ဒီမိုကရက်တစ် တက္ကဆက်အထက်လွှတ်တော်ဟောင်း မဲဆွယ်စည်းရုံးရေးမှ ခွေးတစ်ကောင်ကဲ့သို့ နုတ်ထွက်ဟု သမ္မတထရမ့်ပြောကြား

ဒီမိုကရက်တစ် တက္ကဆက်အထက်လွှတ်တော်ဟောင်း မဲဆွယ်စည်းရုံးရေးမှ ခွေးတစ်ကောင်ကဲ့သို့ နုတ်ထွက်ဟု သမ္မတထရမ့်ပြောကြား

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ် အထက်လွှတ်တော် အမတ်ဟောင်း ဘီတိုအိုရိုအာကီက မဲဆွယ်စည်းရုံးရေးမှ နုတ်ထွက်ကြောင်း အောက်တိုဘာ ၁ ရက်တွင် ကြေညာခဲ့သည့်အပေါ် ခွေးတစ်ကောင်ကဲ့သို့ ထွက်သွားခြင်း ဖြစ်သည်ဟု သမ္မတဒေါ်နယ် ထရမ့်က ဝေဖန်ပြောကြား လိုက်ပါတယ်။

အိုင်အိုဝါပြည်နယ်၌ ဒီမိုကရက်တစ်သမ္မတလောင်းများ တွေ့ဆုံပွဲမတိုင်မီ အသက် ၄၇နှစ်အရွယ် အိုရိုအာကီက နုတ်ထွက်ရန် ယခုကဲ့သို့ ကြေညာလိုက်ခြင်းပဲ ဖြစ်ပါတယ်။ အထက်လွှတ်တော် အမတ်နေရာအတွက် နောက် တစ်ကြိမ် ဝင်ရောက် ယှဉ်ပြိုင်ရန် ၎င်းအား ပါတီခေါင်းဆောင်များ၊ ရွေးကောက်ပွဲဝင်ရန် ကူညီလှူဒါန်းသူများက တိုက်တွန်း အားပေးခဲ့ သော်လည်း အိုရိုအာကီက ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးမှ နုတ်ထွက်သွားခြင်း ဖြစ်ပါတယ်။

သူ၏ မဲဆွယ်စည်းရုံးရေးများတွင် ဘဏ္ဍာရေးအရ အခက်အခဲများစွာ ဖြစ်ပေါ်လျှက်ရှိပါတယ်။ ၎င်းအနေဖြင့် မဲဆွယ်စည်းရုံးမှုများ ဆက်လက်လုပ်ဆောင်မည်ဆိုပါက ကြော်ငြာခအတွက် ပေးနိုင်ရန် ဝန်ထမ်းအများအပြားကို လျှော့ချရမည်ဟု အိုရိုအာကီ၏ အကြံပေးများက မှတ်ချက်ပြုပါတယ်။

ဩဂုတ်လအတွင်းက အယ်လ်ပက်ဆိုမြို့တွင် လူအုပ်တွင်း ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့ပြီးနောက် အိုရိုအာကီက သမ္မတထရမ့်ကို ပြင်းထန်စွာ ဝေဖန်လာခဲ့ပါတယ်။ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒများကြောင့် ယင်းကဲ့သို့ တိုက်ခိုက်မှုများ ဖြစ်ရကြောင်း အိုရိုအာကီက  ပြောကြားခဲ့ပါတယ်။

မိမိ၏ မဲဆွယ်စည်းရုံးရေးမှာ အခြေအနေတိုးတက် ကောင်းမွန်နိုင်ခြင်း မရှိသောကြောင့် ရွေးကောက်ပွဲမှ နုတ်ထွက်လိုက်ခြင်းဖြစ်ကြောင်း အိုရိုအာကီက ပြောပါတယ်။ ဆီးရီးယား အနောက်မြောက်ပိုင်း၌ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အမေရိကန်အထူးတပ်ဖွဲ့၏ စစ်ဆင်ရေး ကြောင့် အိုက်စစ်ခေါင်းဆောင် အဘူဘာကာအယ်ဘက်ဒါဒီ သေဆုံးသွားစဉ်ကလည်း ‘ခွေးတစ်ကောင်ကဲ့သို့ သေဆုံးသွားခဲ့တယ်’ ဟု ထရမ့်က က ပြောခဲ့ပါတယ်။

Linko
Ref:ny post
ဝါရှင်တန်၊နိုဝင်ဘာ ၂

(  Zawgyi  )

 အေမရိကန္ႏိုင္ငံ၊ တကၠဆက္ျပည္နယ္ အထက္လႊတ္ေတာ္ အမတ္ေဟာင္း ဘီတိုအို႐ိုအာကီက မဲဆြယ္စည္း႐ုံးေရးမွ ႏုတ္ထြက္ေၾကာင္း ေအာက္တိုဘာ ၁ ရက္တြင္ ေၾကညာခဲ့သည့္အေပၚ ေခြးတစ္ေကာင္ကဲ့သို႔ ထြက္သြားျခင္း ျဖစ္သည္ဟု သမၼတေဒၚနယ္ ထရမ့္က ေဝဖန္ေျပာၾကား လိုက္ပါတယ္။

အိုင္အိုဝါျပည္နယ္၌ ဒီမိုကရက္တစ္သမၼတေလာင္းမ်ား ေတြ႕ဆုံပြဲမတိုင္မီ အသက္ ၄၇ႏွစ္အ႐ြယ္ အို႐ိုအာကီက ႏုတ္ထြက္ရန္ ယခုကဲ့သို႔ ေၾကညာလိုက္ျခင္းပဲ ျဖစ္ပါတယ္။ အထက္လႊတ္ေတာ္ အမတ္ေနရာအတြက္ ေနာက္ တစ္ႀကိမ္ ဝင္ေရာက္ ယွဥ္ၿပိဳင္ရန္ ၎အား ပါတီေခါင္းေဆာင္မ်ား၊ ေ႐ြးေကာက္ပြဲဝင္ရန္ ကူညီလႉဒါန္းသူမ်ားက တိုက္တြန္း အားေပးခဲ့ ေသာ္လည္း အို႐ိုအာကီက ၂၀၂၀ ခုႏွစ္ ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္စည္း႐ုံးေရးမွ ႏုတ္ထြက္သြားျခင္း ျဖစ္ပါတယ္။

သူ၏ မဲဆြယ္စည္း႐ုံးေရးမ်ားတြင္ ဘ႑ာေရးအရ အခက္အခဲမ်ားစြာ ျဖစ္ေပၚလွ်က္ရွိပါတယ္။ ၎အေနျဖင့္ မဲဆြယ္စည္း႐ုံးမႈမ်ား ဆက္လက္လုပ္ေဆာင္မည္ဆိုပါက ေၾကာ္ျငာခအတြက္ ေပးႏိုင္ရန္ ဝန္ထမ္းအမ်ားအျပားကို ေလွ်ာ့ခ်ရမည္ဟု အို႐ိုအာကီ၏ အႀကံေပးမ်ားက မွတ္ခ်က္ျပဳပါတယ္။

ဩဂုတ္လအတြင္းက အယ္လ္ပက္ဆိုၿမိဳ႕တြင္ လူအုပ္တြင္း ပစ္ခတ္ခံရမႈ ျဖစ္ပြားခဲ့ၿပီးေနာက္ အို႐ိုအာကီက သမၼတထရမ့္ကို ျပင္းထန္စြာ ေဝဖန္လာခဲ့ပါတယ္။ထရမ့္၏ လူဝင္မႈႀကီးၾကပ္ေရး မူဝါဒမ်ားေၾကာင့္ ယင္းကဲ့သို႔ တိုက္ခိုက္မႈမ်ား ျဖစ္ရေၾကာင္း အို႐ိုအာကီက  ေျပာၾကားခဲ့ပါတယ္။

မိမိ၏ မဲဆြယ္စည္း႐ုံးေရးမွာ အေျခအေနတိုးတက္ ေကာင္းမြန္ႏိုင္ျခင္း မရွိေသာေၾကာင့္ ေ႐ြးေကာက္ပြဲမွ ႏုတ္ထြက္လိုက္ျခင္းျဖစ္ေၾကာင္း အို႐ိုအာကီက ေျပာပါတယ္။ ဆီးရီးယား အေနာက္ေျမာက္ပိုင္း၌ ၿပီးခဲ့သည့္ သီတင္းပတ္အတြင္းက အေမရိကန္အထူးတပ္ဖြဲ႕၏ စစ္ဆင္ေရး ေၾကာင့္ အိုက္စစ္ေခါင္းေဆာင္ အဘူဘာကာအယ္ဘက္ဒါဒီ ေသဆုံးသြားစဥ္ကလည္း ‘ေခြးတစ္ေကာင္ကဲ့သို႔ ေသဆုံးသြားခဲ့တယ္’ ဟု ထရမ့္က က ေျပာခဲ့ပါတယ္။

Linko
Ref:ny post
ဝါရွင္တန္၊ႏိုဝင္ဘာ ၂