ထရီပိုလီတောင်ပိုင်း ဘီစကွတ်စက်ရုံ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ခုနစ်ဦး သေဆုံး

ထရီပိုလီတောင်ပိုင်း ဘီစကွတ်စက်ရုံ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်   ခုနစ်ဦး သေဆုံး

လစ်ဗျားနိုင်ငံ ထရီပိုလီ မြို့ တောင်ပိုင်းရှိ စက်ရုံတစ်ရုံကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ လူခု နစ် ဦးသေဆုံးခဲ့ကြောင်း လစ်ဗျား ကျန်းမာရေး  ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ထရီပိုလီ မြို့ တောင်ပိုင်းရှိ ဝါဒီရာဘီ ဘီစကွတ်စက်ရုံကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာမှာ ၇ ဦးသေ ဆုံးခဲ့ပြီး သေဆုံးသူများတွင် လစ်ဗျားနိုင်ငံ သား နှစ်ဦးနှင့် နိုင်ငံခြားသား ၅ ဦးပါဝင်တယ်လို့ လစ်ဗျားကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၅ ဦးဒဏ်ရာရခဲ့ကာ စက်ရုံမှာ ကြီးကြီးမားမားပျက်စီးခဲ့ပြီး ထိခိုက် ဒဏ်ရာရသူတွေကို အနီးနားရှိဆေးရုံကို တင်ပို့ ကုသခဲ့တယ်လို့ဆိုပါတယ်။ကုလကျော ထောက်နောက်ခံ ပေး ထားသည့် လစ်ဗျားအစိုးရက ယခုလေကြောင်းမှ တိုက်ခိုက်မှုကို ဗိုလ်ချုပ်ကြီးခါလီဖာဦးစီးသည့် နိုင်ငံအရှေ့ပိုင်း အခြေစိုက် သူပုန်တပ်ဖွဲလက်ချက်လို့ စွပ်စွဲခဲ့ပါတယ်။

ယခုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အရှေ့ပိုင်းအခြေစိုက်သူပုန်တပ်က တုံပြန်မှတ်ချက်မပေးခဲ့ပါဘူး။ ခါလီဖာဦးဆောင်သည့် အရှေ့ပိုင်းအခြေစိုက် စစ်တပ်က ထရီပိုလီမြို့တော်နှင့်အနီးတစ်ဝိုက်တွင် ကုလသမဂ္ဂ ကျောထောက်နောက်ခံပေးထားသောအစိုးရကိုဖြုတ်ချရန် စစ်ဆင်ရေးဆင်နွဲနေ ပါတယ်။

Linko
Ref:china.org
ထရီပိုလီ၊ နိုဝင်ဘာ ၁၉

(  Zawgyi  )

လစ္ဗ်ားႏိုင္ငံ ထရီပိုလီ ၿမိဳ႕ ေတာင္ပိုင္းရွိ စက္႐ုံတစ္႐ုံကို ေလေၾကာင္းမွ တိုက္ခိုက္ခဲ့ရာ လူခု နစ္ ဦးေသဆုံးခဲ့ေၾကာင္း လစ္ဗ်ား က်န္းမာေရး  ဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့ပါတယ္။

ထရီပိုလီ ၿမိဳ႕ ေတာင္ပိုင္းရွိ ဝါဒီရာဘီ ဘီစကြတ္စက္႐ုံကို ေလေၾကာင္းမွ တိုက္ခိုက္ခဲ့ရာမွာ ၇ ဦးေသ ဆုံးခဲ့ၿပီး ေသဆုံးသူမ်ားတြင္ လစ္ဗ်ားႏိုင္ငံ သား ႏွစ္ဦးႏွင့္ ႏိုင္ငံျခားသား ၅ ဦးပါဝင္တယ္လို႔ လစ္ဗ်ားက်န္းမာေရး ဝန္ႀကီးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။

ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ၁၅ ဦးဒဏ္ရာရခဲ့ကာ စက္႐ုံမွာ ႀကီးႀကီးမားမားပ်က္စီးခဲ့ၿပီး ထိခိုက္ ဒဏ္ရာရသူေတြကို အနီးနားရွိေဆး႐ုံကို တင္ပို႔ ကုသခဲ့တယ္လို႔ဆိုပါတယ္။ကုလေက်ာ ေထာက္ေနာက္ခံ ေပး ထားသည့္ လစ္ဗ်ားအစိုးရက ယခုေလေၾကာင္းမွ တိုက္ခိုက္မႈကို ဗိုလ္ခ်ဳပ္ႀကီးခါလီဖာဦးစီးသည့္ ႏိုင္ငံအေရွ႕ပိုင္း အေျခစိုက္ သူပုန္တပ္ဖြဲလက္ခ်က္လို႔ စြပ္စြဲခဲ့ပါတယ္။

ယခုတိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး အေရွ႕ပိုင္းအေျခစိုက္သူပုန္တပ္က တုံျပန္မွတ္ခ်က္မေပးခဲ့ပါဘူး။ ခါလီဖာဦးေဆာင္သည့္ အေရွ႕ပိုင္းအေျခစိုက္ စစ္တပ္က ထရီပိုလီၿမိဳ႕ေတာ္ႏွင့္အနီးတစ္ဝိုက္တြင္ ကုလသမဂၢ ေက်ာေထာက္ေနာက္ခံေပးထားေသာအစိုးရကိုျဖဳတ္ခ်ရန္ စစ္ဆင္ေရးဆင္ႏြဲေန ပါတယ္။

Linko
Ref:china.org
ထရီပိုလီ၊ ႏိုဝင္ဘာ ၁၉