ဒီဇင်ဘာလအတွင်း လွှတ်တော်ခေါ်ရန် ဝန်ကြီးချုပ်ဂျွန်ဆင်၏ တောင်းဆိုမှုကို ပါလီမန် ပယ်ချ

ဒီဇင်ဘာလအတွင်း လွှတ်တော်ခေါ်ရန် ဝန်ကြီးချုပ်ဂျွန်ဆင်၏ တောင်းဆိုမှုကို ပါလီမန် ပယ်ချ

ဒီဇင်ဘာအတွင်း ရွေးကောက်ပွဲကြိုတင် ကျင်းပရန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ တောင်းဆိုမှုကို ဗြိတိန်ပါလီ မန်က အောက်တိုဘာ ၂၈ ရက်တွင် ပယ်ချလိုက်သဖြင့် ၎င်းအတွက် ထိုးနှက်မှုတစ်ရပ် ထပ်မံဖြစ်လာခဲ့ပါတယ်။ဝန်ကြီးချုပ်၏ အဆိုအား ထောက်ခံသူ ၂၉၉ ဦး၊ ကန့်ကွက်သူ ၇၀ နှင့် ဆန္ဒမဲ မပေးသူ အများအပြားရှိခဲ့သော ကြောင့် အဆိုကို အတည်ပြုရန် အရေအတွက် ၃ပုံ ၂ ပုံ မရှိခဲ့ပေ။
ရလဒ်ကို ကြေညာပြီးမကြာမီ ဂျွန်ဆင်က ဒီဇင်ဘာ ၁၂ရက်တွင် ရွေးကောက်ပွဲတစ်ရပ်ကျင်းပရန် ကာလတို ဥပဒေကြမ်းတစ်ခုကို ထုတ်ပြန်သွားမည်ဟု ပြောကြားခဲ့ပါတယ်။

ကာလရှည် ပါလီမန်အက်ဥပဒေအတွက် အမတ် ၃ ပုံ ၂ ပုံက ထောက်ခံရန် လိုသော်လည်း ကာလတို ဥပဒေကြမ်းအတွက် မဲအနည်းအများဖြင့် သာ ဆုံးဖြတ်သွားမှာ ဖြစ်သလို လက်ရှိရွေးကောက်ပွဲ ဥပဒေကိုလည်း ထိရောက်စွာ ကျော်လွှားသွားနိုင်မှာ ဖြစ်ပါတယ်။ သို့သော် ယင်းနည်း လမ်းဖြင့် ချည်းကပ်ရာတွင် ကြုံတွေ့ရမည့် အချက် ၂ ချက်မှာ  ဂျွန်ဆင်အနေဖြင့် စက်တင်ဘာ အစောပိုင်းက ၎င်းအား ကန့်ကွက်မဲပေးခဲ့သည့် လွှတ်တော်အမတ် ၂၂ ဦးကို ဖယ်ရှားခဲ့ပြီးနောက် အောက်လွှတ်တော်တွင် ၎င်းက ပါတီမှ လူအများစု ရှိမနေသလို အခြားအမတ်များကလည်း နုတ်ထွက်သွားကြပါတယ်။

နောက်ထပ် ပြဿနာတစ်ရပ်မှာ အခြားပါလီမန်များ၏ ဥပဒေပြုကိစ္စရပ်ကဲ့သို့ပင် အားနည်းချက်ရှိသည့် ဥပဒေကြမ်းတွင် ပြင်ဆင်မှုများကို လုပ်ဆောင်နိုင်ခြင်းဖြစ်ပါတယ်။ အတိုက်အခံများအနေဖြင့် ၎င်း၏ ကွန်ဆာဗေးတစ်ပါတီမှ သဘောထားကွဲလွဲသူများနှင့် ပူးပေါင်းကာ အဆိုပါဥပဒေကြမ်းကို ပြုပြင်ပြောင်းလဲပါက ဂျွန်ဆင်အနေဖြင့် ထိခိုက်မှုများ ရှိလာနိုင်ပါတယ်။ လစ်ဘရယ်ဒီမိုကရက်များနှင့် SNP များက မဲပေးနိုင်သည့် အရွယ်အား အသက် ၁၆ နှစ်အထိ လျှော့ချသတ်မှတ်ရန် တောင်းဆိုထားရာ ပြင်ဆင်မှုတစ်ခုကို ပြုလုပ်ပြီး တွန်း အားပေး ဆောင်ရွက်မှုတစ်ရပ် ဖြစ်လာနိုင်ပါတယ်။

လစ်ဘရယ်ဒီမိုကရက်များကလည်း ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပနိုင်ရေးအတွက် အခြားဥပဒေ ကြမ်းတစ်ရပ်ကို အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်ရန် စီစဉ်ထားကြောင်း  ကြေညာထားပါတယ်။ ၎င်းတို့ အနေဖြင့် ရွေးကောက်ပွဲကို ဒီဇင်ဘာ ၉ ရက်တွင် ကျင်းပရန် လိုလားလျက် ရှိပါတယ်။

ယင်းရက်တွင် မဲပေးခွင့်ရှိသူ ကျောင်းသားများအနေဖြင့် နေရပ်သို့ ကျောင်းပိတ်ရန် ပြန်ရောက် မည်ဖြစ်သောကြောင့်  ဒီဇင်ဘာ ၁၂ ရက်တွင် ရွေးကောက်ပွဲ ကျင်းပရေး ဂျွန်ဆင်၏ တောင်းဆိုမှုကို အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ ကျောင်းသားများနှင့် လူငယ်မဲဆန္ဒရှင်များသည် ပါတီအတွက် မဲရရှိမည့် အဓိကအင်အား ဖြစ်ပြီး ကျောင်းတက်စဉ်ကာလအတွင်း ပေးထားသည့် လိပ်စာရှိသည့် နယ်မြေတွင် မဲပေးရခြင်း ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၂ ရက် ရွေးကောက်ပွဲ ကျင်းပရေးသည် ဥရောပသမဂ္ဂမှ ခွဲထွက်ရေး ၎င်း၏ အစီအစဉ်တစ်ရပ် ဖြစ်ကြောင်း ဂျွန်ဆင်က ပြောကြားခဲ့ပြီး ယင်းရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရန် နိုဝင်ဘာ ၆ ရက်နောက်ပိုင်း လွှတ်တော်ကို ဖျက်သိမ်းမှာ ဖြစ်ပါတယ်။

Linko
စီအင်န်အင်န်၊အောက်တိုဘာ ၂၉

(  Zawgyi  )

 ဒီဇင္ဘာအတြင္း ေ႐ြးေကာက္ပြဲႀကိဳတင္ က်င္းပရန္ ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္၏ ေတာင္းဆိုမႈကို ၿဗိတိန္ပါလီ မန္က ေအာက္တိုဘာ ၂၈ ရက္တြင္ ပယ္ခ်လိုက္သျဖင့္ ၎အတြက္ ထိုးႏွက္မႈတစ္ရပ္ ထပ္မံျဖစ္လာခဲ့ပါတယ္။ဝန္ႀကီးခ်ဳပ္၏ အဆိုအား ေထာက္ခံသူ ၂၉၉ ဦး၊ ကန႔္ကြက္သူ ၇၀ ႏွင့္ ဆႏၵမဲ မေပးသူ အမ်ားအျပားရွိခဲ့ေသာ ေၾကာင့္ အဆိုကို အတည္ျပဳရန္ အေရအတြက္ ၃ပုံ ၂ ပုံ မရွိခဲ့ေပ။
ရလဒ္ကို ေၾကညာၿပီးမၾကာမီ ဂြၽန္ဆင္က ဒီဇင္ဘာ ၁၂ရက္တြင္ ေ႐ြးေကာက္ပြဲတစ္ရပ္က်င္းပရန္ ကာလတို ဥပေဒၾကမ္းတစ္ခုကို ထုတ္ျပန္သြားမည္ဟု ေျပာၾကားခဲ့ပါတယ္။

ကာလရွည္ ပါလီမန္အက္ဥပေဒအတြက္ အမတ္ ၃ ပုံ ၂ ပုံက ေထာက္ခံရန္ လိုေသာ္လည္း ကာလတို ဥပေဒၾကမ္းအတြက္ မဲအနည္းအမ်ားျဖင့္ သာ ဆုံးျဖတ္သြားမွာ ျဖစ္သလို လက္ရွိေ႐ြးေကာက္ပြဲ ဥပေဒကိုလည္း ထိေရာက္စြာ ေက်ာ္လႊားသြားႏိုင္မွာ ျဖစ္ပါတယ္။ သို႔ေသာ္ ယင္းနည္း လမ္းျဖင့္ ခ်ည္းကပ္ရာတြင္ ႀကဳံေတြ႕ရမည့္ အခ်က္ ၂ ခ်က္မွာ  ဂြၽန္ဆင္အေနျဖင့္ စက္တင္ဘာ အေစာပိုင္းက ၎အား ကန႔္ကြက္မဲေပးခဲ့သည့္ လႊတ္ေတာ္အမတ္ ၂၂ ဦးကို ဖယ္ရွားခဲ့ၿပီးေနာက္ ေအာက္လႊတ္ေတာ္တြင္ ၎က ပါတီမွ လူအမ်ားစု ရွိမေနသလို အျခားအမတ္မ်ားကလည္း ႏုတ္ထြက္သြားၾကပါတယ္။

ေနာက္ထပ္ ျပႆနာတစ္ရပ္မွာ အျခားပါလီမန္မ်ား၏ ဥပေဒျပဳကိစၥရပ္ကဲ့သို႔ပင္ အားနည္းခ်က္ရွိသည့္ ဥပေဒၾကမ္းတြင္ ျပင္ဆင္မႈမ်ားကို လုပ္ေဆာင္ႏိုင္ျခင္းျဖစ္ပါတယ္။ အတိုက္အခံမ်ားအေနျဖင့္ ၎၏ ကြန္ဆာေဗးတစ္ပါတီမွ သေဘာထားကြဲလြဲသူမ်ားႏွင့္ ပူးေပါင္းကာ အဆိုပါဥပေဒၾကမ္းကို ျပဳျပင္ေျပာင္းလဲပါက ဂြၽန္ဆင္အေနျဖင့္ ထိခိုက္မႈမ်ား ရွိလာႏိုင္ပါတယ္။ လစ္ဘရယ္ဒီမိုကရက္မ်ားႏွင့္ SNP မ်ားက မဲေပးႏိုင္သည့္ အ႐ြယ္အား အသက္ ၁၆ ႏွစ္အထိ ေလွ်ာ့ခ်သတ္မွတ္ရန္ ေတာင္းဆိုထားရာ ျပင္ဆင္မႈတစ္ခုကို ျပဳလုပ္ၿပီး တြန္း အားေပး ေဆာင္႐ြက္မႈတစ္ရပ္ ျဖစ္လာႏိုင္ပါတယ္။

လစ္ဘရယ္ဒီမိုကရက္မ်ားကလည္း ေ႐ြးေကာက္ပြဲတစ္ရပ္ကို က်င္းပႏိုင္ေရးအတြက္ အျခားဥပေဒ ၾကမ္းတစ္ရပ္ကို ေအာက္တိုဘာ ၂၉ ရက္တြင္ ထုတ္ျပန္ရန္ စီစဥ္ထားေၾကာင္း  ေၾကညာထားပါတယ္။ ၎တို႔ အေနျဖင့္ ေ႐ြးေကာက္ပြဲကို ဒီဇင္ဘာ ၉ ရက္တြင္ က်င္းပရန္ လိုလားလ်က္ ရွိပါတယ္။

ယင္းရက္တြင္ မဲေပးခြင့္ရွိသူ ေက်ာင္းသားမ်ားအေနျဖင့္ ေနရပ္သို႔ ေက်ာင္းပိတ္ရန္ ျပန္ေရာက္ မည္ျဖစ္ေသာေၾကာင့္  ဒီဇင္ဘာ ၁၂ ရက္တြင္ ေ႐ြးေကာက္ပြဲ က်င္းပေရး ဂြၽန္ဆင္၏ ေတာင္းဆိုမႈကို အခက္အခဲ ျဖစ္ေစႏိုင္ပါတယ္။ ေက်ာင္းသားမ်ားႏွင့္ လူငယ္မဲဆႏၵရွင္မ်ားသည္ ပါတီအတြက္ မဲရရွိမည့္ အဓိကအင္အား ျဖစ္ၿပီး ေက်ာင္းတက္စဥ္ကာလအတြင္း ေပးထားသည့္ လိပ္စာရွိသည့္ နယ္ေျမတြင္ မဲေပးရျခင္း ျဖစ္ပါတယ္။

ဒီဇင္ဘာ ၁၂ ရက္ ေ႐ြးေကာက္ပြဲ က်င္းပေရးသည္ ဥေရာပသမဂၢမွ ခြဲထြက္ေရး ၎၏ အစီအစဥ္တစ္ရပ္ ျဖစ္ေၾကာင္း ဂြၽန္ဆင္က ေျပာၾကားခဲ့ၿပီး ယင္းေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္စည္း႐ုံးရန္ ႏိုဝင္ဘာ ၆ ရက္ေနာက္ပိုင္း လႊတ္ေတာ္ကို ဖ်က္သိမ္းမွာ ျဖစ္ပါတယ္။

Linko
စီအင္န္အင္န္၊ေအာက္တိုဘာ ၂၉