ပင်ဆဲလ်ဗေးနီးယားကလေးထိန်းကျောင်းမီးလောင်မှု ကလေး ၅ ဦးသေဆုံး

ပင်ဆဲလ်ဗေးနီးယားကလေးထိန်းကျောင်းမီးလောင်မှု ကလေး ၅ ဦးသေဆုံး

အမေရိကန်ပြည်ထောင်စု ပင်ဆဲလ်ဗေးနီးယားပြည်နယ်မှာ အခုလ ၁၁ ရက် (ဒေသစံတော်ချိန်) မနက် ၁ နာရီခန့်က ကလေးထိန်းကျောင်းရှိရာအဆောက်အဦတစ်ခု မီးလောင်ခဲ့လို့ ကလေး ၅ ဦးသေဆုံးခဲ့ရပါတယ်။

ပြည်နယ်အနောက်မြောက်ပိုင်း Erie မြို့မှာရှိတဲ့ Harris Family ကလေးထိန်းကျောင်းမှာ မီးလောင် မှုဖြစ်ခဲ့ပြီး၊ သေဆုံးသူကလေးတွေမှာ အသက် ၈လကနေ ၇ နှစ်အထိ ပါဝင်လို့လည်း သိရပါတယ်။ အဆောက်အဦ ပိုင်ရှင်နဲ့ အနီးအနားနေသူတစ်ဦး ဒဏ်ရာရခဲ့ပြီး၊ ဆေးရုံမှာကုသမှုပေးနေတယ်လို့ မြို့အာဏာပိုင်တွေဘက်က အတည်ပြုပြောပါတယ်။

ကလေးထိန်းကျောင်းရဲ့ ပထမထပ်ဧည့်ခန်းကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး၊ မီးလောင်ကျွမ်း ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့ စုံစမ်းရေးမှူး အကြီး အကဲက ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာကိုလာကြည့်တဲ့အမျိုးသမီးတစ်ဦးကလည်း ‘ကျွန်မမှာ မြေး ၄ ယောက်ရှိပါတယ်။ မိဘတွေ ညဆိုင်းဆင်းရတော့ ကလေး ၄ ယောက်စလုံး ဒီကျောင်းမှာပဲ ထားလာတာ ၁ နှစ်လောက် ရှိပါပြီ။ အခုဖြစ်တာကိုကြည့်ပြီး ကျွန်မတို့ ဘာဆက်လုပ်မှန်း မသိတော့ဘူး’ဆိုပြီး ဒေသခံ သတင်းစာ ကို ပြောပါတယ်။

Harris Family ကလေးထိန်းကျောင်းဟာ ပိတ်ရက်လုံးဝမရှိ၊ ၂၄ နာရီပတ်လုံးဖွင့်တဲ့ကျောင်းဖြစ်ပြီး၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ စည်းကမ်းသတ်မှတ်ချက်တွေအတိုင်း လိုက်နာမှုရှိတယ်လို့လည်း သိရပါတယ်။

ရည်မွန်
Ref: tvnz.co.nz
ဝါရှင်တန်၊ သြဂုတ် ၁၂ 

(  Zawgyi  )

အေမရိကန္ျပည္ေထာင္စု ပင္ဆဲလ္ေဗးနီးယားျပည္နယ္မွာ အခုလ ၁၁ ရက္ (ေဒသစံေတာ္ခ်ိန္) မနက္ ၁ နာရီခန႔္က ကေလးထိန္းေက်ာင္းရွိရာအေဆာက္အဦတစ္ခု မီးေလာင္ခဲ့လို႔ ကေလး ၅ ဦးေသဆုံးခဲ့ရပါတယ္။

ျပည္နယ္အေနာက္ေျမာက္ပိုင္း Erie ၿမိဳ႕မွာရွိတဲ့ Harris Family ကေလးထိန္းေက်ာင္းမွာ မီးေလာင္ မႈျဖစ္ခဲ့ၿပီး၊ ေသဆုံးသူကေလးေတြမွာ အသက္ ၈လကေန ၇ ႏွစ္အထိ ပါဝင္လို႔လည္း သိရပါတယ္။ အေဆာက္အဦ ပိုင္ရွင္နဲ႔ အနီးအနားေနသူတစ္ဦး ဒဏ္ရာရခဲ့ၿပီး၊ ေဆး႐ုံမွာကုသမႈေပးေနတယ္လို႔ ၿမိဳ႕အာဏာပိုင္ေတြဘက္က အတည္ျပဳေျပာပါတယ္။

ကေလးထိန္းေက်ာင္းရဲ႕ ပထမထပ္ဧည့္ခန္းကေန မီးစတင္ေလာင္ကြၽမ္းခဲ့တာျဖစ္ၿပီး၊ မီးေလာင္ကြၽမ္း ရတဲ့ အေၾကာင္းရင္းကိုေတာ့ စုံစမ္းစစ္ေဆးေနဆဲျဖစ္တယ္လို႔ မီးသတ္တပ္ဖြဲ႕ စုံစမ္းေရးမႉး အႀကီး အကဲက ေျပာပါတယ္။

အခင္းျဖစ္တဲ့ေနရာကိုလာၾကည့္တဲ့အမ်ိဳးသမီးတစ္ဦးကလည္း ‘ကြၽန္မမွာ ေျမး ၄ ေယာက္ရွိပါတယ္။ မိဘေတြ ညဆိုင္းဆင္းရေတာ့ ကေလး ၄ ေယာက္စလုံး ဒီေက်ာင္းမွာပဲ ထားလာတာ ၁ ႏွစ္ေလာက္ ရွိပါၿပီ။ အခုျဖစ္တာကိုၾကည့္ၿပီး ကြၽန္မတို႔ ဘာဆက္လုပ္မွန္း မသိေတာ့ဘူး’ဆိုၿပီး ေဒသခံ သတင္းစာ ကို ေျပာပါတယ္။

Harris Family ကေလးထိန္းေက်ာင္းဟာ ပိတ္ရက္လုံးဝမရွိ၊ ၂၄ နာရီပတ္လုံးဖြင့္တဲ့ေက်ာင္းျဖစ္ၿပီး၊ သက္ဆိုင္ရာအဖြဲ႕အစည္းေတြရဲ႕ စည္းကမ္းသတ္မွတ္ခ်က္ေတြအတိုင္း လိုက္နာမႈရွိတယ္လို႔လည္း သိရပါတယ္။

ရည္မြန္
Ref: tvnz.co.nz
ဝါရွင္တန္၊ ၾသဂုတ္ ၁၂