ပါရှန်း ပင်လယ်ကွေ့တွင် GPS စွက်ဖက်မှုများ၊ ဆက်သွယ်ရေး နှောက်ယှက်မှုများ မလုပ်ရန် အမေရိကန် သတိပေး

ပါရှန်း ပင်လယ်ကွေ့တွင် GPS စွက်ဖက်မှုများ၊ ဆက်သွယ်ရေး နှောက်ယှက်မှုများ မလုပ်ရန် အမေရိကန် သတိပေး

အမေရိကန်သို့မဟုတ် မဟာမိတ်စစ်သင်္ဘောများမှဟုဆိုကာ အမည်မသိ အဖွဲ့အစည်းများက အီးမေးလ်များ နှောက်ယှက်ပေးပို့နေမှုနှင့် ပတ်သက်၍ ဟော့မုဇ်ရေလက်ကြားနှင့် ပါရှန်းပင်လယ်ကွေ့တို့တွင် အီရန်တို့၏ နှောက်ယှက်မှုများ ရှိနေကြောင်း အမေရိကန် သယ်ယူ ပို့ဆောင်ရေး ဌာနကကုန်သွယ်ရေး သင်္ဘောကုမ္ပဏီများကို သြဂုတ် ၇ ရက်မှာ သတိပေး ပြောကြားလိုက်ပါတယ်။

မေလမှ စ၍ ဗြိတိန်အလံတင်သင်္ဘော M/V Stena Impero ကို ဖမ်းဆီး ခြင်းနှင့် လစ်ဗျားအလံတင် M/V Mesdar သင်္ဘောတို့ကို ယာယီ ထိန်းသိမ်းခဲ့ခြင်းတို့ကို အီရန်က လုပ်ဆောင်ခဲ့ကြောင်း အဆိုပါ သတိပေးချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။အီရန်စစ်တပ်နှင့် နောက်ဆုံးတွေ့ကြုံခဲ့သည့် နောက်ဆုံး နှစ်ကြိမ်ထက်မနည်းတွင် GPS နှောက်ယှက်မှုများ နှင့် ကြုံတွေ့ရကြောင်း သင်္ဘောများက သတင်း ပို့ခဲ့ပါတယ်။ သင်္ဘောတစ်စင်းက ၎င်း၏ အလိုအလျှောက် လမ်းကြောင်းမှတ်သားမှုစနစ် အလုပ်မလုပ်တော့ဘဲ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပါတယ်။M/V Stena Impero သည်လည်း လမ်းကြောင်း ရှာဖွေသည့်စနစ် ပိတ်သွားကာ အီရန်တော် လှန်ရေးတပ်ဖွဲ့များ၏ သတိပေးချက်များကို မရရှိတော့ဘဲ ဖမ်းဆီးခံခဲ့ရကြောင်း အမည်မဖော်လိုသူ စစ်ဘက် သတင်းရင်းမြစ်တစ်ဦးက အီရန်နိုင်ငံပိုင် သတင်းဌာန IRNA သို့ ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

အီရန်က GPS နှောက်ယှက်ဟန့်တားသည့် စက်များကို ၎င်း၏ ပိုက်နက်ဖြစ်သည့် ဟော့မုဇ်ရေလက်ကြား ဝင်ပေါက်အနီးရှိ ပါရှန်း ပင်လယ်ကွေ့ တွင်ရှိသော အဘူမူဆာကျွန်းပေါ်တွင် ထားရှိကြောင်း အမေရိကန် ကာကွယ်ရေးအရာရှိတစ်ဦးက စီအင်န်အင်န်သို့ ပြောကြားပါတယ်။ ယင်းစက်များသည် အရပ်ဖက်လေယာဉ်နှင့် သင်္ဘောတို့၏ လမ်းပြစနစ်တို့ကို နှောက်ယှက်နိုင်ပါတယ်။ GPS ချို့ယွင်းချက်ကြောင့် သင်္ဘော သို့မဟုတ် လေယာဉ်များသည် အီရန်ပိုင်နက်အတွင်းသို့ မှားယွင်းစွာ ဝင်ရောက်ခြင်းဖြင့် အီရန်အနေဖြင့် ၎င်းတို့ကို ဖမ်းဆီးရန် အကြောင်းပြချက် ရရှိမှာ ဖြစ်ပါတယ်။

သို့သော် ယင်းနှောက်ယှက်စက်များသည် အမေရိကန်စစ်ရေယာဉ်နှင့် လေယာဉ်တို့ကို ထိခိုက်မှု မရှိနိုင်ကြောင်း အဆိုပါ အရာရှိက ပြောပါတယ်။ Stena Imperoရေနံတင်သင်္ဘော လမ်းကြောင်းမှားယွင်းပြီး အီရန်ရေပိုင်နက်အတွင်း ရောက်ရှိခဲ့စဉ်က အဆိုပါ နိုင်ငံအနေဖြင့် ရုရှားတို့၏ GPS ကြားဝင်နှောက်ယှက်သည့် စနစ်ကို အသုံးပြုခဲ့ပုံကြောင်း ဗြိတိန်ထောက်လှမ်းရေး အဖွဲ့အစည်းများဖြစ်သည့် MI6 နှင့် GCHQ တို့က သံသယရှိခဲ့ကြောင်း ဗြိတိန်မီဒီယာများမှာ ဇူလိုင်လက ဖော်ပြခဲ့ပါတယ်။

ဇွန်လအတွင်းက အစ္စရေးလေဆိပ်အာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်တွင် လုပ်ငန်းသုံးလေကြောင်း လိုင်းမှ လေယာဉ်မှူးများအနေဖြင့် လေယာဉ် ဆင်းသက်ရာတွင် အခက်အခဲများဖြစ်ပေါ်ခဲ့ပြီး ကြားဖြတ် နှောက်ယှက်မှုများ ကြုံတွေ့ခဲ့ရကြောင်း ဖော်ပြထားပါတယ်။ ရုရှားက အရပ်ဖက် လေယာဉ် များ၏ လမ်းကြောင်းပြစနစ်ကို နှောက်ယှက်နေကြောင်း အစ္စရေးအာဏာပိုင်များက ယုံကြည်ထားသည်ဟု သတင်းများမှာ ဖော်ပြခဲ့ပါတယ်။ အစ္စရေးစစ်တပ်ရေဒီယို ကလည်း ရန်လိုသည့် တိုက်ခိုက်မှုတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။

Linko
Ref: jpost.com
ဝါရှင်တန်၊သြဂုတ် ၈

(  Zawgyi  )

 အေမရိကန္သို႔မဟုတ္ မဟာမိတ္စစ္သေဘၤာမ်ားမွဟုဆိုကာ အမည္မသိ အဖြဲ႕အစည္းမ်ားက အီးေမးလ္မ်ား ေႏွာက္ယွက္ေပးပို႔ေနမႈႏွင့္ ပတ္သက္၍ ေဟာ့မုဇ္ေရလက္ၾကားႏွင့္ ပါရွန္းပင္လယ္ေကြ႕တို႔တြင္ အီရန္တို႔၏ ေႏွာက္ယွက္မႈမ်ား ရွိေနေၾကာင္း အေမရိကန္ သယ္ယူ ပို႔ေဆာင္ေရး ဌာနကကုန္သြယ္ေရး သေဘၤာကုမၸဏီမ်ားကို ၾသဂုတ္ ၇ ရက္မွာ သတိေပး ေျပာၾကားလိုက္ပါတယ္။

ေမလမွ စ၍ ၿဗိတိန္အလံတင္သေဘၤာ M/V Stena Impero ကို ဖမ္းဆီး ျခင္းႏွင့္ လစ္ဗ်ားအလံတင္ M/V Mesdar သေဘၤာတို႔ကို ယာယီ ထိန္းသိမ္းခဲ့ျခင္းတို႔ကို အီရန္က လုပ္ေဆာင္ခဲ့ေၾကာင္း အဆိုပါ သတိေပးခ်က္မွာ ထည့္သြင္းေဖာ္ျပထားပါတယ္။အီရန္စစ္တပ္ႏွင့္ ေနာက္ဆုံးေတြ႕ႀကဳံခဲ့သည့္ ေနာက္ဆုံး ႏွစ္ႀကိမ္ထက္မနည္းတြင္ GPS ေႏွာက္ယွက္မႈမ်ား ႏွင့္ ႀကဳံေတြ႕ရေၾကာင္း သေဘၤာမ်ားက သတင္း ပို႔ခဲ့ပါတယ္။ သေဘၤာတစ္စင္းက ၎၏ အလိုအေလွ်ာက္ လမ္းေၾကာင္းမွတ္သားမႈစနစ္ အလုပ္မလုပ္ေတာ့ဘဲ ဖမ္းဆီးခံခဲ့ရျခင္း ျဖစ္ပါတယ္။M/V Stena Impero သည္လည္း လမ္းေၾကာင္း ရွာေဖြသည့္စနစ္ ပိတ္သြားကာ အီရန္ေတာ္ လွန္ေရးတပ္ဖြဲ႕မ်ား၏ သတိေပးခ်က္မ်ားကို မရရွိေတာ့ဘဲ ဖမ္းဆီးခံခဲ့ရေၾကာင္း အမည္မေဖာ္လိုသူ စစ္ဘက္ သတင္းရင္းျမစ္တစ္ဦးက အီရန္ႏိုင္ငံပိုင္ သတင္းဌာန IRNA သို႔ ေျပာၾကားခဲ့သည္ဟု ႐ိုက္တာသတင္းဌာနက ေဖာ္ျပထားပါတယ္။

အီရန္က GPS ေႏွာက္ယွက္ဟန႔္တားသည့္ စက္မ်ားကို ၎၏ ပိုက္နက္ျဖစ္သည့္ ေဟာ့မုဇ္ေရလက္ၾကား ဝင္ေပါက္အနီးရွိ ပါရွန္း ပင္လယ္ေကြ႕ တြင္ရွိေသာ အဘူမူဆာကြၽန္းေပၚတြင္ ထားရွိေၾကာင္း အေမရိကန္ ကာကြယ္ေရးအရာရွိတစ္ဦးက စီအင္န္အင္န္သို႔ ေျပာၾကားပါတယ္။ ယင္းစက္မ်ားသည္ အရပ္ဖက္ေလယာဥ္ႏွင့္ သေဘၤာတို႔၏ လမ္းျပစနစ္တို႔ကို ေႏွာက္ယွက္ႏိုင္ပါတယ္။ GPS ခ်ိဳ႕ယြင္းခ်က္ေၾကာင့္ သေဘၤာ သို႔မဟုတ္ ေလယာဥ္မ်ားသည္ အီရန္ပိုင္နက္အတြင္းသို႔ မွားယြင္းစြာ ဝင္ေရာက္ျခင္းျဖင့္ အီရန္အေနျဖင့္ ၎တို႔ကို ဖမ္းဆီးရန္ အေၾကာင္းျပခ်က္ ရရွိမွာ ျဖစ္ပါတယ္။

သို႔ေသာ္ ယင္းေႏွာက္ယွက္စက္မ်ားသည္ အေမရိကန္စစ္ေရယာဥ္ႏွင့္ ေလယာဥ္တို႔ကို ထိခိုက္မႈ မရွိႏိုင္ေၾကာင္း အဆိုပါ အရာရွိက ေျပာပါတယ္။ Stena Imperoေရနံတင္သေဘၤာ လမ္းေၾကာင္းမွားယြင္းၿပီး အီရန္ေရပိုင္နက္အတြင္း ေရာက္ရွိခဲ့စဥ္က အဆိုပါ ႏိုင္ငံအေနျဖင့္ ႐ုရွားတို႔၏ GPS ၾကားဝင္ေႏွာက္ယွက္သည့္ စနစ္ကို အသုံးျပဳခဲ့ပုံေၾကာင္း ၿဗိတိန္ေထာက္လွမ္းေရး အဖြဲ႕အစည္းမ်ားျဖစ္သည့္ MI6 ႏွင့္ GCHQ တို႔က သံသယရွိခဲ့ေၾကာင္း ၿဗိတိန္မီဒီယာမ်ားမွာ ဇူလိုင္လက ေဖာ္ျပခဲ့ပါတယ္။

ဇြန္လအတြင္းက အစၥေရးေလဆိပ္အာဏာပိုင္အဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္ လုပ္ငန္းသုံးေလေၾကာင္း လိုင္းမွ ေလယာဥ္မႉးမ်ားအေနျဖင့္ ေလယာဥ္ ဆင္းသက္ရာတြင္ အခက္အခဲမ်ားျဖစ္ေပၚခဲ့ၿပီး ၾကားျဖတ္ ေႏွာက္ယွက္မႈမ်ား ႀကဳံေတြ႕ခဲ့ရေၾကာင္း ေဖာ္ျပထားပါတယ္။ ႐ုရွားက အရပ္ဖက္ ေလယာဥ္ မ်ား၏ လမ္းေၾကာင္းျပစနစ္ကို ေႏွာက္ယွက္ေနေၾကာင္း အစၥေရးအာဏာပိုင္မ်ားက ယုံၾကည္ထားသည္ဟု သတင္းမ်ားမွာ ေဖာ္ျပခဲ့ပါတယ္။ အစၥေရးစစ္တပ္ေရဒီယို ကလည္း ရန္လိုသည့္ တိုက္ခိုက္မႈတစ္ခုအျဖစ္ သတ္မွတ္ထားပါတယ္။

Linko
Ref: jpost.com
ဝါရွင္တန္၊ၾသဂုတ္ ၈