ပါကစ္စတန် အာဏာပိုင်များက အစ္စလာမ္မစ်ခေါင်းဆောင်ကို ဖမ်းဆီး

ပါကစ္စတန် အာဏာပိုင်များက အစ္စလာမ္မစ်ခေါင်းဆောင်ကို ဖမ်းဆီး

အမေရိကန်နဲ့ ကုလသမဂ္ဂတို့ကအကြမ်းဖက် အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားသည့် ပါကစ္စတန် အခြေစိုက် Jamaat-ud-Dawa (JuD) နှင့် အဆိုပါအဖွဲ့နှင့် ပူးတွဲဖြစ်သည့် Falah-e-Insaniat (FiF)ကူညီလှူဒါန်းရေးအဖွဲ့တို့၏ အကြီးတန်းခေါင်းဆောင်တစ်ဦးကိုပါကစ္စတန် အာဏာပိုင် များကမေ ၁၅ ရက်မှ ဖမ်းဆီးလိုက်ပါတယ်။

အဗ္ဗဒူရီမန်မက်ကီကိုအမုန်းတရားများလှုံ့ဆော်မှု၊ စစ်သွေးကြွအဖွဲ့အစည်းတွေကိုအစိုးရက နိုင်ငံအနှံ့ဖြိုခွင်းမှု တွေနဲ့ ပတ်သက်လို့ အာဏာပိုင် များကိုအသရေဖျက် ပုတ်ခတ်မှုတို့ကြောင့် ပန်ဂျပ်ပြည်နယ် အကျဉ်းထောင်ကိုခေါ်ဆောင်သွားခဲ့ပါတယ်။ အစိုးရက ဘာသာရေးအုပ်စုတွေအပေါ် အယူဆောင်ရွက်မှုကိုမကျေနပ်ကြောင်းမကြာသေးမီက ပြုလုပ်တဲ့ ဟောပြောပွဲတစ်ခုမှာ ရှုတ်ချခဲ့ပါတယ်။ ဒါ့အပြင် ပါကစ္စတန်နိုင်ငံအတွင်း အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ ဘဏ္ဍာရေးကဏ္ဍများနဲ့ ပတ်သက်ပြီးအစိုးရကိုသတိပေးမှုတွေ ပြုလုပ်ခဲ့သည့် ကမ္ဘာ့အကြမ်းဖက် စောင့်ကြည့်ရေးအဖွဲ့ Financial Task Force (FATF)ကိုလည်း ပြစ်တင်ရှုတ် ချခဲ့ပါတယ်။

အဆိုပါ ဟောပြောပွဲမှာသူက တရားမဝင် JuDအကြမ်းဖက်အုပ်စုအတွက်လည်းအလှူငွေ ကောက်ခံမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ပါကစ္စတန်နိုင်ငံတွင်းမှ စစ်သွေးကြွ အုပ်စုများဟာဘာသာရေးနှင့် နွမ်းပါးသူများကိုထောက်ပံ့ရန် ဟန်ပြပြီးအလှူငွေများကောက်ခံပေမယ့် ရရှိတဲ့ ငွေများကို နိုင်ငံအတွင်းနဲ့ အပြင်မှာရှိတဲ့ အကြမ်းဖက် အုပ်စုများကိုကူညီထောက်ပံ့နေပါတယ်။

မက်ကီဟာFiFရဲ့ အကြီးအကဲဖြစ်တဲ့အပြင် နိုင်ငံရေးနဲ့ နိုင်ငံတကာရေးရာလုပ်ငန်းအဖွဲ့ဖြစ်တဲ့ JuD ကိုလည်းဦးဆောင်နေပါတယ်။ သူဟာအမေရိကန်နဲ့ ကုလသမဂ္ဂတို့ကကမ္ဘာ့အကြမ်းဖက် တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူJuDကိုထူထောင်သူဟာဇစ်ဇ်ဆာအိဒ်ရဲ့ လက်ထောက်အကြီးအကဲလို့လည်း ယူဆခံထားရပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကပံ့ပိုးထားတဲ့ U.S Rewards for Justice Program (RFJ) က မက်ကီကိုအကြမ်းဖက်အဖွဲ့တွေနဲ့ ပတ်သက်မှုအတွက် ဖမ်းဆီးနိုင်ဖို့ ၂၀၁၂ ခုနှစ်ကဆုကြေးဒေါ်လာ ၂ သန်းထုတ်ပြန်ခဲ့ပါတယ်။

Linko
Ref:VOA News
အစ္စလာမာဘတ်စ်၊မေ ၁၆

(   Zawgyi   )

 အေမရိကန္နဲ႔ ကုလသမဂၢတို႔ကအၾကမ္းဖက္ အဖြဲ႕အစည္းမ်ားအျဖစ္ သတ္မွတ္ထားသည့္ ပါကစၥတန္ အေျခစိုက္ Jamaat-ud-Dawa (JuD) ႏွင့္ အဆိုပါအဖြဲ႕ႏွင့္ ပူးတြဲျဖစ္သည့္ Falah-e-Insaniat (FiF)ကူညီလႉဒါန္းေရးအဖြဲ႕တို႔၏ အႀကီးတန္းေခါင္းေဆာင္တစ္ဦးကိုပါကစၥတန္ အာဏာပိုင္ မ်ားကေမ ၁၅ ရက္မွ ဖမ္းဆီးလိုက္ပါတယ္။

အဗၺဒူရီမန္မက္ကီကိုအမုန္းတရားမ်ားလႈံ႕ေဆာ္မႈ၊ စစ္ေသြးႂကြအဖြဲ႕အစည္းေတြကိုအစိုးရက ႏိုင္ငံအႏွံ႔ၿဖိဳခြင္းမႈ ေတြနဲ႔ ပတ္သက္လို႔ အာဏာပိုင္ မ်ားကိုအသေရဖ်က္ ပုတ္ခတ္မႈတို႔ေၾကာင့္ ပန္ဂ်ပ္ျပည္နယ္ အက်ဥ္းေထာင္ကိုေခၚေဆာင္သြားခဲ့ပါတယ္။ အစိုးရက ဘာသာေရးအုပ္စုေတြအေပၚ အယူေဆာင္႐ြက္မႈကိုမေက်နပ္ေၾကာင္းမၾကာေသးမီက ျပဳလုပ္တဲ့ ေဟာေျပာပြဲတစ္ခုမွာ ရႈတ္ခ်ခဲ့ပါတယ္။ ဒါ့အျပင္ ပါကစၥတန္ႏိုင္ငံအတြင္း အၾကမ္းဖက္ အဖြဲ႕အစည္းေတြရဲ႕ ဘ႑ာေရးက႑မ်ားနဲ႔ ပတ္သက္ၿပီးအစိုးရကိုသတိေပးမႈေတြ ျပဳလုပ္ခဲ့သည့္ ကမာၻ႔အၾကမ္းဖက္ ေစာင့္ၾကည့္ေရးအဖြဲ႕ Financial Task Force (FATF)ကိုလည္း ျပစ္တင္ရႈတ္ ခ်ခဲ့ပါတယ္။

အဆိုပါ ေဟာေျပာပြဲမွာသူက တရားမဝင္ JuDအၾကမ္းဖက္အုပ္စုအတြက္လည္းအလႉေငြ ေကာက္ခံမႈေတြ လုပ္ေဆာင္ခဲ့ပါတယ္။ပါကစၥတန္ႏိုင္ငံတြင္းမွ စစ္ေသြးႂကြ အုပ္စုမ်ားဟာဘာသာေရးႏွင့္ ႏြမ္းပါးသူမ်ားကိုေထာက္ပံ့ရန္ ဟန္ျပၿပီးအလႉေငြမ်ားေကာက္ခံေပမယ့္ ရရွိတဲ့ ေငြမ်ားကို ႏိုင္ငံအတြင္းနဲ႔ အျပင္မွာရွိတဲ့ အၾကမ္းဖက္ အုပ္စုမ်ားကိုကူညီေထာက္ပံ့ေနပါတယ္။

မက္ကီဟာFiFရဲ႕ အႀကီးအကဲျဖစ္တဲ့အျပင္ ႏိုင္ငံေရးနဲ႔ ႏိုင္ငံတကာေရးရာလုပ္ငန္းအဖြဲ႕ျဖစ္တဲ့ JuD ကိုလည္းဦးေဆာင္ေနပါတယ္။ သူဟာအေမရိကန္နဲ႔ ကုလသမဂၢတို႔ကကမာၻ႔အၾကမ္းဖက္ တစ္ဦးအျဖစ္ သတ္မွတ္ခံထားရသူJuDကိုထူေထာင္သူဟာဇစ္ဇ္ဆာအိဒ္ရဲ႕ လက္ေထာက္အႀကီးအကဲလို႔လည္း ယူဆခံထားရပါတယ္။

အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနကပံ့ပိုးထားတဲ့ U.S Rewards for Justice Program (RFJ) က မက္ကီကိုအၾကမ္းဖက္အဖြဲ႕ေတြနဲ႔ ပတ္သက္မႈအတြက္ ဖမ္းဆီးႏိုင္ဖို႔ ၂၀၁၂ ခုႏွစ္ကဆုေၾကးေဒၚလာ ၂ သန္းထုတ္ျပန္ခဲ့ပါတယ္။

Linko
Ref:VOA News
အစၥလာမာဘတ္စ္၊ေမ ၁၆