ ေက်ာ္သို႔လည္း ေရာဂါစမ္းသပ္သည့္ပစၥည္းမ်ား တင္ပို႔ႏိုင္ခဲ့ျခင္း ေၾကာင့္ သမၼတအေနျဖင့္ ေ႐ြးေကာက္ပြဲတြင္ ယခုကဲ့သို႔ အေျခအေနေကာင္းမ်ား ရရွိေစခဲ့ျခင္း လည္း ျဖစ္ပါတယ္။

Linko
Ref: AFP
ဆိုးလ္၊ ဧၿပီ ၁၆