ပါကစ္စတန် စစ်လေယာဉ်တစ်စင်း လူနေရပ်ကွက်မှာပျက်ကျ၊ အနည်းဆုံး ၁၈ ဦးသေဆုံး

ပါကစ္စတန် စစ်လေယာဉ်တစ်စင်း လူနေရပ်ကွက်မှာပျက်ကျ၊ အနည်းဆုံး ၁၈ ဦးသေဆုံး

ပါကစ္စတန် စစ်လေယာဉ်တစ်စင်း လူနေရပ်ကွက်ထဲ ပျက်ကျခဲ့တာကြောင့် လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

ဒီကနေ့ ၃၀ ရက် မနက်အစောပိုင်းက ပန်ဂျပ်ပြည်နယ် Rawalpind မြို့၊ Mora Kalu ရွာမှာ အသေးစား စစ်လေယာဉ်တစ်စင်း ပုံမှန်လေ့ကျင့်ပျံသန်းရေး လုပ်နေစဉ် ပျက်ကျခဲ့တာဖြစ်တယ်လို့ အဲဒီလေယာဉ်စစ်ဌာချုပ် သတင်းပြန်ကြားရေးက အတည်ပြုထုတ်ပြန်ပါတယ်။

Rawalpind မြို့ဟာ အစ္စလာမ္မာဘတ်မြို့တော် အနီးမှာ တည်ရှိပြီး၊ ပါကစ္စတန် စစ်ဌာနချုပ်တည်ရှိရာ မြို့လည်း ဖြစ်ပါတယ်။

လေယာဉ်ပျက်ကျမှုအတွင်း အနည်းဆုံး လူနေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။လေယာဉ်မှူး ၂ ဦး အပါအဝင် လေယာဉ်အမှုထမ်း ၅ ဦး၊ ကလေးတွေ အပါအဝင် အရပ်သား ၁၃ ဦးသေဆုံးပြီး၊ ၁၂ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တစ်ခုက ပြောပါတယ်။

ဒဏ်ရာရတဲ့သူတွေကို ဆေးရုံမှာ အရေးပေါ်ကုသမှုပေးနေပါတယ်။တချို့လည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ပြောပါတယ်။

လေယာဉ်ပျက်မကျခင်ကတည်းက မီးလောင်တာတွေ့ရတယ်လို့ မျက်မြင်တချို့ပြောတာ ရှိပါတယ်။ခုချိန်ထိ လေယာဉ်ပျက်ကျတဲ့ အကြောင်းရင်းကို စုံစမ်းဆဲဖြစ်သလို၊ အဲဒီလေယာဉ်အမျိုးအစားကိုလည်း မသိရသေးပါဘူး။

ကယ်ဆယ်ရေးတွေက အပျက်အစီးတွေအောက် ရုပ်အလောင်းတွေ ရှာဖွေနေပါတယ်။မီးလောင်ကျွမ်းမှုကြောင့် တချို့အလောင်းတွေ ရုပ်ပျက်ဆင်းပျက်ဖြစ်နေလို့ DNA စစ်ဆေးမှုလုပ်ပြီးမှ ဘယ်သူဘယ်ဝါ သိနိုင်မယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် အင်မရန်ခန်း ကလည်း သေဆုံး၊ ဒဏ်ရာရသူ မိသားစုဝင်တွေနဲ့ ထပ်တူဝမ်းနည်းကြောင်း ပြောခဲ့ပါတယ်။

ဒေသခံတစ်ဦးကတော့ ‘မနက် ၂ နာရီလောက်မှာ ပေါက်ကွဲသံကြားလို့ လန့်နိုးခဲ့ပါတယ်။အိမ်ပြင်ထွက်ကြည့်တော့ မီးခိုးလုံးကြီးတွေမြင်တာနဲ့ လေယာဉ်ပျက်ကျတဲ့နေရာကို အပြေးသွားကြည့်ခဲ့တယ်’ လို့ ဆိုပါတယ်။‘လူတွေ အော်ဟစ်နေကြပါတယ်။ကျွန်တော်တို့ သူတို့ကိုကယ်ဖို့ ကြိုးစားပေမဲ့ မီးရှိန်သိပ်ပြင်းနေတယ်’ လို့ အဲဒီမျက်မြင်က ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာမှာရှိတဲ့ AFP သတင်းထောက် ပြောတာကတော့ လေယာဉ်အပျက်အစီးတွေနဲ့ ပျက်ကျတဲ့နေရာက အိမ်တွေကနေ မီးခိုးလုံးတွေ တွေ့ရပါတယ်။အနီးအနားက အိမ်ခေါင်မိုးပေါ်မှာ လေယာဉ်အစိတ်အပိုင်းတွေ တွေ့ရတယ်လို့ ပြောပါတယ်။အခုလေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာတွေ လုပ်နေပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း မကြာခဏဆိုသလို လေယာဉ်နဲ့ ရဟတ်ယာဉ် ပျက်ကျမှုတွေ ဖြစ်လေ့ရှိတယ်လို့လည်း သိရပါတယ်။  

ရည်မွန်
Ref : AFP & www.rferl.
အစ္စလာမ္မာဘတ်၊ ဇူလိုင် - ၃၀

( Zawgyi )

ပါကစၥတန္ စစ္ေလယာဥ္တစ္စင္း လူေနရပ္ကြက္ထဲ ပ်က္က်ခဲ့တာေၾကာင့္ လူ ၁၈ ဦးထက္မနည္း ေသဆုံးခဲ့တယ္လို႔ AFP သတင္းမွာ ေဖာ္ျပထားပါတယ္။

ဒီကေန႔ ၃၀ ရက္ မနက္အေစာပိုင္းက ပန္ဂ်ပ္ျပည္နယ္ Rawalpind ၿမိဳ႕၊ Mora Kalu ႐ြာမွာ အေသးစား စစ္ေလယာဥ္တစ္စင္း ပုံမွန္ေလ့က်င့္ပ်ံသန္းေရး လုပ္ေနစဥ္ ပ်က္က်ခဲ့တာျဖစ္တယ္လို႔ အဲဒီေလယာဥ္စစ္ဌာခ်ဳပ္ သတင္းျပန္ၾကားေရးက အတည္ျပဳထုတ္ျပန္ပါတယ္။

Rawalpind ၿမိဳ႕ဟာ အစၥလာမၼာဘတ္ၿမိဳ႕ေတာ္ အနီးမွာ တည္ရွိၿပီး၊ ပါကစၥတန္ စစ္ဌာနခ်ဳပ္တည္ရွိရာ ၿမိဳ႕လည္း ျဖစ္ပါတယ္။

ေလယာဥ္ပ်က္က်မႈအတြင္း အနည္းဆုံး လူေနအိမ္ ၃ လုံး မီးေလာင္ပ်က္စီးခဲ့ရတယ္လို႔ သတင္းေတြက ဆိုပါတယ္။ေလယာဥ္မႉး ၂ ဦး အပါအဝင္ ေလယာဥ္အမႈထမ္း ၅ ဦး၊ ကေလးေတြ အပါအဝင္ အရပ္သား ၁၃ ဦးေသဆုံးၿပီး၊ ၁၂ ဦးထက္မနည္း ဒဏ္ရာရခဲ့တယ္လို႔ ကယ္ဆယ္ေရးအဖြဲ႕တစ္ခုက ေျပာပါတယ္။

ဒဏ္ရာရတဲ့သူေတြကို ေဆး႐ုံမွာ အေရးေပၚကုသမႈေပးေနပါတယ္။တခ်ိဳ႕လည္း အသက္အႏၲရာယ္ စိုးရိမ္ရတဲ့ အေျခအေနရွိတယ္လို႔ ေျပာပါတယ္။

ေလယာဥ္ပ်က္မက်ခင္ကတည္းက မီးေလာင္တာေတြ႕ရတယ္လို႔ မ်က္ျမင္တခ်ိဳ႕ေျပာတာ ရွိပါတယ္။ခုခ်ိန္ထိ ေလယာဥ္ပ်က္က်တဲ့ အေၾကာင္းရင္းကို စုံစမ္းဆဲျဖစ္သလို၊ အဲဒီေလယာဥ္အမ်ိဳးအစားကိုလည္း မသိရေသးပါဘူး။

ကယ္ဆယ္ေရးေတြက အပ်က္အစီးေတြေအာက္ ႐ုပ္အေလာင္းေတြ ရွာေဖြေနပါတယ္။မီးေလာင္ကြၽမ္းမႈေၾကာင့္ တခ်ိဳ႕အေလာင္းေတြ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနလို႔ DNA စစ္ေဆးမႈလုပ္ၿပီးမွ ဘယ္သူဘယ္ဝါ သိႏိုင္မယ္လို႔ ဆိုပါတယ္။

ဝန္ႀကီးခ်ဳပ္ အင္မရန္ခန္း ကလည္း ေသဆုံး၊ ဒဏ္ရာရသူ မိသားစုဝင္ေတြနဲ႔ ထပ္တူဝမ္းနည္းေၾကာင္း ေျပာခဲ့ပါတယ္။

ေဒသခံတစ္ဦးကေတာ့ ‘မနက္ ၂ နာရီေလာက္မွာ ေပါက္ကြဲသံၾကားလို႔ လန႔္ႏိုးခဲ့ပါတယ္။အိမ္ျပင္ထြက္ၾကည့္ေတာ့ မီးခိုးလုံးႀကီးေတြျမင္တာနဲ႔ ေလယာဥ္ပ်က္က်တဲ့ေနရာကို အေျပးသြားၾကည့္ခဲ့တယ္’ လို႔ ဆိုပါတယ္။‘လူေတြ ေအာ္ဟစ္ေနၾကပါတယ္။ကြၽန္ေတာ္တို႔ သူတို႔ကိုကယ္ဖို႔ ႀကိဳးစားေပမဲ့ မီးရွိန္သိပ္ျပင္းေနတယ္’ လို႔ အဲဒီမ်က္ျမင္က ေျပာပါတယ္။

အခင္းျဖစ္တဲ့ေနရာမွာရွိတဲ့ AFP သတင္းေထာက္ ေျပာတာကေတာ့ ေလယာဥ္အပ်က္အစီးေတြနဲ႔ ပ်က္က်တဲ့ေနရာက အိမ္ေတြကေန မီးခိုးလုံးေတြ ေတြ႕ရပါတယ္။အနီးအနားက အိမ္ေခါင္မိုးေပၚမွာ ေလယာဥ္အစိတ္အပိုင္းေတြ ေတြ႕ရတယ္လို႔ ေျပာပါတယ္။အခုေလယာဥ္ပ်က္က်မႈနဲ႔ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးတာေတြ လုပ္ေနပါတယ္။

ပါကစၥတန္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း မၾကာခဏဆိုသလို ေလယာဥ္နဲ႔ ရဟတ္ယာဥ္ ပ်က္က်မႈေတြ ျဖစ္ေလ့ရွိတယ္လို႔လည္း သိရပါတယ္။  

ရည္မြန္
Ref : AFP & www.rferl.
အစၥလာမၼာဘတ္၊ ဇူလိုင္ - ၃၀