ထောင်မှ လွတ်လာသည့် ဘရာဇီးသမ္မတဟောင်းက လက်ရှိသမ္မတအား တိုင်းပြည်အခြေအနေပေါ် ပြစ်တင်

ထောင်မှ လွတ်လာသည့် ဘရာဇီးသမ္မတဟောင်းက လက်ရှိသမ္မတအား တိုင်းပြည်အခြေအနေပေါ် ပြစ်တင်

ဘရာဇီးနိုင်ငံတွင် အလုပ်အကိုင်အခြေအနေ ဆိုးရွားနေမှုအပေါ် သမ္မတဟောင်း လူဝစ်ဇ်အင် နာဆီယိုလူလာဒါဆေးဗားက နိုဝင်ဘာ ၈ ရက်တွင် ထောင်မှ လွတ်မြောက် လာပြီး နောက်တစ်နေ့မှာ လက်ရှိသမ္မတ ဂျေယာဘော်ဆိုနာရိုအား ပြစ်တင် ဝေဖန်လိုက်သလို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ တွင် လက်ဝဲယိမ်းများနှင့် ပူးပေါင်းသွားမည်ဟု ပြောကြားလိုက်ပါတယ်။

လူလာက သူ့အား ထောက်ခံသူများကို ပြောကြားခဲ့သည့် ၄၅ မိနစ်ကြာ မိန့်ခွန်းတွင် သမ္မတဘော်ဆိုနာရို အား ဝေဖန်တိုက်ခိုက်မှုများ အဓိက လုပ်ဆောင်ခဲ့သလို  အလုပ်သမား လူတန်းစား များအကြား စီးပွားရေး အခြေအနေ တိုးတက်ရေးအတွက်လည်း ပြောဆိုခဲ့ပါတယ်။ ထို့ပြင် ၎င်းနှင့် စေ့စပ်ထားသူ အမျိုးသမီးအကြောင်း၊ ဘိုလီးဗီးယားနှင့် ဗင်နီဇွဲလား နိုင်ငံတို့ရှိ လက်ဝဲယိမ်း အစိုးရ များနှင့် လည်း ဆက်ဆံရေး ကောင်းမွန်အောင် ထူ ထောင်သွားမည်ဟုလည်း ၎င်းက ပြောပါတယ်။
ဘရာဇီးနိုင်ငံသမ္မတအဖြစ် ၂၀၀၃ မှ ၂၀၁၀ ခုနှစ်အထိ ထမ်းဆောင်ခဲ့သူ လူလာက ၎င်း၏ နိုင်ငံရေး ရန်ဘက်များ ကိုလည်း ထည့်သွင်းပြောကြားသွားရာမှာ သမ္မတဘော်ဆိုနာရို၊ စီးပွားရေးဝန်ကြီး ပေါ်လိုဂူဒက်စ်နှင့် လူလာအား စီရင်ချက်ချခဲ့ပြီး တရားသူကြီးရာထူးမှ  တရားရေးဝန်ကြီး ဖြစ်လာသူ  ဆာဂိုမော်ရိုတို့ပါဝင်ခဲ့ပါတယ်။

“ကျုပ်ပြန်လာပြီလို့ သူတို့ကို ပြောချင်ပါတယ်” ဟု အသက် ၇၄ နှစ်အရွယ် လူလာက ၎င်း၏ အလုပ် သမား ပါတီအရောင်ဖြစ်သည့် အနီရောင်ဝတ်ဆင်ထားသော ထောက်ခံသူရာပေါင်းများစွာအား ၎င်းနိုင်ငံ ရေးစတင်လုပ်ဆောင်ခဲ့သည့် သတ္ထုအလုပ်သမားများ သမဂ္ဂရုံးရှေ့ စုဝေးပွဲမှာ ပြောကြား ခဲ့ပါတယ်။

ဘဏ္ဍာရေးအရ ရှေးရိုးစွဲဆန်သည့် ချီလီနိုင်ငံ၏ ပုံစံမျိုးကို လက်ရှိစီးပွားရေးဝန်ကြီးဂူဒက်စ်က လုပ်ဆောင်နေ သော်လည်း ယင်းမူဝါဒများက ယင်းနိုင်ငံကို အင်အားချိနဲ့သွားစေသည့် လမ်းပေါ် ထွက် ဆန္ဒပြမှုများပေါ်ပေါက် လာစေခဲ့ကြောင်း လူလာက ပြောပါတယ်။

ပထမ အယူခံ မှု ရှုံးနိမ့်ပြီးနောက် ပြစ်ဒဏ်ကျခံနေရသူများ လွတ်မြောက်စေမည့် အမိန့်တစ်ရပ်ကို ဘရာဇီး တရားရုံးချုပ်က  ထုတ်ပြန်ခဲ့ပြီးနောက်တစ်နေ့တွင် လူလာလွတ်မြောက်ကြောင်း တရားသူကြီးတစ်ဦးက နိုဝင်ဘာ ၉ ရက်မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ သမ္မတဟောင်း လူလာ သည် အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ် ၉ နှစ် နီးပါးခန့် ချမှတ်ခံခဲ့ရခြင်း ဖြစ်ပါတယ်။

ပြည်သူများအတွက် အသုံးစရိတ်ကို တင်းတင်းကြပ်ကြပ် လျော့ချမည့် အချက်ပါဝင်သည့် အစိုးရ၏ အစီအစဉ်ကို ဝန်းရံကြရန် တိုက်တွန်းထားသော တွစ်တာကို သမ္မတဘော်ဆိုနာရိုက ရေးသားခဲ့ပါ တယ်။ ဘရာဇီး ပြန်လည်ဦးမော့ရေး နောက်ထပ်တစ်ဆင့်မှ သွေဖည်မသွားကြရန်လည်း ၎င်းက ပြည်သူများကို တိုက်တွန်း ခဲ့ပါတယ်။

Linko
Rrf:Reuters
ရီယိုဒီဂျနေရိုး၊နိုဝင်ဘာ ၁၀

(  Zawgyi  )

 ဘရာဇီးႏိုင္ငံတြင္ အလုပ္အကိုင္အေျခအေန ဆိုး႐ြားေနမႈအေပၚ သမၼတေဟာင္း လူဝစ္ဇ္အင္ နာဆီယိုလူလာဒါေဆးဗားက ႏိုဝင္ဘာ ၈ ရက္တြင္ ေထာင္မွ လြတ္ေျမာက္ လာၿပီး ေနာက္တစ္ေန႔မွာ လက္ရွိသမၼတ ေဂ်ယာေဘာ္ဆိုနာ႐ိုအား ျပစ္တင္ ေဝဖန္လိုက္သလို ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲ တြင္ လက္ဝဲယိမ္းမ်ားႏွင့္ ပူးေပါင္းသြားမည္ဟု ေျပာၾကားလိုက္ပါတယ္။

လူလာက သူ႔အား ေထာက္ခံသူမ်ားကို ေျပာၾကားခဲ့သည့္ ၄၅ မိနစ္ၾကာ မိန႔္ခြန္းတြင္ သမၼတေဘာ္ဆိုနာ႐ို အား ေဝဖန္တိုက္ခိုက္မႈမ်ား အဓိက လုပ္ေဆာင္ခဲ့သလို  အလုပ္သမား လူတန္းစား မ်ားအၾကား စီးပြားေရး အေျခအေန တိုးတက္ေရးအတြက္လည္း ေျပာဆိုခဲ့ပါတယ္။ ထို႔ျပင္ ၎ႏွင့္ ေစ့စပ္ထားသူ အမ်ိဳးသမီးအေၾကာင္း၊ ဘိုလီးဗီးယားႏွင့္ ဗင္နီဇြဲလား ႏိုင္ငံတို႔ရွိ လက္ဝဲယိမ္း အစိုးရ မ်ားႏွင့္ လည္း ဆက္ဆံေရး ေကာင္းမြန္ေအာင္ ထူ ေထာင္သြားမည္ဟုလည္း ၎က ေျပာပါတယ္။
ဘရာဇီးႏိုင္ငံသမၼတအျဖစ္ ၂၀၀၃ မွ ၂၀၁၀ ခုႏွစ္အထိ ထမ္းေဆာင္ခဲ့သူ လူလာက ၎၏ ႏိုင္ငံေရး ရန္ဘက္မ်ား ကိုလည္း ထည့္သြင္းေျပာၾကားသြားရာမွာ သမၼတေဘာ္ဆိုနာ႐ို၊ စီးပြားေရးဝန္ႀကီး ေပၚလိုဂူဒက္စ္ႏွင့္ လူလာအား စီရင္ခ်က္ခ်ခဲ့ၿပီး တရားသူႀကီးရာထူးမွ  တရားေရးဝန္ႀကီး ျဖစ္လာသူ  ဆာဂိုေမာ္႐ိုတို႔ပါဝင္ခဲ့ပါတယ္။

“က်ဳပ္ျပန္လာၿပီလို႔ သူတို႔ကို ေျပာခ်င္ပါတယ္” ဟု အသက္ ၇၄ ႏွစ္အ႐ြယ္ လူလာက ၎၏ အလုပ္ သမား ပါတီအေရာင္ျဖစ္သည့္ အနီေရာင္ဝတ္ဆင္ထားေသာ ေထာက္ခံသူရာေပါင္းမ်ားစြာအား ၎ႏိုင္ငံ ေရးစတင္လုပ္ေဆာင္ခဲ့သည့္ သတၳဳအလုပ္သမားမ်ား သမဂၢ႐ုံးေရွ႕ စုေဝးပြဲမွာ ေျပာၾကား ခဲ့ပါတယ္။

ဘ႑ာေရးအရ ေရွး႐ိုးစြဲဆန္သည့္ ခ်ီလီႏိုင္ငံ၏ ပုံစံမ်ိဳးကို လက္ရွိစီးပြားေရးဝန္ႀကီးဂူဒက္စ္က လုပ္ေဆာင္ေန ေသာ္လည္း ယင္းမူဝါဒမ်ားက ယင္းႏိုင္ငံကို အင္အားခ်ိနဲ႔သြားေစသည့္ လမ္းေပၚ ထြက္ ဆႏၵျပမႈမ်ားေပၚေပါက္ လာေစခဲ့ေၾကာင္း လူလာက ေျပာပါတယ္။

ပထမ အယူခံ မႈ ရႈံးနိမ့္ၿပီးေနာက္ ျပစ္ဒဏ္က်ခံေနရသူမ်ား လြတ္ေျမာက္ေစမည့္ အမိန႔္တစ္ရပ္ကို ဘရာဇီး တရား႐ုံးခ်ဳပ္က  ထုတ္ျပန္ခဲ့ၿပီးေနာက္တစ္ေန႔တြင္ လူလာလြတ္ေျမာက္ေၾကာင္း တရားသူႀကီးတစ္ဦးက ႏိုဝင္ဘာ ၉ ရက္မွာ အမိန႔္ထုတ္ျပန္လိုက္ပါတယ္။ သမၼတေဟာင္း လူလာ သည္ အက်င့္ပ်က္ျခစားမႈျဖင့္ ေထာင္ဒဏ္ ၉ ႏွစ္ နီးပါးခန႔္ ခ်မွတ္ခံခဲ့ရျခင္း ျဖစ္ပါတယ္။

ျပည္သူမ်ားအတြက္ အသုံးစရိတ္ကို တင္းတင္းၾကပ္ၾကပ္ ေလ်ာ့ခ်မည့္ အခ်က္ပါဝင္သည့္ အစိုးရ၏ အစီအစဥ္ကို ဝန္းရံၾကရန္ တိုက္တြန္းထားေသာ တြစ္တာကို သမၼတေဘာ္ဆိုနာ႐ိုက ေရးသားခဲ့ပါ တယ္။ ဘရာဇီး ျပန္လည္ဦးေမာ့ေရး ေနာက္ထပ္တစ္ဆင့္မွ ေသြဖည္မသြားၾကရန္လည္း ၎က ျပည္သူမ်ားကို တိုက္တြန္း ခဲ့ပါတယ္။

Linko
Rrf:Reuters
ရီယိုဒီဂ်ေန႐ိုး၊ႏိုဝင္ဘာ ၁၀