ပါပူဝါနယူးဂီနီနဲ့ အရှေ့တောင်အာရှဒေသတွင်း တောမီးစုစုပေါင်း ၁၉,၀၀၀နီးပါး လောင်ကျွမ်းနေ

ပါပူဝါနယူးဂီနီနဲ့ အရှေ့တောင်အာရှဒေသတွင်း တောမီးစုစုပေါင်း ၁၉,၀၀၀နီးပါး လောင်ကျွမ်းနေ

အရှေ့တောင်အာရှနဲ့ ပါပူဝါနယူးဂီနီမှာ ပြီးခဲ့တဲ့သီတင်း၂ ပတ်အတွင်း တောမီးလောင်ကျွမ်းမှု ၁၈,၈၉၅ခု ရှိခဲ့တယ်လို့ အင်ဒိုနီးရှား မိုးလေဝသ ဌာနက ထုတ်ပြန်ပါတယ်။ အဲဒီအချက်အလက်တွေကို Terraဂြိုဟ်တုနဲ့ ဂျပန် Himawari ဂြိုဟ်တုဓာတ်ပုံတွေအရ စုံစမ်းသိရှိခဲ့တာ ဖြစ်ပါတယ်။
 သြဂုတ် ၄ ရက်နေ့က ရရှိတဲ့အချက်အလက်တွေအရ အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း တောမီး ၃,၁၉၁ ခုအထိ လောင်ကျွမ်းနေပြီး၊ Riauပြည်နယ်၊ Kalimantanပြည်နယ်အလယ်ပိုင်း၊ အနောက်ပိုင်းတို့မှာ ပြင်းထန်တယ်လို့ သိရပါတယ်။ သြဂုတ် ၇ ရက်နေ့မှာတော့ အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း တောမီး ၇၇၃ခုအထိ ကူးစက်ပျံ့နှံ့ခဲ့ပါတယ်။

အလားတူ မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မြန်မာ၊ ဖိလစ်ပိုင်စတဲ့အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ အခုလိုတောမီးလောင်ကျွမ်းမှုပမာဏ မြင့်တက်လာတာဟာ လက်ရှိကမ္ဘာ့လေထုဖိအားအခြေအနေနဲ့ ရာသီဥတုပူပြင်းခြောက်သွေ့မှုတို့ကြောင့်ဖြစ်တယ်လို့ အင်ဒိုနီးရှားမိုးဇလအကြီးအကဲတစ်ဦးက ပြောပါတယ်။

၂၀၁၉ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း မြေဟက်တာပေါင်း ၁၃၆,၀၀၀နီးပါး တောမီးကူးစက် လောင်ကျွမ်း ခဲ့ပြီးဖြစ်ပါတယ်။ ဒီအတွက် အင်ဒိုနီးရှားမိုးဇလဌာနအနေနဲ့ကလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောနဲ့ အမျိုးသားသဘဝဘေးအန္တရာယ် ကာကွယ်ရေး ဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းပြီး တောမီးလောင် ကျွမ်းမှုဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ လေထုညစ်ညမ်းမှုနဲ့ မိုးခေါင်ရေရှားမှု ပပျောက်ရေး တို့ကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ရည်မွန်
Ref: en.vietnamplus.vn
ဂျကာတာ၊ သြဂုတ် ၈

(  Zawgyi  )

 အေရွ႕ေတာင္အာရွနဲ႔ ပါပူဝါနယူးဂီနီမွာ ၿပီးခဲ့တဲ့သီတင္း၂ ပတ္အတြင္း ေတာမီးေလာင္ကြၽမ္းမႈ ၁၈,၈၉၅ခု ရွိခဲ့တယ္လို႔ အင္ဒိုနီးရွား မိုးေလဝသ ဌာနက ထုတ္ျပန္ပါတယ္။ အဲဒီအခ်က္အလက္ေတြကို Terraၿဂိဳဟ္တုနဲ႔ ဂ်ပန္ Himawari ၿဂိဳဟ္တုဓာတ္ပုံေတြအရ စုံစမ္းသိရွိခဲ့တာ ျဖစ္ပါတယ္။
 ၾသဂုတ္ ၄ ရက္ေန႔က ရရွိတဲ့အခ်က္အလက္ေတြအရ အင္ဒိုနီးရွားႏိုင္ငံတစ္ဝန္း ေတာမီး ၃,၁၉၁ ခုအထိ ေလာင္ကြၽမ္းေနၿပီး၊ Riauျပည္နယ္၊ Kalimantanျပည္နယ္အလယ္ပိုင္း၊ အေနာက္ပိုင္းတို႔မွာ ျပင္းထန္တယ္လို႔ သိရပါတယ္။ ၾသဂုတ္ ၇ ရက္ေန႔မွာေတာ့ အင္ဒိုနီးရွားႏိုင္ငံတစ္ဝန္း ေတာမီး ၇၇၃ခုအထိ ကူးစက္ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

အလားတူ မေလးရွား၊ ထိုင္း၊ ကေမာၻဒီးယား၊ ဗီယက္နမ္၊ ျမန္မာ၊ ဖိလစ္ပိုင္စတဲ့အေရွ႕ေတာင္အာရွႏိုင္ငံေတြမွာလည္း ေတာမီးေလာင္ကြၽမ္းမႈေတြ ျဖစ္ေပၚေနတယ္လို႔ ဆိုပါတယ္။ အခုလိုေတာမီးေလာင္ကြၽမ္းမႈပမာဏ ျမင့္တက္လာတာဟာ လက္ရွိကမာၻ႔ေလထုဖိအားအေျခအေနနဲ႔ ရာသီဥတုပူျပင္းေျခာက္ေသြ႕မႈတို႔ေၾကာင့္ျဖစ္တယ္လို႔ အင္ဒိုနီးရွားမိုးဇလအႀကီးအကဲတစ္ဦးက ေျပာပါတယ္။

၂၀၁၉ခုႏွစ္အတြင္း အင္ဒိုနီးရွားႏိုင္ငံတစ္ဝန္း ေျမဟက္တာေပါင္း ၁၃၆,၀၀၀နီးပါး ေတာမီးကူးစက္ ေလာင္ကြၽမ္း ခဲ့ၿပီးျဖစ္ပါတယ္။ ဒီအတြက္ အင္ဒိုနီးရွားမိုးဇလဌာနအေနနဲ႔ကလည္း သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး၊ သစ္ေတာနဲ႔ အမ်ိဳးသားသဘဝေဘးအႏၲရာယ္ ကာကြယ္ေရး ဝန္ႀကီးဌာနတို႔နဲ႔ ပူးေပါင္းၿပီး ေတာမီးေလာင္ ကြၽမ္းမႈေဘးအႏၲရာယ္ ႀကိဳတင္ကာကြယ္ေရး၊ ေလထုညစ္ညမ္းမႈနဲ႔ မိုးေခါင္ေရရွားမႈ ပေပ်ာက္ေရး တို႔ကို အရွိန္အဟုန္ျမႇင့္လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

ရည္မြန္
Ref: en.vietnamplus.vn
ဂ်ကာတာ၊ ၾသဂုတ္ ၈