ထရမ့်နှင့် ရှီကျင့်ဖိန်တို့ ဆွေးနွေးရန်အလားအလာနည်းပါး

  ထရမ့်နှင့် ရှီကျင့်ဖိန်တို့ ဆွေးနွေးရန်အလားအလာနည်းပါး

နှစ်နိုင်ငံ ကုန်သွယ်ရေး စစ်ပွဲပြီးဆုံးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖိန်တို့အကြား တွေဆုံပွဲအတွက် ပြင်ဆင်မှုများစွာ လုပ်မထားကြောင်း သတင်းရင်းမြစ်များက ပြောကြားပါတယ်။

ဂျပန်နိုင်ငံ အိုဆာကာမြို့၌ ဇွန် ၂၈-၂၉ တွင် ကျင်းပမည့် G 20 ဆွေးနွေးပွဲတွင် ထရမ့်က ရှီကျင့်ဖိန် နှင့် တွေ့ဆုံ ဆွေးနွေးလိုကြောင်းနဲ့ ယင်းတွေ့ဆုံပွဲပြီးမှသာ တရုတ်သွင်းကုန်အားလုံးကို အခွန်တိုးမြှင့်ရေးအတွက် ဆုံးဖြတ်မှာဖြစ်တယ်လို့ ပြောထားပါတယ်။ သို့သော် ယင်းဆွေးနွေးပွဲ ဖြစ်၊မဖြစ်ကို နှစ်ဖက်စလုံးက အတည်ပြုထားခြင်း မရှိသေးသော်လည်း ကုန်သွယ်ရေး စစ်ပွဲကြောင့် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည့် ရင်းနှီးမြှုပ်နှံသူများက အဆိုပါ တွေ့ဆုံပွဲကို စောင့်ဆိုင်း နေကြပါတယ်။

“အခြေအနေက ဆိုးရွားနေပါတယ်” လို့ ပေကျင်းမြို့အခြေစိုက် အနောက်နိုင်ငံသံတမန်တစ်ဦးက လက်ရှိ အမေရိကန်နှင့် တရုတ်ဆက်ဆံရေး အခြေအနေကို ပြောပါတယ်။ယင်းကိစ္စနှင့် နီးစပ်သည့် အမေရိကန်နှင့် တရုတ်အရာရှိများနှင့် သံတမန်များက နှစ်ဖက်မကျေနပ်မှုများကြောင့် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံရန် ပြင်ဆင်မှုများ လုပ်ဆောင်မထားသေးဘူးလို့ ပြောပါတယ်။မေ ၁၀ ရက်နောက်ပိုင်း ဆွေးနွေးမှုများ ရပ်ဆိုင်းလိုက်ပြီးနောက် ကုန်သွယ်မှု ညှိနှိုင်းရေးအဖွဲ့များအကြား တွေ့ဆုံမှုများလည်း ဆက်လက်မလုပ်ဆောင်ခဲ့ပေ။ထရမ့်နှင့် ရှီကျင့်ဖိန် တို့၏ တွေ့ဆုံပွဲအတွက် အိမ်ဖြူတော်အဖွဲ့မှ မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။

“ ဂျပန်မှာ လုပ်မယ့် G 20 ထိပ်သီးတွေ့ဆုံပွဲကတော့ ပြင်ဆင်မှုတွေ ဆက်လုပ်နေပါတယ်။ နှစ်နိုင်ငံ သီးခြား တွေ့ဆုံပွဲအတွက် ထုတ်ပြန်ကြေညာ ဖို့ မရှိသေးပါဘူး” လို့ အိမ်ဖြူတော် နိုင်ငံတော်လုံခြုံရေးကောင်စီ ပြောခွင့်ရ ဂါရက်မာကစ်က ပြောပါတယ်။သမ္မတထရမ့်က တွေ့ဆုံဆွေးနွေး မှု ပြုလုပ်ဖို့ မျှော်လင့်ထားကြောင်းနဲ့ ဆွေးနွေးပွဲ အဆင်မပြေလျှင်ဖြစ်စေ၊ ရှီကျင့်ဖိန်က  ဆွေးနွေးပွဲသို့ မလာရောက်လျှင်ဖြစ်စေ တရုတ် သွင်းကုန် များအပေါ် အခွန်တိုးမြှင့်မှာဖြစ်ကြောင်း ဇွန် ၁၀ ရက်က ခြိမ်းခြောက် ပြောဆိုထားပါတယ်။

Linko
Ref:Reuters
တိုကျို၊ဇွန် ၁၂

(  Zawgyi  )

 ႏွစ္ႏိုင္ငံ ကုန္သြယ္ေရး စစ္ပြဲၿပီးဆုံးရန္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ႏွင့္ တ႐ုတ္သမၼတ ရွီက်င့္ဖိန္တို႔အၾကား ေတြဆုံပြဲအတြက္ ျပင္ဆင္မႈမ်ားစြာ လုပ္မထားေၾကာင္း သတင္းရင္းျမစ္မ်ားက ေျပာၾကားပါတယ္။

ဂ်ပန္ႏိုင္ငံ အိုဆာကာၿမိဳ႕၌ ဇြန္ ၂၈-၂၉ တြင္ က်င္းပမည့္ G 20 ေဆြးေႏြးပြဲတြင္ ထရမ့္က ရွီက်င့္ဖိန္ ႏွင့္ ေတြ႕ဆုံ ေဆြးေႏြးလိုေၾကာင္းနဲ႔ ယင္းေတြ႕ဆုံပြဲၿပီးမွသာ တ႐ုတ္သြင္းကုန္အားလုံးကို အခြန္တိုးျမႇင့္ေရးအတြက္ ဆုံးျဖတ္မွာျဖစ္တယ္လို႔ ေျပာထားပါတယ္။ သို႔ေသာ္ ယင္းေဆြးေႏြးပြဲ ျဖစ္၊မျဖစ္ကို ႏွစ္ဖက္စလုံးက အတည္ျပဳထားျခင္း မရွိေသးေသာ္လည္း ကုန္သြယ္ေရး စစ္ပြဲေၾကာင့္ ဆုံးရႈံးမႈမ်ား ႀကဳံေတြ႕ခဲ့ရသည့္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားက အဆိုပါ ေတြ႕ဆုံပြဲကို ေစာင့္ဆိုင္း ေနၾကပါတယ္။

“အေျခအေနက ဆိုး႐ြားေနပါတယ္” လို႔ ေပက်င္းၿမိဳ႕အေျခစိုက္ အေနာက္ႏိုင္ငံသံတမန္တစ္ဦးက လက္ရွိ အေမရိကန္ႏွင့္ တ႐ုတ္ဆက္ဆံေရး အေျခအေနကို ေျပာပါတယ္။ယင္းကိစၥႏွင့္ နီးစပ္သည့္ အေမရိကန္ႏွင့္ တ႐ုတ္အရာရွိမ်ားႏွင့္ သံတမန္မ်ားက ႏွစ္ဖက္မေက်နပ္မႈမ်ားေၾကာင့္ ေခါင္းေဆာင္ႏွစ္ဦး ေတြ႕ဆုံရန္ ျပင္ဆင္မႈမ်ား လုပ္ေဆာင္မထားေသးဘူးလို႔ ေျပာပါတယ္။ေမ ၁၀ ရက္ေနာက္ပိုင္း ေဆြးေႏြးမႈမ်ား ရပ္ဆိုင္းလိုက္ၿပီးေနာက္ ကုန္သြယ္မႈ ညႇိႏႈိင္းေရးအဖြဲ႕မ်ားအၾကား ေတြ႕ဆုံမႈမ်ားလည္း ဆက္လက္မလုပ္ေဆာင္ခဲ့ေပ။ထရမ့္ႏွင့္ ရွီက်င့္ဖိန္ တို႔၏ ေတြ႕ဆုံပြဲအတြက္ အိမ္ျဖဴေတာ္အဖြဲ႕မွ မွတ္ခ်က္ေပးဖို႔ ျငင္းဆိုထားပါတယ္။

“ ဂ်ပန္မွာ လုပ္မယ့္ G 20 ထိပ္သီးေတြ႕ဆုံပြဲကေတာ့ ျပင္ဆင္မႈေတြ ဆက္လုပ္ေနပါတယ္။ ႏွစ္ႏိုင္ငံ သီးျခား ေတြ႕ဆုံပြဲအတြက္ ထုတ္ျပန္ေၾကညာ ဖို႔ မရွိေသးပါဘူး” လို႔ အိမ္ျဖဴေတာ္ ႏိုင္ငံေတာ္လုံၿခဳံေရးေကာင္စီ ေျပာခြင့္ရ ဂါရက္မာကစ္က ေျပာပါတယ္။သမၼတထရမ့္က ေတြ႕ဆုံေဆြးေႏြး မႈ ျပဳလုပ္ဖို႔ ေမွ်ာ္လင့္ထားေၾကာင္းနဲ႔ ေဆြးေႏြးပြဲ အဆင္မေျပလွ်င္ျဖစ္ေစ၊ ရွီက်င့္ဖိန္က  ေဆြးေႏြးပြဲသို႔ မလာေရာက္လွ်င္ျဖစ္ေစ တ႐ုတ္ သြင္းကုန္ မ်ားအေပၚ အခြန္တိုးျမႇင့္မွာျဖစ္ေၾကာင္း ဇြန္ ၁၀ ရက္က ၿခိမ္းေျခာက္ ေျပာဆိုထားပါတယ္။

Linko
Ref:Reuters
တိုက်ိဳ၊ဇြန္ ၁၂