နယူးယောက် ဗဟိုပန်းခြံ၏ ရေခဲလျှောစီးလမ်ကြောင်းများပေါ်တွင် ထရမ့်၏ အမည်ကို ဖယ်ရှား

နယူးယောက် ဗဟိုပန်းခြံ၏ ရေခဲလျှောစီးလမ်ကြောင်းများပေါ်တွင် ထရမ့်၏ အမည်ကို ဖယ်ရှား

နယူးယောက်မြို့ ဗဟိုပန်းခြံအတွင်း ရေခဲပြင် လျှောစီးလမ်းကြောင်း နှစ်ခု၌ ‘ထရမ့်’ ဆိုသည့်  အမည်ကို  ဆိုင်းဘုတ်များတွင် ဖော်ပြလေ့ ရှိပါတယ်။ ယခုနှစ် ဆောင်းရာသီရောက်ရှိ၍ လူသိအများဆုံးသော လျှောစီးလမ်းကြောင်း နှစ်ခုအနက်မှ Wollman Rink ကို စတင် ဖွင့်လှစ် လိုက်သော်လည်း ယင်းအမည်ကို ဖော်ပြခဲ့ ခြင်းမရှိကြောင်း တာဝန်ရှိသူများက အတည်ပြု ပြောကြားလိုက်တဲ့အတွက် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် အဖြစ် ယင်းအမည်ကို မဖော်ပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။

“Trump Organization က သူတို့အနေနဲ့ လျှောစီးလမ်းကြောင်း အမည်ကို ပြောင်းဖို့ စီစဉ်နေကြောင်း ဩဂုတ်လ နှောင်းပိုင်းက ဆက်သွယ် လာပါတယ်” ဟု ပန်းခြံများဌာန တာဝန်ရှိသူတစ်ဦးက ထုတ်ပြန်ချက်တစ်စောင်မှာ ဖော်ပြထားပါတယ်။ ၁၉၈၀ ခုနှစ် ဝန်းကျင် က နယူးယောက် မြို့ ၏ ထင်ရှားသော စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ထရမ့်၏ ကုမ္ပဏီက အဆိုပါ လျှောစီးလမ်းကြောင်းများ စီမံခန့်ခွဲရေးအတွက် ထိုစဉ်က လွှဲပြောင်းယူခဲ့ပါတယ်။ Wollman လျှောစီးလမ်းကြောင်းကို ၁၉၅၀ ခုနှစ်ဝန်းကျင်က ပန်းခြံ၏ တောင်ဖက်ခြမ်းတွင် တည်ဆောက်ခဲ့ပြီး Lasker လျှောစီးလမ်းကြောင်းကိုတော့ ၁၉၆၆ ခုနှစ်မှာ မြောက်ဘက်အစွန်းတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။

Wollman လမ်းကြောင်းအား ပြန်လည်မွမ်းမံသည့် လုပ်ငန်းများအတွက် နှစ်ပေါင်းများစွာ ပိတ်ထားခဲ့ရပြီးနောက် ထရမ့်ကုမ္ပဏီက ပြီးစီးအောင် ခဲ့ပါတယ်။ ယင်းစီမံကိန်းနှင့် ပတ်သက်၍ မိမိ၏ လုပ်ငန်းရှင်အရည်အချင်းများကို ထရမ့်က မကြာခဏ ကိုးကား ပြောဆိုခဲ့ပါတယ်။“ဗဟိုပန်းခြံ ထဲက Wollman Rink ကို သိကြမှာပေါ့။ သူတို့မလုပ်နိုင်ခဲ့တာကို ကျုပ် ၄ လအတွင်း ပြီးအောင် လုပ်နိုင်ခဲ့တယ်” ဟု ၂၀၁၆ ခုနှစ်က အိုင်အိုဝါ တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပွဲမှာ ထရမ့်က ပြောခဲ့ပါတယ်။

၂၀၁၈ ခုနှစ်က မက္ကဆီကို နယ်စပ် တံတိုင်း တည်ဆောက်ရေးဆွေးနွေးစဉ်ကလည်း သူ့အနေဖြင့် ပန်းခြံအတွင်းမှ လျှောစီးလမ်းကြောင်းကို ဘတ်ဂျက်မလောက်မငှဖြင့် တည်ဆောက်ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားပါတယ်။အဆိုပါ လမ်းကြောင်းများအား စီမံနေဆဲဖြစ်သည့် Trump Organization အား ထရမ့်၏ အမည်ကို ယင်းလမ်းကြောင်းများမှ ဖယ်ရှားလိုက်ရခြင်းအပေါ် အေအက်ဖ်ပီ သတင်းဌာနက မေးမြန်းခဲ့သော်လည်း ဖြေဆိုခဲ့ခြင်း မရှိပေ။

ထရမ့်၏ အမည်များသည် နယူးယောက်မြို့အတွင်းရှိ အထပ်မြင့် အဆောက်အဦများတွင် ဆက်လက် တပ်ဆင် ထားဆဲဖြစ်သော်လည်း ၎င်းနိုင်ငံရေးကို သဘောမတူသူများနှင့် ၎င်း၏ အမည်အား မိမိတို့တိုက်များတွင် တပ်ဆင်ခြင်းဖြင့် တန်ဖိုးကျဆင်းသည်ဟု သတ်မှတ်ထား သူများက ထရမ့်၏ အမည်အမှတ်အသားများကို ဖယ်ရှား လျှက်ရှိပါတယ်။

လျှောစီးလမ်းကြောင်းများ လုပ်ပိုင်ခွင့်လိုင်စင် သက်တမ်းကို ၂၀၂၁ ခုနှစ်တွင် တိုးရမှာဖြစ်ပြီး Trump Organization အနေဖြင့် သက်တမ်းတိုးခွင့် မဆုံးရှုံးစေရန် ဝေဖန်မှုများကို ရှောင်ရှားလိုခြင်း ဖြစ်နိုင်ပါတယ်။ သမ္မတတာဝန်ထမ်းဆောင်ပြီးချိန်မှစ၍ ထရမ့်၏ စီးပွားရေးအကျိုးစီးပွားအပေါ် ထားရှိသည့် သဘောထားနှင့် ပတ်သက်၍ ၎င်းကို မကြာခဏ ပြစ်တင်ဝေဖန်ကြပါတယ်။

လာမည့် ဂျီ-၇ ထိပ်သီးအစည်းအဝေးကို ဖလော်ရီဒါပြည်နယ်ရှိ သူ၏ ဂေါက်ကလပ်တွင် ကျင်းပမည်ဟု ကြေညာ လိုက်သဖြင့် အကျင့် ပျက်ခြစားမှု ဆိုင်ရာ စွပ်စွဲချက်များထွက်ပေါ်လာသောကြောင့် သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့ရပါတယ်။

Linko
Ref:AFP
နယူးယောက်၊ အောက်တိုဘာ ၂၄

(  Zawgyi  )

 နယူးေယာက္ၿမိဳ႕ ဗဟိုပန္းၿခံအတြင္း ေရခဲျပင္ ေလွ်ာစီးလမ္းေၾကာင္း ႏွစ္ခု၌ ‘ထရမ့္’ ဆိုသည့္  အမည္ကို  ဆိုင္းဘုတ္မ်ားတြင္ ေဖာ္ျပေလ့ ရွိပါတယ္။ ယခုႏွစ္ ေဆာင္းရာသီေရာက္ရွိ၍ လူသိအမ်ားဆုံးေသာ ေလွ်ာစီးလမ္းေၾကာင္း ႏွစ္ခုအနက္မွ Wollman Rink ကို စတင္ ဖြင့္လွစ္ လိုက္ေသာ္လည္း ယင္းအမည္ကို ေဖာ္ျပခဲ့ ျခင္းမရွိေၾကာင္း တာဝန္ရွိသူမ်ားက အတည္ျပဳ ေျပာၾကားလိုက္တဲ့အတြက္ ဆယ္စုႏွစ္မ်ားစြာအတြင္း ပထမဆုံးအႀကိမ္ အျဖစ္ ယင္းအမည္ကို မေဖာ္ျပလိုက္ျခင္းပဲ ျဖစ္ပါတယ္။

“Trump Organization က သူတို႔အေနနဲ႔ ေလွ်ာစီးလမ္းေၾကာင္း အမည္ကို ေျပာင္းဖို႔ စီစဥ္ေနေၾကာင္း ဩဂုတ္လ ေႏွာင္းပိုင္းက ဆက္သြယ္ လာပါတယ္” ဟု ပန္းၿခံမ်ားဌာန တာဝန္ရွိသူတစ္ဦးက ထုတ္ျပန္ခ်က္တစ္ေစာင္မွာ ေဖာ္ျပထားပါတယ္။ ၁၉၈၀ ခုႏွစ္ ဝန္းက်င္ က နယူးေယာက္ ၿမိဳ႕ ၏ ထင္ရွားေသာ စီးပြားေရး လုပ္ငန္းရွင္တစ္ဦးျဖစ္သည့္ ထရမ့္၏ ကုမၸဏီက အဆိုပါ ေလွ်ာစီးလမ္းေၾကာင္းမ်ား စီမံခန႔္ခြဲေရးအတြက္ ထိုစဥ္က လႊဲေျပာင္းယူခဲ့ပါတယ္။ Wollman ေလွ်ာစီးလမ္းေၾကာင္းကို ၁၉၅၀ ခုႏွစ္ဝန္းက်င္က ပန္းၿခံ၏ ေတာင္ဖက္ျခမ္းတြင္ တည္ေဆာက္ခဲ့ၿပီး Lasker ေလွ်ာစီးလမ္းေၾကာင္းကိုေတာ့ ၁၉၆၆ ခုႏွစ္မွာ ေျမာက္ဘက္အစြန္းတြင္ တည္ေဆာက္ခဲ့ျခင္း ျဖစ္ပါတယ္။

Wollman လမ္းေၾကာင္းအား ျပန္လည္မြမ္းမံသည့္ လုပ္ငန္းမ်ားအတြက္ ႏွစ္ေပါင္းမ်ားစြာ ပိတ္ထားခဲ့ရၿပီးေနာက္ ထရမ့္ကုမၸဏီက ၿပီးစီးေအာင္ ခဲ့ပါတယ္။ ယင္းစီမံကိန္းႏွင့္ ပတ္သက္၍ မိမိ၏ လုပ္ငန္းရွင္အရည္အခ်င္းမ်ားကို ထရမ့္က မၾကာခဏ ကိုးကား ေျပာဆိုခဲ့ပါတယ္။“ဗဟိုပန္းၿခံ ထဲက Wollman Rink ကို သိၾကမွာေပါ့။ သူတို႔မလုပ္ႏိုင္ခဲ့တာကို က်ဳပ္ ၄ လအတြင္း ၿပီးေအာင္ လုပ္ႏိုင္ခဲ့တယ္” ဟု ၂၀၁၆ ခုႏွစ္က အိုင္အိုဝါ တြင္ ျပဳလုပ္ခဲ့သည့္ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးပြဲမွာ ထရမ့္က ေျပာခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္က မကၠဆီကို နယ္စပ္ တံတိုင္း တည္ေဆာက္ေရးေဆြးေႏြးစဥ္ကလည္း သူ႔အေနျဖင့္ ပန္းၿခံအတြင္းမွ ေလွ်ာစီးလမ္းေၾကာင္းကို ဘတ္ဂ်က္မေလာက္မငွျဖင့္ တည္ေဆာက္ခဲ့ရျခင္းျဖစ္ေၾကာင္း ေျပာၾကားပါတယ္။အဆိုပါ လမ္းေၾကာင္းမ်ားအား စီမံေနဆဲျဖစ္သည့္ Trump Organization အား ထရမ့္၏ အမည္ကို ယင္းလမ္းေၾကာင္းမ်ားမွ ဖယ္ရွားလိုက္ရျခင္းအေပၚ ေအအက္ဖ္ပီ သတင္းဌာနက ေမးျမန္းခဲ့ေသာ္လည္း ေျဖဆိုခဲ့ျခင္း မရွိေပ။

ထရမ့္၏ အမည္မ်ားသည္ နယူးေယာက္ၿမိဳ႕အတြင္းရွိ အထပ္ျမင့္ အေဆာက္အဦမ်ားတြင္ ဆက္လက္ တပ္ဆင္ ထားဆဲျဖစ္ေသာ္လည္း ၎ႏိုင္ငံေရးကို သေဘာမတူသူမ်ားႏွင့္ ၎၏ အမည္အား မိမိတို႔တိုက္မ်ားတြင္ တပ္ဆင္ျခင္းျဖင့္ တန္ဖိုးက်ဆင္းသည္ဟု သတ္မွတ္ထား သူမ်ားက ထရမ့္၏ အမည္အမွတ္အသားမ်ားကို ဖယ္ရွား လွ်က္ရွိပါတယ္။

ေလွ်ာစီးလမ္းေၾကာင္းမ်ား လုပ္ပိုင္ခြင့္လိုင္စင္ သက္တမ္းကို ၂၀၂၁ ခုႏွစ္တြင္ တိုးရမွာျဖစ္ၿပီး Trump Organization အေနျဖင့္ သက္တမ္းတိုးခြင့္ မဆုံးရႈံးေစရန္ ေဝဖန္မႈမ်ားကို ေရွာင္ရွားလိုျခင္း ျဖစ္ႏိုင္ပါတယ္။ သမၼတတာဝန္ထမ္းေဆာင္ၿပီးခ်ိန္မွစ၍ ထရမ့္၏ စီးပြားေရးအက်ိဳးစီးပြားအေပၚ ထားရွိသည့္ သေဘာထားႏွင့္ ပတ္သက္၍ ၎ကို မၾကာခဏ ျပစ္တင္ေဝဖန္ၾကပါတယ္။

လာမည့္ ဂ်ီ-၇ ထိပ္သီးအစည္းအေဝးကို ဖေလာ္ရီဒါျပည္နယ္ရွိ သူ၏ ေဂါက္ကလပ္တြင္ က်င္းပမည္ဟု ေၾကညာ လိုက္သျဖင့္ အက်င့္ ပ်က္ျခစားမႈ ဆိုင္ရာ စြပ္စြဲခ်က္မ်ားထြက္ေပၚလာေသာေၾကာင့္ သူ႔ရဲ႕ ဆုံးျဖတ္ခ်က္ကို ေျပာင္းလဲခဲ့ရပါတယ္။

Linko
Ref:AFP
နယူးေယာက္၊ ေအာက္တိုဘာ ၂၄