နေရောင်ခြည်က ကိုရိုနာဗိုင်းရပ်စ်ပိုးကို လျင်မြန်စွာသေစေနိုင်ဟု အမေရိကန်သိပ္ပံပညာရှင်များ ဆို

နေရောင်ခြည်က ကိုရိုနာဗိုင်းရပ်စ်ပိုးကို လျင်မြန်စွာသေစေနိုင်ဟု အမေရိကန်သိပ္ပံပညာရှင်များ ဆို

ကိုရိုနာဗိုင်းရပ်အသစ်ကူးစက်ရောဂါပိုးကိုနေရောင်ခြည်က လျင်မြန်စွာ သေစေနိုင်တာကို လေ့လာမှု အသစ်အတွင်း တွေ့ရတယ်လို့ အမေရိကန်တာဝန်ရှိသူတစ်ဦးက ကြာသပတေးနေ့က ပြောခဲ့ပါတယ်။  အဆိုပါ တွေ့ရှိချက်အသစ်ကို လူသိရှင်ကြားထုတ်ပြန်ခြင်းမရှိသေးဘဲ ပြင်ပ ပညာရှင်များ၏ အကဲဖြတ်အတည်ပြုမှုကို စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်တွင်းလုံခြုံရေးဌာန သိပ္ပံနှင့် နည်းပညာအကြံပေးပုဂ္ဂိုလ် ဝီလျံဘရိုင်ယန်က အိမ်ဖြူတော်တွင် သတင်းထောက်တွေကိုပြောခဲ့ရာမှာ အစိုးရသိပ္ပံပညာရှင်များက နေရောင်ခြည် ၏ ခရမ်း လွန်ရောင်ခြည်က ရောဂါပိုးကူးစက်ဖြစ်ပွားစေမှုကို သက်ရောက်စေနိုင်တာကို တွေ့ရှိ ခဲ့တဲ့ အတွက် လာမည့် နွေရာသီမှာ ကူးစက်ရောဂါဘေးကနေ လွတ်မြောက်ဖို့ မျှော်လင့်လာ နိုင်ကြောင်း ပြောခဲ့ပါတယ်။

“ဒီနေ့ ငါတို့လေ့လာတွေ့ရှိမှုကတော့ ဗိုင်းရပ်စ်တွေကိုသတ်ရာမှာ  နေရောင်ခြည်က မျက်နှာပြင်နဲ့ လေထဲမှာ အားကောင်းတဲ့ အကျိုးသက်ရောက်မှုရှိတာကိုတွေ့ရတယ်”လို့ ၎င်းက ပြောခဲ့ပါတယ်။“ အလားတူ အပူချိန်နဲ့စိုထိုင်းဆနှစ်ခုစလုံးမှာလည်း အကျိုးသက်ရောက်မှုအတူတူပဲဖြစ်ကြောင်း၊ အများအားဖြင့် အပူချိန်နဲ့ စိုထိုင်းဆတိုးမြင့်လာတဲ့နေရာတွေမှာ ဗိုင်းရပ်စ်ပိုးကို ပိုမိုလျော့နည်း စေတယ်လို့ ဆိုပါတယ်။

Linko
Ref: timeslive.co.za
ဝါရှင်တန်၊ ဧပြီ ၂၄

(  Zawgyi  )

ေနေရာင္ျခည္က ကို႐ိုနာဗိုင္းရပ္စ္ပိုးကို လ်င္ျမန္စြာေသေစႏိုင္ဟု အေမရိကန္သိပၸံပညာရွင္မ်ား ဆို

ကို႐ိုနာဗိုင္းရပ္အသစ္ကူးစက္ေရာဂါပိုးကိုေနေရာင္ျခည္က လ်င္ျမန္စြာ ေသေစႏိုင္တာကို ေလ့လာမႈ အသစ္အတြင္း ေတြ႕ရတယ္လို႔ အေမရိကန္တာဝန္ရွိသူတစ္ဦးက ၾကာသပေတးေန႔က ေျပာခဲ့ပါတယ္။  အဆိုပါ ေတြ႕ရွိခ်က္အသစ္ကို လူသိရွင္ၾကားထုတ္ျပန္ျခင္းမရွိေသးဘဲ ျပင္ပ ပညာရွင္မ်ား၏ အကဲျဖတ္အတည္ျပဳမႈကို ေစာင့္ဆိုင္းေနတယ္လို႔ ဆိုပါတယ္။

အေမရိကန္ျပည္တြင္းလုံၿခဳံေရးဌာန သိပၸံႏွင့္ နည္းပညာအႀကံေပးပုဂၢိဳလ္ ဝီလ်ံဘ႐ိုင္ယန္က အိမ္ျဖဴေတာ္တြင္ သတင္းေထာက္ေတြကိုေျပာခဲ့ရာမွာ အစိုးရသိပၸံပညာရွင္မ်ားက ေနေရာင္ျခည္ ၏ ခရမ္း လြန္ေရာင္ျခည္က ေရာဂါပိုးကူးစက္ျဖစ္ပြားေစမႈကို သက္ေရာက္ေစႏိုင္တာကို ေတြ႕ရွိ ခဲ့တဲ့ အတြက္ လာမည့္ ေႏြရာသီမွာ ကူးစက္ေရာဂါေဘးကေန လြတ္ေျမာက္ဖို႔ ေမွ်ာ္လင့္လာ ႏိုင္ေၾကာင္း ေျပာခဲ့ပါတယ္။

“ဒီေန႔ ငါတို႔ေလ့လာေတြ႕ရွိမႈကေတာ့ ဗိုင္းရပ္စ္ေတြကိုသတ္ရာမွာ  ေနေရာင္ျခည္က မ်က္ႏွာျပင္နဲ႔ ေလထဲမွာ အားေကာင္းတဲ့ အက်ိဳးသက္ေရာက္မႈရွိတာကိုေတြ႕ရတယ္”လို႔ ၎က ေျပာခဲ့ပါတယ္။
“ အလားတူ အပူခ်ိန္နဲ႔စိုထိုင္းဆႏွစ္ခုစလုံးမွာလည္း အက်ိဳးသက္ေရာက္မႈအတူတူပဲျဖစ္ေၾကာင္း၊ အမ်ားအားျဖင့္ အပူခ်ိန္နဲ႔ စိုထိုင္းဆတိုးျမင့္လာတဲ့ေနရာေတြမွာ ဗိုင္းရပ္စ္ပိုးကို ပိုမိုေလ်ာ့နည္း ေစတယ္လို႔ ဆိုပါတယ္။

Linko
Ref: timeslive.co.za
ဝါရွင္တန္၊ ဧၿပီ ၂၄