နယူးယောက်တိုင်းမ် သတင်းစာ အသရေဖျက်မှုဖြင့် တရားစွဲ

နယူးယောက်တိုင်းမ် သတင်းစာ အသရေဖျက်မှုဖြင့်  တရားစွဲ

သမ္မတဒေါ်နယ်ထရမ့်၏ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖွဲ့က ရုရှားအစိုးရနှင့် လျှိူ့ဝှက်ပူး ပေါင်း လုပ်ဆောင်ခဲ့သည် ဆိုသော သဘောထားအမြင်ဆောင်းပါးကြောင့် နယူးယောက်တိုင်းမ်သတင်းစာကို အသရေဖျက်မှုဖြင့် တရားစွဲလိုက်ကြောင်း အဆိုပါ အဖွဲ့က ဖေဖော်ဝါရီ ၂၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ရုရှားအစိုးရက သမ္မတအိုဘားမားလက်ထက်က ချမှတ်ခဲ့သည့် ပိတ်ဆို့အရေးယူမှုအား သက်သာမှုရှိစေရန် ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီကလင်တန်အား ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားစေရေးအတွက် သမ္မတလောင်းထရမ့်အဖွဲ့ကို ကူညီပေးခဲ့ကြောင်း နယူးယောက်တိုင်းမ်သတင်းစာ၏ အမှုဆောင် အယ်ဒီတာဟောင်း မက်စ်ဖရန်ကယ်က ၂၀၁၉ ခုနှစ်၊ မတ်လအတွင်း သဘောထားအမြင် ဆောင်းပါးကို ဖော်ပြခဲ့ပါတယ်။

ထရမ့်၏စည်းရုံးရေးအဖွဲ့ ဥပဒေအကြံပေးအကြီးအကဲ ယန်နာအဲလစ်စ်က ဖရန်ကယ်၏ ရေးသားချက်သည် ရာခိုင်နှုန်းပြည့် မှားယင်းပြီး အသရေဖျက်မှုဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။“တိုင်းမ်းသတင်းစာက ရည်ရွယ်ချက်ရှိရှိနဲ့ မိမိတို့အဖွဲ့ကို ထိခိုက်နစ်နာအောင် လုပ်တာပါ။ စာဖတ်သူတွေကိုလည်း သတင်းမှားတွေပေးတာပါ” ဟု အဲလစ်စ်က ပြောပါတယ်။ ထရမ့်၏အဖွဲ့ က တရားစွဲဆို ထားကြောင်း ကို တိုင်းမ်သတင်းစာ၏ ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြုပြောကြားပါတယ်။

“အမေရိကန်ပြည်သူတွေအနေနဲ့ အများပြည်သူနဲ့ပတ်သက်လို့ အရေးကြီးတဲ့ကိစ္စရပ်တွေမှာ သူတို့၏ သုံးသပ်ခွင့်၊ မှတ်ချက်ပြုခွင့်ကို ဥပဒေက ခွင့်ပြုထားပါတယ်။ ဒီအခွင့်အရေးကို ခုခံကာကွယ်ပြီး တရားစွဲဆိုမှုကို ရင်ဆိုင်သွားပါမယ်” ဟု ၎င်းက ပြောပါတယ်။၂၀၁၆ ခုနှစ် ရွေးကောက်ပွဲအတွင်း ရုရှား၏ စွက်ဖက်မှုအကြောင်း မူလာ၏ အစီရင်ခံစာကို ထောက်ပြ၍ တိုင်းမ် သတင်းစာ၏ ရေးသားမှုမမှန်ကန်ကြောင်းကို ထရမ့်အဖွဲ့က ကန့်ကွက်ခဲ့ပါတယ်။ ၎င်းတို့အဖွဲ့နှင့် ရုရှားအစိုးရတို့ အကြား ရာဇဝတ်မှုမြောက်သည့် ပူးပေါင်းကြံစည်ခဲ့သည်ဆိုသော အထောက်အထားကို အထူးအကြံပေး ရောဘတ်မူလာ၏ စုံစမ်းမှုတွင် မပြနိုင်ခဲ့ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။

၂၀၁၆ ခုနှစ်အတွင်း သမ္မတလောင်းဖြစ်သည့် ထရမ့်က မဖွယ်မရာကိုင်တွယ်ခဲ့ကြောင်း အမျိုးသမီး ၂ ဦးက စွပ်စွဲသည့် သတင်းကို ဖော်ပြခဲ့မှုအပေါ် ထရမ့်က တိုင်းမ်စ်သတင်းစာကို တရားစွဲမည်ဟု ခြိမ်းခြောက်ခဲ့သော် လည်း လုပ်ဆောင်ခဲ့ခြင်း မရှိပေ။

Linko
Ref: Fox
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၇

(  Zawgyi   )

 သမၼတေဒၚနယ္ထရမ့္၏ ၂၀၁၆ ခုႏွစ္ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရးအဖြဲ႕က ႐ုရွားအစိုးရႏွင့္ လွ်ိဴ႕ဝွက္ပူး ေပါင္း လုပ္ေဆာင္ခဲ့သည္ ဆိုေသာ သေဘာထားအျမင္ေဆာင္းပါးေၾကာင့္ နယူးေယာက္တိုင္းမ္သတင္းစာကို အသေရဖ်က္မႈျဖင့္ တရားစြဲလိုက္ေၾကာင္း အဆိုပါ အဖြဲ႕က ေဖေဖာ္ဝါရီ ၂၆ ရက္မွာ ထုတ္ျပန္လိုက္ပါတယ္။

႐ုရွားအစိုးရက သမၼတအိုဘားမားလက္ထက္က ခ်မွတ္ခဲ့သည့္ ပိတ္ဆို႔အေရးယူမႈအား သက္သာမႈရွိေစရန္ ဒီမိုကရက္တစ္ သမၼတေလာင္း ဟီလာရီကလင္တန္အား ေ႐ြးေကာက္ပြဲတြင္ ရႈံးနိမ့္သြားေစေရးအတြက္ သမၼတေလာင္းထရမ့္အဖြဲ႕ကို ကူညီေပးခဲ့ေၾကာင္း နယူးေယာက္တိုင္းမ္သတင္းစာ၏ အမႈေဆာင္ အယ္ဒီတာေဟာင္း မက္စ္ဖရန္ကယ္က ၂၀၁၉ ခုႏွစ္၊ မတ္လအတြင္း သေဘာထားအျမင္ ေဆာင္းပါးကို ေဖာ္ျပခဲ့ပါတယ္။

ထရမ့္၏စည္း႐ုံးေရးအဖြဲ႕ ဥပေဒအႀကံေပးအႀကီးအကဲ ယန္နာအဲလစ္စ္က ဖရန္ကယ္၏ ေရးသားခ်က္သည္ ရာခိုင္ႏႈန္းျပည့္ မွားယင္းၿပီး အသေရဖ်က္မႈျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။“တိုင္းမ္းသတင္းစာက ရည္႐ြယ္ခ်က္ရွိရွိနဲ႔ မိမိတို႔အဖြဲ႕ကို ထိခိုက္နစ္နာေအာင္ လုပ္တာပါ။ စာဖတ္သူေတြကိုလည္း သတင္းမွားေတြေပးတာပါ” ဟု အဲလစ္စ္က ေျပာပါတယ္။ ထရမ့္၏အဖြဲ႕ က တရားစြဲဆို ထားေၾကာင္း ကို တိုင္းမ္သတင္းစာ၏ ေျပာခြင့္ရပုဂၢိဳလ္က အတည္ျပဳေျပာၾကားပါတယ္။

“အေမရိကန္ျပည္သူေတြအေနနဲ႔ အမ်ားျပည္သူနဲ႔ပတ္သက္လို႔ အေရးႀကီးတဲ့ကိစၥရပ္ေတြမွာ သူတို႔၏ သုံးသပ္ခြင့္၊ မွတ္ခ်က္ျပဳခြင့္ကို ဥပေဒက ခြင့္ျပဳထားပါတယ္။ ဒီအခြင့္အေရးကို ခုခံကာကြယ္ၿပီး တရားစြဲဆိုမႈကို ရင္ဆိုင္သြားပါမယ္” ဟု ၎က ေျပာပါတယ္။၂၀၁၆ ခုႏွစ္ ေ႐ြးေကာက္ပြဲအတြင္း ႐ုရွား၏ စြက္ဖက္မႈအေၾကာင္း မူလာ၏ အစီရင္ခံစာကို ေထာက္ျပ၍ တိုင္းမ္ သတင္းစာ၏ ေရးသားမႈမမွန္ကန္ေၾကာင္းကို ထရမ့္အဖြဲ႕က ကန႔္ကြက္ခဲ့ပါတယ္။ ၎တို႔အဖြဲ႕ႏွင့္ ႐ုရွားအစိုးရတို႔ အၾကား ရာဇဝတ္မႈေျမာက္သည့္ ပူးေပါင္းႀကံစည္ခဲ့သည္ဆိုေသာ အေထာက္အထားကို အထူးအႀကံေပး ေရာဘတ္မူလာ၏ စုံစမ္းမႈတြင္ မျပႏိုင္ခဲ့ေၾကာင္းလည္း ေဖာ္ျပခဲ့ပါတယ္။

၂၀၁၆ ခုႏွစ္အတြင္း သမၼတေလာင္းျဖစ္သည့္ ထရမ့္က မဖြယ္မရာကိုင္တြယ္ခဲ့ေၾကာင္း အမ်ိဳးသမီး ၂ ဦးက စြပ္စြဲသည့္ သတင္းကို ေဖာ္ျပခဲ့မႈအေပၚ ထရမ့္က တိုင္းမ္စ္သတင္းစာကို တရားစြဲမည္ဟု ၿခိမ္းေျခာက္ခဲ့ေသာ္ လည္း လုပ္ေဆာင္ခဲ့ျခင္း မရွိေပ။

Linko
Ref: Fox
ဝါရွင္တန္၊ ေဖေဖာ္ဝါရီ ၂၇