နီရက်ဘ် ဒုက္ခသည်စခန်း ဒုံးကျည်ထိမှန်သဖြင့် အရပ်သား၁၀ ဦးသေဆုံးဟု ကုလထုတ်ပြန်

နီရက်ဘ် ဒုက္ခသည်စခန်း ဒုံးကျည်ထိမှန်သဖြင့် အရပ်သား၁၀ ဦးသေဆုံးဟု ကုလထုတ်ပြန်

အလက်ပိုမြို့အနီး နီရက်ဘ်ဒုက္ခသည်စခန်းကို အင်္ဂါနေ့ညက ဒုံးကျည်ထိမှန်သဖြင့်  အနည်းဆုံး ပါလက်စတိုင်းဒုက္ခသည် ၁၀ ဦးသေဆုံးကာ ၃၀ ခန့်ဒဏ်ရာရခဲ့တယ်လို့ ကုလမှ ကြာသပတေးက  ထုတ်ပြန်ခဲ့ပါတယ်။

“ ဒုံးကျည်တွေက အလက်ပိုအနီးက နေထိုင်သူထူထပ်တဲ့ ပါလက်စတိုင်းဒုက္ခသည်စခန်းဖြစ်တဲ့ နီရက်ဘ်ဒုက္ခသည်စခန်းမှာ ရာမာဒန်ဥပုသ်ထွက် အီဖ်တာ အစာအစာစားဖို့ မိသားစုတွေ စုဝေးနေတဲ့အချိန်မှာ ထိမှန်ခဲ့တာ”လို့  ကုလလူသားချင်းသာနာထောက်ထားကူညီရေးအဖွဲ့UNRWA က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

“သေဆုံးသူတွေထဲမှာ လေးယောက်က ကလေးတွေဖြစ်ပြီး အငယ်ဆုံးက အသက် ၆ နှစ်အရွယ်ပါ။ ဒဏ်ရာရတဲ့ သူတွေကလည်း အတော်လေး စိုးရိမ်ရတဲ့ အခြေအနေပါလို့ “အဆိုပါထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။

Linko
Ref: zamanalwsl.net
အလက်ပို၊မေ ၁၇

(  Zawgyi   )




Linko
Ref: zamanalwsl.net
အလက်ပို၊မေ ၁၇