ဒါဇီလေဆိပ်သစ်သို့ ဗြိတိသျှလေကြောင်းလိုင်း ရွှေ့ပြောင်းမှုက ကမ္ဘာ့လေကြောင်းဈေးကွက်မှာ အမေရိကန်ကို တရုတ်က စိန်ခေါ်လာ

  ဒါဇီလေဆိပ်သစ်သို့ ဗြိတိသျှလေကြောင်းလိုင်း ရွှေ့ပြောင်းမှုက ကမ္ဘာ့လေကြောင်းဈေးကွက်မှာ အမေရိကန်ကို တရုတ်က စိန်ခေါ်လာ

မကြာခင်မှာ ဘေကျင်းမှာ ဖွင်လှစ်တော့မယ့် ဒါဇီလေဆိပ်သစ်ကို ပြောင်းရွေ့ဖို့ ဗြိတိသျှလေကြောင်းလိုင်းက စိတ်ဝင်စားနေခဲ့တဲ့အတွက် အမေရိကန်ကြီးစိုးထားတဲ့ ကမ္ဘာလေကြောင်းဈေးကွက်ကို ရယူဖို့ ကမ္ဘာဒုတိယ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ တရုတ်က နီးစပ် လာပြီဖြစ်ပါတယ်။

တရုတ်ပြည်မြို့တော် မှာရှိတဲ့ ဘေကျင်းနိုင်ငံတကာလေဆိပ်မှာ ခရီးသည်တွေအလွန်အမင်းများပြားလာတဲ့အပြင် ဖုန်နှင့် မီးခိုးအပါအဝင် လေထုညစ်ညမ်းမှု ပြဿနာတွေကြောင့် ဟူဘေပြည်နယ်ထဲဖြစ်တဲ့ ဘေကျင်းနဲ့ လောင်ဖန်းအစပ်မှာ ၂၀၁၄ခုနှစ်က စတင်တည်ဆောက်ခဲ့တာပါ။  ၅ နှစ်အကြာဒီလေဆိပ်သစ်တည်ဆောက်မှုမှာ ကန်ဒေါ်လာ ၁၁ ဒသမ ၆ ဘီလျံ ကုန်ကျခဲ့ပြီး လေဆိပ်သစ်ကို လာမယ့် စက်တင်ဘာ ၃၀ ရက်မှာ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ တရုတ်အာဏာပိုင်တွေအနေနဲ့ လေဆိပ်သစ် ဒါဇီကို လာမယ့် ၅ နှစ်ကာလဖြစ်တဲ့  ၂၀၂၅ခုနှစ်မှာ ခရီးသည် ၇၂သန်း အထိကိုင်တွယ်ဝန်ဆောင်မှုပေးနိုင်ဖို့ နဲ့ ၂၀၄၀မှာ ခရီးသည်သန်း ၁၀၀ အထိ ဝန်ဆောင်မှုပေးနိုင်ဖို့ထိ ရည်မှန်းထားပါတယ်။

သဘောတူညီမှုစာချုပ်သစ်အရ ဗြိတိန်လေကြာင်းလိုင်းဟာ Daxingလေဆိပ်မှာပါဝင်တဲ့ ပထမဆုံး နိုင်ငံတကာ လေကြောင်းလိုင်း ထဲကတစ်ခု ဖြစ်လာတော့မှာပါ။ တရုတ်အစိုးရက နိုင်ငံတစ်ဝန်းမှာ လေဆိပ်သစ် ဆောက် လုပ်ရေးစီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က နိုင်ငံတကာလေကြောင်း ပို့ဆောင် ရေးအဖွဲ့က တရုတ်နိုင်ငံရဲ့လေကြောင်းပို့ဆောင်ရေးဈေးကွက်ဟာ အမေရိကန်ကို ကျော်တက်နိုင်တဲ့ စွမ်းအားတွေရှိနေတယ်လို့ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း အဲဒီစီမံကိန်းစတင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါလေဆိပ်သစ်ကို ပိုလန်လေကြောင်းလိုင်းနဲ့ ဖင်လန် Finnairလေကြောင်း လိုင်းတို့ ပြောင်းရွှေ့လာမှာဖြစ်ပြီး ဗြိတိသျှလေကြောင်း လိုင်း ကလည်း စက်တင်ဘာ ၃၀ရက် လေဆိပ်ဖွင့်ပွဲမတိုင်ခင် ပြောင်းရွေဖို့ ဇူလိုင် ၁၀ ရက်က CNNကို အတည်ပြုပြောကြားခဲ့ပါတယ်။

Linko
Ref: businesstimes.cn
ဘေကျင်း၊ဇူလိုင် ၁၁

(  Zawgyi  )

 မၾကာခင္မွာ ေဘက်င္းမွာ ဖြင္လွစ္ေတာ့မယ့္ ဒါဇီေလဆိပ္သစ္ကုိ ေျပာင္းေရြ႕ဖုိ႔ ၿဗိတိသွ်ေလေၾကာင္းလိုင္းက စိတ္၀င္စားေနခဲ့တဲ့အတြက္ အေမရိကန္ႀကီးစုိးထားတဲ့ ကမာၻေလေၾကာင္းေစ်းကြက္ကုိ ရယူဖုိ႔ ကမာၻဒုတိယ စီးပြားေရးအင္အားအႀကီးဆုံးႏုိင္ငံျဖစ္တဲ့ တရုတ္က နီးစပ္ လာၿပီျဖစ္ပါတယ္။

တရုတ္ျပည္ၿမိဳ႕ေတာ္ မွာရွိတဲ့ ေဘက်င္းႏိုင္ငံတကာေလဆိပ္မွာ ခရီးသည္ေတြအလြန္အမင္းမ်ားျပားလာတဲ့အျပင္ ဖုန္ႏွင့္ မီးခုိးအပါအ၀င္ ေလထုညစ္ညမ္းမႈ ျပႆနာေတြေၾကာင့္ ဟူေဘျပည္နယ္ထဲျဖစ္တဲ့ ေဘက်င္းနဲ႔ ေလာင္ဖန္းအစပ္မွာ ၂၀၁၄ခုႏွစ္က စတင္တည္ေဆာက္ခဲ့တာပါ။  ၅ ႏွစ္အၾကာဒီေလဆိပ္သစ္တည္ေဆာက္မႈမွာ ကန္ေဒၚလာ ၁၁ ဒသမ ၆ ဘီလ်ံ ကုန္က်ခဲ့ၿပီး ေလဆိပ္သစ္ကုိ လာမယ့္ စက္တင္ဘာ ၃၀ ရက္မွာ ဖြင့္လွစ္ေတာ့မွာ ျဖစ္ပါတယ္။ တရုတ္အာဏာပုိင္ေတြအေနနဲ႔ ေလဆိပ္သစ္ ဒါဇီကုိ လာမယ့္ ၅ ႏွစ္ကာလျဖစ္တဲ့  ၂၀၂၅ခုႏွစ္မွာ ခရီးသည္ ၇၂သန္း အထိကိုင္တြယ္၀န္ေဆာင္မႈေပးႏိုင္ဖုိ႔ နဲ႔ ၂၀၄၀မွာ ခရီးသည္သန္း ၁၀၀ အထိ ၀န္ေဆာင္မႈေပးႏိုင္ဖို႔ထိ ရည္မွန္းထားပါတယ္။

သေဘာတူညီမႈစာခ်ဳပ္သစ္အရ ၿဗိတိန္ေလၾကာင္းလိုင္းဟာ Daxingေလဆိပ္မွာပါ၀င္တဲ့ ပထမဆံုး ႏိုင္ငံတကာ ေလေၾကာင္းလိုင္း ထဲကတစ္ခု ျဖစ္လာေတာ့မွာပါ။ တ႐ုတ္အစိုးရက ႏိုင္ငံတစ္၀န္းမွာ ေလဆိပ္သစ္ ေဆာက္ လုပ္ေရးစီမံကိန္းကို အေကာင္အထည္ေဖာ္လ်က္ရိွပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ႏိုင္ငံတကာေလေၾကာင္း ပို႔ေဆာင္ ေရးအဖြဲ႔က တ႐ုတ္ႏိုင္ငံ ရဲ႕ေလေၾကာင္းပို႔ေဆာင္ေရးေစ်းကြက္ဟာ အေမရိကန္ကို ေက်ာ္တက္ႏိုင္တဲ့ စြမ္းအားေတြရိွေနတယ္လို႔ ထုတ္ျပန္ခဲ့ၿပီးေနာက္ပိုင္း အဲဒီစီမံကိန္းစတင္ခဲ့တာျဖစ္ပါတယ္။

အဆုိပါေလဆိပ္သစ္ကုိ ပိုလန္ေလေၾကာင္းလိုင္းနဲ႔ ဖင္လန္ Finnairေလေၾကာင္း လိုင္းတို႔ ေျပာင္းေရႊ႕လာမွာျဖစ္ၿပီး ၿဗိတိသွ်ေလေၾကာင္း လုိင္း ကလည္း စက္တင္ဘာ ၃၀ရက္ ေလဆိပ္ဖြင့္ပြဲမတိုင္ခင္ ေျပာင္းေရြဖုိ႔ ဇူလုိင္ ၁၀ ရက္က CNNကုိ အတည္ျပဳေျပာၾကားခဲ့ပါတယ္။

Linko
Ref: businesstimes.cn
ေဘက်င္း၊ဇူလုိင္ ၁၁