နမိုးနီးယားရောဂါသစ်ကြောင့် တရုတ်တွင် တစ်ဦးထပ်မံသေဆုံးပြီး ဂျပန်တွင် တစ်ဦး စတင်၍ ရောဂါကူးစက်ခံ

နမိုးနီးယားရောဂါသစ်ကြောင့် တရုတ်တွင် တစ်ဦးထပ်မံသေဆုံးပြီး ဂျပန်တွင် တစ်ဦး စတင်၍ ရောဂါကူးစက်ခံ

တရုတ်နိုငငံအလယ်ပိုင်း၊ ဝူဟန်မြို့တော်မှ စတင်ခဲ့သည့် နမိုးနီးယားရောဂါသစ်တစ်မျိုးကြောင့် ဒုတိယမြောက် တစ်ဦး သေဆုံး ခဲ့ကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်ထားပြီး ဂျပန်နိုင်ငံကလည်း ပထမဆုံးလူတစ်ဦး ကူးစက်ခံထားရကြောင်း အတည်ပြု လိုက်ပါတယ်။

ကျောင်မူမွန်းဆိုသူ အသက် ၆၉ နှစ်အရွယ် အမျိုးသားသည် ယမန်နှစ် ဒီဇင်ဘာ ၃၁ ရက်မှ စတင်၍ ဖျားနာခဲ့ပြီးနောက် သေဆုံး သွားကြောင်း ဝူဟန်ကျန်းမာရေးအရာရှိများက ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ကျောင်သည် နှလုံးရောင်ရမ်းကာ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများ ပုံမှန်အလုပ်မလုပ်တော့ဘဲ ဇန်နဝါရီ ၁၅ ရက်တွင် သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။

၎င်းသည် အဆိုပါနမိုးနီးယားရောဂါဖြင့် ဒုတိယမြောက် သေဆုံးသူတစ်ဦး ဖြစ်လာပါတယ်။ ပုံမှန်တုပ်ကွေး၊ ဆားစ်နှင့် မားစ်ဗိုင်းရပ် များ၏ အုပ်စုဝင် ဗိုင်းရပ်စ်တစ်မျိုးဖြစ်သည့် ကော်ရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရသူ ၄၁ ဦးရှိနေပြီး ၅ ဦးမှာ ရောဂါပြင်း ထန်ကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားပါတယ်။

ယခုဗိုင်းရပ်ပိုးသစ်ကြောင့် ပထမဆုံး သေဆုံးသူသည် အခြား ရောဂါများလည်းခံစားနေရသူ အသက် ၆၁ နှစ်အရွယ် အမျိုးသားဖြစ်ပါ တယ်။ ကော်ရိုနာဗိုင်းရပ်ကူးစက်ခံရမှုကို ဂျပန်နိုင်ငံကလည်း အတည်ပြုခဲ့ကာ ယခုသီတင်းပတ်အစောပိုင်းကလည်း ထိုင်းနိုင်ငံတွင် ကူးစက်ခံမှု ဖြစ်ပွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် ဂျပန်အမျိုးသားသည် ဇန်နဝါရီ ၃ ရက်က ဝူဟန်သို့ သွားရောက်ခဲ့ပြီးနောက် ဖျားနာ ချောင်းဆိုခဲ့သဖြင့် ဇန်နဝါရီ ၁၀ ရက်မှာ ဆေးရုံတင်ခဲ့ရပါတယ်။ ၎င်းတွင် ရောဂါလက္ခဏာများ ဆက်လက် တွေ့နေရသေးကြောင်း ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Linko
Ref: The Epo Times
ပေကျင်း၊ ဇန်နဝါရီ ၁၇

(  Zawgyi  )

တ႐ုတ္ႏိုငငံအလယ္ပိုင္း၊ ဝူဟန္ၿမိဳ႕ေတာ္မွ စတင္ခဲ့သည့္ နမိုးနီးယားေရာဂါသစ္တစ္မ်ိဳးေၾကာင့္ ဒုတိယေျမာက္ တစ္ဦး ေသဆုံး ခဲ့ေၾကာင္း တ႐ုတ္အာဏာပိုင္မ်ားက ထုတ္ျပန္ထားၿပီး ဂ်ပန္ႏိုင္ငံကလည္း ပထမဆုံးလူတစ္ဦး ကူးစက္ခံထားရေၾကာင္း အတည္ျပဳ လိုက္ပါတယ္။

ေက်ာင္မူမြန္းဆိုသူ အသက္ ၆၉ ႏွစ္အ႐ြယ္ အမ်ိဳးသားသည္ ယမန္ႏွစ္ ဒီဇင္ဘာ ၃၁ ရက္မွ စတင္၍ ဖ်ားနာခဲ့ၿပီးေနာက္ ေသဆုံး သြားေၾကာင္း ဝူဟန္က်န္းမာေရးအရာရွိမ်ားက ဇန္နဝါရီ ၁၆ ရက္မွာ ထုတ္ျပန္ခဲ့ပါတယ္။ ေက်ာင္သည္ ႏွလုံးေရာင္ရမ္းကာ ကိုယ္တြင္း အဂၤါအစိတ္အပိုင္းမ်ား ပုံမွန္အလုပ္မလုပ္ေတာ့ဘဲ ဇန္နဝါရီ ၁၅ ရက္တြင္ ေသဆုံးခဲ့ျခင္း ျဖစ္ပါတယ္။

၎သည္ အဆိုပါနမိုးနီးယားေရာဂါျဖင့္ ဒုတိယေျမာက္ ေသဆုံးသူတစ္ဦး ျဖစ္လာပါတယ္။ ပုံမွန္တုပ္ေကြး၊ ဆားစ္ႏွင့္ မားစ္ဗိုင္းရပ္ မ်ား၏ အုပ္စုဝင္ ဗိုင္းရပ္စ္တစ္မ်ိဳးျဖစ္သည့္ ေကာ္႐ိုနာဗိုင္းရပ္စ္အသစ္ ကူးစက္ခံထားရသူ ၄၁ ဦးရွိေနၿပီး ၅ ဦးမွာ ေရာဂါျပင္း ထန္ေၾကာင္း အာဏာပိုင္မ်ားက ထုတ္ျပန္ထားပါတယ္။

ယခုဗိုင္းရပ္ပိုးသစ္ေၾကာင့္ ပထမဆုံး ေသဆုံးသူသည္ အျခား ေရာဂါမ်ားလည္းခံစားေနရသူ အသက္ ၆၁ ႏွစ္အ႐ြယ္ အမ်ိဳးသားျဖစ္ပါ တယ္။ ေကာ္႐ိုနာဗိုင္းရပ္ကူးစက္ခံရမႈကို ဂ်ပန္ႏိုင္ငံကလည္း အတည္ျပဳခဲ့ကာ ယခုသီတင္းပတ္အေစာပိုင္းကလည္း ထိုင္းႏိုင္ငံတြင္ ကူးစက္ခံမႈ ျဖစ္ပြားခဲ့ပါတယ္။

အသက္ ၃၀ အ႐ြယ္ ဂ်ပန္အမ်ိဳးသားသည္ ဇန္နဝါရီ ၃ ရက္က ဝူဟန္သို႔ သြားေရာက္ခဲ့ၿပီးေနာက္ ဖ်ားနာ ေခ်ာင္းဆိုခဲ့သျဖင့္ ဇန္နဝါရီ ၁၀ ရက္မွာ ေဆး႐ုံတင္ခဲ့ရပါတယ္။ ၎တြင္ ေရာဂါလကၡဏာမ်ား ဆက္လက္ ေတြ႕ေနရေသးေၾကာင္း က်န္းမာေရး၊ အလုပ္သမားႏွင့္ လူမႈဖူလုံေရး ဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

Linko
Ref: The Epo Times
ေပက်င္း၊ ဇန္နဝါရီ ၁၇