ထရမ့်ထံမှ ခါးသည်းသော စကားများအတွက် တရုတ်နိုင်ငံပြင်ဆင်ထားရန်လို

ထရမ့်ထံမှ ခါးသည်းသော စကားများအတွက် တရုတ်နိုင်ငံပြင်ဆင်ထားရန်လို

ကိုဗစ်-၁၉ ကမ္ဘာတဝှမ်းကူးစက်ရောဂါနှင့် ၎င်းကဖန်တီးလိုက်သည့် စီးပွားဆုတ်ကပ်တို့ကြောင်း နှင်နိုင်ငံဆက်ဆံရေးသည် ပိုမိုဖိအားပေးခံနေရချိန်တွင် အမေရိကန်သမ္မတနှင့် သူ၏ အစိုးရ ထံမှ ပြင်းထန်သော စကားလုံးများအတွက် တရုတ်နိုင်ငံအနေဖြင့် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း လေ့လာသူများပြောသည်။

ဝါရှင်တန်နှင့်ဘေ့ဂျင်းအကြား ဇန်နဝါရီလက လက်မှတ်ရေးထိုးခဲ့သည့် အဆင့် ၁ ကုန်သွယ်ရေး သဘောတူညီချက်အပေါ် ထရမ့်က သံသယများဖေါ်ပြလာပြီး တရုတ်နိုင်ငံနှင့် ဆက်ဆံရေး လုံးဝဖြတ်တောက်လိုက်လျှင် အမေရိကန် ပြည်ထောင်စု အတွက် ဒေါ်လာ ဘီလီယံ ၅၀၀ အကုန် သက်သာကြောင်း ထရမ့်ပြောကြားပြီးနောက် အထက်ပါ သုံးသပ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

Fox Business News နှင့် ကြာသပတေးနေ့က ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် ထရမ့်က သမ္မတရှီနှင့်သူအကြား ကောင်းမွန်သော ပုဂ္ဂလိက ဆက်ဆံရေးကိုပင် အေးစက်စက် ပြောဆိုလာ သည်။“ကျနော်နဲ့ ရှီအကြားမှာ အင်မတန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်။ ဒါပေမယ့် ကျနော် အခုလောလောဆယ် သူနဲ့ စကားမပြောချင်ဘူး” ဟု ထရမ့်ပြောသည်။

ရှီနှင့် ထရမ့်တို့သည် ဖေဖေါ်ဝါရီလ ၇ ရက်နေ့က နောက်ဆုံး စကားပြောခဲ့သည်။

ထရမ့်၏ ပြောဆိုချက်များသည် တနင်္လာနေ့က နှစ်နိုင်ငံထိပ်တန်း ကုန်သွယ်ရေး ကိုယ်စားလှယ် များအကြား အပြုသဘောဆောင်သော ဆွေးနွေးမှုများနှင့် ဆန့်ကျင်နေသည်။

တရုတ်ဒုတိယဝန်ကြီးချုပ် Liu He ၊ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် Robert Lighthizer နှင့် အမေရိကန် ဘာဏ္ဍာရေး ဝန်ကြီး Steven Mnuchin တို့ သုံးပွင့်ဆိုင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးရာတွင် ကမ္ဘာ့ကျန်းမာရေး အကျပ်အတည်းကြောင့် မရေမရာဖြစ်နေသော အဆင့် ၁ ကုန်သွယ်ရေးသဘောတူညီချက်အတွက် လမ်းဖွင့်ပေးသော အခြေအနေများ ဖန်တီး ပေးရန် သဘောတူခဲ့ကြသည်။

ထရမ့်၏ ပြောဆိုချက်များသည် တင်းမာမှု မြင့်မားလာသည့် လက္ခဏာဖြစ်ကြောင်း ဘေ့ဂျင်းမှ Renmin University နိုင်ငံတကာလေ့လာရေး ပါမောက္ခ Shi Yinhong ပြောသည်။

“တနင်္လာနေ့က နှစ်နိုင်ငံကုန်သွယ်ရေးအရာရှိတွေအစည်းအဝေးမှာ ပြောဆိုချက်တွေအရ နှစ်နိုင်ငံဆက်ဆံရေး အခြေအနေဆိုးရွားနေပေမယ့် အဆင့် ၁ ကုန်သွယ်ရေးသဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းမယ့် သဘောဖြစ်တယ်။ ဒါပေမယ့် ကမ္ဘာ့စီးပွားဆုပ်ကပ်ကြောင့် အမေရိကန် ကုန်စည်တွေ တရုတ်ကတင်သွင်းတဲ့ အကျိုးကျေးဇူးက လျှော့နည်းသွားပြီ” ဟု သူပြောသည်။

“ထရမ့်ရဲ့မှတ်ချက်က တရုတ်နိုင်ငံအပေါ်မုန်းတီးမှုတွေနဲ့ နှစ်နိုင်ငံဆက်ဆံရေးအခြေအနေ မကောင်းတာကို ထင်ဟတ်နေတယ်။ ဝါရှင်တန်က တော့ တရုတ်ကို ဆက်လက်ဝေဖန်နေဦးမှာပဲ” ဟုလည်း သူပြောသည်။

တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ဖြတ်တောက်ရန် ထရမ့်၏ ခြိမ်းခြောက်မှုသည် လက်ရှိဆိုးရွား နေပြီးသော တရုတ်-အမေရိကန် ဆက်ဆံရေးအပေါ် အရိပ်မဲ ထပ်မံထိုးကျစေကြောင်းနှင့် ထရမ့်အပေါ် ကြိုတင်ခန့်မှန်းရခက်သော သက်သေသာဓကပင်ဖြစ်ကြောင်း the Chinese

“သူပြောတဲ့ စကားကို အလွန်အကျွံမတုံ့ပြန်ဖို့လိုတယ်။ ဒါပေမယ့် စကားထဲက တရားပြလာ နိုင်တဲ့အတွက် အကျိုးဆက်အားလုံးအတွက် ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်” ဟုလည်း သူပြော သည်။

“ကိုဗစ်-၁၉ နဲ့ စီးပွားရေးအပေါ် အကျိုးဆက်က အရင်ထင်ထားတာထက်ပိုမိုပြင်းထန်နေတယ်။ တရုတ်နိုင်ငံအနေနဲ့ ပထမဆုံးအနေနဲက ပြည်တွင်း စီးပွားရေး တည်ငြိမ်အောင်လုပ်ဖို့ပဲ။ အခု လောလော ဆယ်မှ ပြည်ပဆက်ဆံရေး ရိုက်ခတ်မှုက ထိပ်တန်းဦးစားပေးမဟုတ်ဘူး” ဟုလည်း သူပြောသည်။

Linko
Ref:scmp.com
ဘေကျင်း၊ မေ ၁၅

(  Zawgyi )

 ကိုဗစ္-၁၉ ကမာၻတဝွမ္းကူးစက္ေရာဂါႏွင့္ ၎ကဖန္တီးလိုက္သည့္ စီးပြားဆုတ္ကပ္တို႔ေၾကာင္း ႏွင္ႏိုင္ငံဆက္ဆံေရးသည္ ပိုမိုဖိအားေပးခံေနရခ်ိန္တြင္ အေမရိကန္သမၼတႏွင့္ သူ၏ အစိုးရ ထံမွ ျပင္းထန္ေသာ စကားလုံးမ်ားအတြက္ တ႐ုတ္ႏိုင္ငံအေနျဖင့္ ႀကိဳတင္ျပင္ဆင္ထားသင့္ေၾကာင္း ေလ့လာသူမ်ားေျပာသည္။

ဝါရွင္တန္ႏွင့္ေဘ့ဂ်င္းအၾကား ဇန္နဝါရီလက လက္မွတ္ေရးထိုးခဲ့သည့္ အဆင့္ ၁ ကုန္သြယ္ေရး သေဘာတူညီခ်က္အေပၚ ထရမ့္က သံသယမ်ားေဖၚျပလာၿပီး တ႐ုတ္ႏိုင္ငံႏွင့္ ဆက္ဆံေရး လုံးဝျဖတ္ေတာက္လိုက္လွ်င္ အေမရိကန္ ျပည္ေထာင္စု အတြက္ ေဒၚလာ ဘီလီယံ ၅၀၀ အကုန္ သက္သာေၾကာင္း ထရမ့္ေျပာၾကားၿပီးေနာက္ အထက္ပါ သုံးသပ္ခ်က္ထြက္ေပၚလာျခင္းျဖစ္သည္။

Fox Business News ႏွင့္ ၾကာသပေတးေန႔က ျပဳလုပ္သည့္ ေတြ႕ဆုံေမးျမန္းခန္းတြင္ ထရမ့္က သမၼတရွီႏွင့္သူအၾကား ေကာင္းမြန္ေသာ ပုဂၢလိက ဆက္ဆံေရးကိုပင္ ေအးစက္စက္ ေျပာဆိုလာ သည္။“က်ေနာ္နဲ႔ ရွီအၾကားမွာ အင္မတန္ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိတယ္။ ဒါေပမယ့္ က်ေနာ္ အခုေလာေလာဆယ္ သူနဲ႔ စကားမေျပာခ်င္ဘူး” ဟု ထရမ့္ေျပာသည္။

ရွီႏွင့္ ထရမ့္တို႔သည္ ေဖေဖၚဝါရီလ ၇ ရက္ေန႔က ေနာက္ဆုံး စကားေျပာခဲ့သည္။

ထရမ့္၏ ေျပာဆိုခ်က္မ်ားသည္ တနလၤာေန႔က ႏွစ္ႏိုင္ငံထိပ္တန္း ကုန္သြယ္ေရး ကိုယ္စားလွယ္ မ်ားအၾကား အျပဳသေဘာေဆာင္ေသာ ေဆြးေႏြးမႈမ်ားႏွင့္ ဆန႔္က်င္ေနသည္။

တ႐ုတ္ဒုတိယဝန္ႀကီးခ်ဳပ္ Liu He ၊ အေမရိကန္ ကုန္သြယ္ေရး ကိုယ္စားလွယ္ Robert Lighthizer ႏွင့္ အေမရိကန္ ဘာ႑ာေရး ဝန္ႀကီး Steven Mnuchin တို႔ သုံးပြင့္ဆိုင္ ဖုန္းျဖင့္ ဆက္သြယ္ေဆြးေႏြးရာတြင္ ကမာၻ႔က်န္းမာေရး အက်ပ္အတည္းေၾကာင့္ မေရမရာျဖစ္ေနေသာ အဆင့္ ၁ ကုန္သြယ္ေရးသေဘာတူညီခ်က္အတြက္ လမ္းဖြင့္ေပးေသာ အေျခအေနမ်ား ဖန္တီး ေပးရန္ သေဘာတူခဲ့ၾကသည္။

ထရမ့္၏ ေျပာဆိုခ်က္မ်ားသည္ တင္းမာမႈ ျမင့္မားလာသည့္ လကၡဏာျဖစ္ေၾကာင္း ေဘ့ဂ်င္းမွ Renmin University ႏိုင္ငံတကာေလ့လာေရး ပါေမာကၡ Shi Yinhong ေျပာသည္။

“တနလၤာေန႔က ႏွစ္ႏိုင္ငံကုန္သြယ္ေရးအရာရွိေတြအစည္းအေဝးမွာ ေျပာဆိုခ်က္ေတြအရ ႏွစ္ႏိုင္ငံဆက္ဆံေရး အေျခအေနဆိုး႐ြားေနေပမယ့္ အဆင့္ ၁ ကုန္သြယ္ေရးသေဘာတူညီခ်က္ကို ဆက္လက္ထိန္းသိမ္းမယ့္ သေဘာျဖစ္တယ္။ ဒါေပမယ့္ ကမာၻ႔စီးပြားဆုပ္ကပ္ေၾကာင့္ အေမရိကန္ ကုန္စည္ေတြ တ႐ုတ္ကတင္သြင္းတဲ့ အက်ိဳးေက်းဇူးက ေလွ်ာ့နည္းသြားၿပီ” ဟု သူေျပာသည္။

“ထရမ့္ရဲ႕မွတ္ခ်က္က တ႐ုတ္ႏိုင္ငံအေပၚမုန္းတီးမႈေတြနဲ႔ ႏွစ္ႏိုင္ငံဆက္ဆံေရးအေျခအေန မေကာင္းတာကို ထင္ဟတ္ေနတယ္။ ဝါရွင္တန္က ေတာ့ တ႐ုတ္ကို ဆက္လက္ေဝဖန္ေနဦးမွာပဲ” ဟုလည္း သူေျပာသည္။

တ႐ုတ္ႏိုင္ငံႏွင့္ ဆက္ဆံေရး ျဖတ္ေတာက္ရန္ ထရမ့္၏ ၿခိမ္းေျခာက္မႈသည္ လက္ရွိဆိုး႐ြား ေနၿပီးေသာ တ႐ုတ္-အေမရိကန္ ဆက္ဆံေရးအေပၚ အရိပ္မဲ ထပ္မံထိုးက်ေစေၾကာင္းႏွင့္ ထရမ့္အေပၚ ႀကိဳတင္ခန႔္မွန္းရခက္ေသာ သက္ေသသာဓကပင္ျဖစ္ေၾကာင္း the Chinese

“သူေျပာတဲ့ စကားကို အလြန္အကြၽံမတုံ႔ျပန္ဖို႔လိုတယ္။ ဒါေပမယ့္ စကားထဲက တရားျပလာ ႏိုင္တဲ့အတြက္ အက်ိဳးဆက္အားလုံးအတြက္ ႀကိဳတင္ျပင္ဆင္ထားဖို႔လိုတယ္” ဟုလည္း သူေျပာ သည္။

“ကိုဗစ္-၁၉ နဲ႔ စီးပြားေရးအေပၚ အက်ိဳးဆက္က အရင္ထင္ထားတာထက္ပိုမိုျပင္းထန္ေနတယ္။ တ႐ုတ္ႏိုင္ငံအေနနဲ႔ ပထမဆုံးအေနနဲက ျပည္တြင္း စီးပြားေရး တည္ၿငိမ္ေအာင္လုပ္ဖို႔ပဲ။ အခု ေလာေလာ ဆယ္မွ ျပည္ပဆက္ဆံေရး ႐ိုက္ခတ္မႈက ထိပ္တန္းဦးစားေပးမဟုတ္ဘူး” ဟုလည္း သူေျပာသည္။

Linko
Ref:scmp.com
ေဘက်င္း၊ ေမ ၁၅