ဒုံးကျည်ပစ်လွှတ်သည့် စနစ်တစ်မျိုးကို စမ်းသပ်မှု ပြုလုပ်ဟု မြောက်ကိုရီးယားအတည်ပြု

 
ဒုံးကျည်ပစ်လွှတ်သည့် စနစ်တစ်မျိုးကို စမ်းသပ်မှု ပြုလုပ်ဟု မြောက်ကိုရီးယားအတည်ပြု

ဒုံးကျည်ပစ်လွှတ်သည့် ဘက်စုံသုံးစနစ်တစ်မျိုးအား စမ်းသပ်မှုတွင် ခေါင်းဆောင် ကင်ဂျုံအွန်း ကိုယ်တိုင် ကြီးကြပ်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရက သြဂုတ် ၃ ရက်မှာ အတည်ပြုထုတ်ပြန် လိုက်ပါတယ်။  ယင်းစနစ်သည် တောင်ကိုရီးယားရှိ ပစ်မှတ်များနှင့် အဆိုပါနိုင်ငံရှိ အမေရိကန် စစ်အခြေစိုက် စခန်းများကို ရောက်ရှိအောင် ပစ်ခတ်နိုင်မှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက ရက်သတ္တပတ် တစ်ပတ်သာသာအတွင်း တတိယအကြိမ်အဖြစ် နိုင်ငံ အရှေ့ ဘက် ကမ်းရိုးတန်းသို့ ဒုံးကျည်များ ပစ်လွှတ်ခြင်းကို ထောက်လှမ်းတွေ့ရှိကြောင်း တောင်ကိုရီးယား စစ်ဘက်မှ ထုတ်ပြန်ခဲ့ပြီး နောက်တစ်နေ့တွင် မြောက်ကိုရီးယားအစိုးရ၏ Korean Central News Agency က ယခုသတင်းအား ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။

ယခုကဲ့သို့ ဒုံးကျည်စမ်းသပ်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာခြင်းသည် အမေရိကန်နှင့် ရပ်ဆိုင်းနေသော နျူကလီးယားဆွေးနွေးမှုများနှင့် အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မည့် အစီအစဉ် တို့ကို ဖိအားပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားပါတယ်။

နှစ်ဖက်ဆွေးနွေးမှုများ မတိုးတက်ပါက မြောက်ကိုရီးယားက လက်နက်အင်အား ပြသမှုများကို လာမည့်လများတွင် ပိုမိုမြင်တွေ့လာနိုင်ကြောင်းလည်း ၎င်းတို့က သုံးသပ်ထားပါတယ်။သြဂုတ် ၂ ရက် က စမ်းသပ်ပစ်လွှတ်မှုတွင် ဒုံးကျည်စနစ်၏ အမြင့်ပျံသန်းမှုအပေါ် ထိန်းချုပ် ကိုင်တွယ်နိုင် မှု၊ အပြောင်းအလဲ ပြုလုပ်နိုင်မည့် စွမ်းရည်၊ ပစ်မှတ်ကို တိကျစွာ ထိမှန်ခြင်း၊ ပဲ့ထိန်း စနစ်တပ် ဒုံးကျည်၏ ပေါက်ကွဲမှုအင်အားတို့အပေါ် ခေါင်းဆောင် ကင်ဂျုံအွန်အနေဖြင့် များစွာ ကျေနပ် ခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြပါတယ်။

စမ်းသပ်ပစ်ခတ်မှုများအပေါ် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ လေ့လာသုံးသပ်မှုများအရ ယင်းဒုံးကျည်များသည့် တာတိုပစ် ပဲ့ထိန်းဒုံးကျည်များဖြစ်နိုင်ကြောင်း တောင်ကီုးယား သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။

Linko
Ref: straitstimes
ပြုံးယမ်း၊သြဂုတ် ၃

(  Zawgyi  )

 ဒုံးက်ည္ပစ္လႊတ္သည့္ ဘက္စုံသုံးစနစ္တစ္မ်ိဳးအား စမ္းသပ္မႈတြင္ ေခါင္းေဆာင္ ကင္ဂ်ဳံအြန္း ကိုယ္တိုင္ ႀကီးၾကပ္ခဲ့ေၾကာင္း ေျမာက္ကိုရီးယားအစိုးရက ၾသဂုတ္ ၃ ရက္မွာ အတည္ျပဳထုတ္ျပန္ လိုက္ပါတယ္။  ယင္းစနစ္သည္ ေတာင္ကိုရီးယားရွိ ပစ္မွတ္မ်ားႏွင့္ အဆိုပါႏိုင္ငံရွိ အေမရိကန္ စစ္အေျခစိုက္ စခန္းမ်ားကို ေရာက္ရွိေအာင္ ပစ္ခတ္ႏိုင္မွာ ျဖစ္ပါတယ္။

ေျမာက္ကိုရီးယားက ရက္သတၱပတ္ တစ္ပတ္သာသာအတြင္း တတိယအႀကိမ္အျဖစ္ ႏိုင္ငံ အေရွ႕ ဘက္ ကမ္း႐ိုးတန္းသို႔ ဒုံးက်ည္မ်ား ပစ္လႊတ္ျခင္းကို ေထာက္လွမ္းေတြ႕ရွိေၾကာင္း ေတာင္ကိုရီးယား စစ္ဘက္မွ ထုတ္ျပန္ခဲ့ၿပီး ေနာက္တစ္ေန႔တြင္ ေျမာက္ကိုရီးယားအစိုးရ၏ Korean Central News Agency က ယခုသတင္းအား ေဖာ္ျပခဲ့ျခင္း ျဖစ္ပါတယ္။

ယခုကဲ့သို႔ ဒုံးက်ည္စမ္းသပ္မႈမ်ားကို အရွိန္ျမႇင့္လုပ္ေဆာင္လာျခင္းသည္ အေမရိကန္ႏွင့္ ရပ္ဆိုင္းေနေသာ န်ဴကလီးယားေဆြးေႏြးမႈမ်ားႏွင့္ အေမရိကန္-ေတာင္ကိုရီးယား စစ္ေရးေလ့က်င့္မည့္ အစီအစဥ္ တို႔ကို ဖိအားေပးရန္ ရည္႐ြယ္ျခင္းျဖစ္ေၾကာင္း ကြၽမ္းက်င္သူမ်ားက ေျပာၾကားပါတယ္။

ႏွစ္ဖက္ေဆြးေႏြးမႈမ်ား မတိုးတက္ပါက ေျမာက္ကိုရီးယားက လက္နက္အင္အား ျပသမႈမ်ားကို လာမည့္လမ်ားတြင္ ပိုမိုျမင္ေတြ႕လာႏိုင္ေၾကာင္းလည္း ၎တို႔က သုံးသပ္ထားပါတယ္။ၾသဂုတ္ ၂ ရက္ က စမ္းသပ္ပစ္လႊတ္မႈတြင္ ဒုံးက်ည္စနစ္၏ အျမင့္ပ်ံသန္းမႈအေပၚ ထိန္းခ်ဳပ္ ကိုင္တြယ္ႏိုင္ မႈ၊ အေျပာင္းအလဲ ျပဳလုပ္ႏိုင္မည့္ စြမ္းရည္၊ ပစ္မွတ္ကို တိက်စြာ ထိမွန္ျခင္း၊ ပဲ့ထိန္း စနစ္တပ္ ဒုံးက်ည္၏ ေပါက္ကြဲမႈအင္အားတို႔အေပၚ ေခါင္းေဆာင္ ကင္ဂ်ဳံအြန္အေနျဖင့္ မ်ားစြာ ေက်နပ္ ခဲ့ေၾကာင္း KCNA သတင္းဌာနက ေဖာ္ျပပါတယ္။

စမ္းသပ္ပစ္ခတ္မႈမ်ားအေပၚ အေမရိကန္ႏွင့္ ေတာင္ကိုရီးယားတို႔၏ ေလ့လာသုံးသပ္မႈမ်ားအရ ယင္းဒုံးက်ည္မ်ားသည့္ တာတိုပစ္ ပဲ့ထိန္းဒုံးက်ည္မ်ားျဖစ္ႏိုင္ေၾကာင္း ေတာင္ကီုးယား သမၼတ႐ုံးက ထုတ္ျပန္ထားပါတယ္။

Linko
Ref: straitstimes
ၿပဳံးယမ္း၊ၾသဂုတ္ ၃