ပိတ်ဆို့အရေးယူမှုများနှင့် ဒုံးကျည်ကိစ္စများကို ဖယ်ရှားပြီး ဆွေးနွေးမှုများပြန်စရန် အီရန်သမ္မတက အမေရိကန်ကို တိုက်တွန်း

ပိတ်ဆို့အရေးယူမှုများနှင့် ဒုံးကျည်ကိစ္စများကို ဖယ်ရှားပြီး ဆွေးနွေးမှုများပြန်စရန် အီရန်သမ္မတက အမေရိကန်ကို တိုက်တွန်း

ဖိအားပေးမှုများကို အမြင့်ဆုံးချမှတ်မည့် မူဝါဒသည် ဆွေးနွေးမှုအတွက် ပိုမိုအလှမ်းဝေစေနိုင်သောကြောင့် ယင်းနည်းလမ်းကို ဖြေလျှော့ရန် အီရန်သမ္မတ ဟက်ဆန်ရိုဟန်နီ က အမေရိကန်ကို စက်တင်ဘာ ၂၆ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့် နှင့် မဆွေးနွေးမီ အမေရိကန်က ပိတ်ဆို့အရေးယူမှုများအား ဖယ်ရှားပေးရမည်ဆိုသည့် တောင်းဆိုမှုကို ရိုဟန်နီ က ဆက်လက်ဆုပ်ကိုင်ထားပြီး ဆွေးနွေးမှုကိုလည်း လမ်းဖွင့်ထားဆဲ ဖြစ်ပါတယ်။

ယင်းကဲ့သို့ ဆွေးနွေးမှုများနှင့် ပတ်သက်၍ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်း တို့ တွေ့ဆုံစဉ် အီရန်သမ္မတက ပြောကြားခဲ့ပါတယ်။

“ဒီအစီအစဉ်တွေ ဘယ်တော့မှဖြစ်မလာဘူးလို့ ကျွန်တော်မပြောပါဘူး။ လောလောဆယ်မှာတော့ အလှမ်းဝေးနေပါသေးတယ်။အတည်ပြုချက် တစ်စုံတစ်ရာ မလုပ်ဆောင်နိုင်သေးပါဘူး” ဟု ရိုဟန်နီ က ပြောပါတယ်။

ဆွေးနွေးမှုအတွက် အမေရိကန်အနေဖြင့် ၎င်းတို့၏ ယခင်မူဝါဒများကို စွဲကိုင်ထားဆဲဖြစ်ကြောင်း၊ ယင်းသို့လုပ်ဆောင်ခြင်းသည် ဆွေးနွေးညှိနှိုင်းမှုများနှင့် အလှမ်းဝေးနေဆဲဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

“သူတို့အနေနဲ့ အမှားကို ဆက်လုပ်နေတာပါ။အမြင့်ဆုံးဖိအားပေးမယ့် မူဝါဒကို စွန့်လွှတ်ပြီး ဆွေးနွေးညှိနှိုင်းရေး လမ်းစဉ်ကို လိုက်ရမှာဖြစ်ပါတယ်” ဟု ရိုဟန်နီ က ပြောပါတယ်။မိမိတို့အပေါ် ယုံကြည်မှုရှိမှသာ အီရန်အစိုးရအနေဖြင့် ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်နိုင်မည်ဟုလည်း ၎င်းက ပြောပါတယ်။

၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်ထက် သာလွန်သည့် သဘောတူညီချက်သစ်တစ်ခုကို အီရန်အနေဖြင့် ပြုလုပ်နိုင်သော်လည်း အမေရိကန်အနေဖြင့် သဘောတူညီချက်တွင် ပါဝင်သည့် အကြောင်းအရာအားလုံးကို အကောင်အထည်ဖော်မှသာ ဖြစ်နိုင်မည်ဟု  ပြောကြားပါတယ်။

ထရမ့် အနေဖြင့် အဆိုပါစာချုပ်မှ ယမန်နှစ်အတွင်း နုတ်ထွက်ခဲ့သော်လည်း ဗြိတိန်၊ ဂျာမနီ၊ တရုတ်နှင့် ရုရှားတို့ ဆက်လက်ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

ရိုဟန်နီ က အီရန်၏ ပဲ့ထိန်းဒုံးကျည်ကိစ္စသည် ဆွေးနွေးရန်မလိုကြောင်း၊ အိုဘားမား လက်ထက်က ချုပ်ဆိုခဲ့သည့် စာချုပ်တွင် ယင်းဒုံးကျည်ကိစ္စ မပါဝင်ဟုလည်း  ၎င်းက ပြောကြားပါတယ်။

အမေရိကန်နှင့် ဥရောပနိုင်ငံများက ဒုံးကျည်များနှင့် အခြားလက်နက်များကို ဆော်ဒီအာရေဗျ အပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ရောင်းချနေကြောင်းလည်း ၎င်းက ပြောပါတယ်။

“သူတို့က လက်နက်တွေကို ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေကို ရောင်းသလို ကျွန်တေ်တို့ကိုလည်း ရောင်းသင့်ပါတယ်” ဟု ရိုဟန်နီ က ပြောပါတယ်။

Linko
နယူးယောက်၊ စက်တင်ဘာ - ၂၇
Ref : The Times of Israel

( Zawgyi )

ဖိအားေပးမႈမ်ားကို အျမင့္ဆုံးခ်မွတ္မည့္ မူဝါဒသည္ ေဆြးေႏြးမႈအတြက္ ပိုမိုအလွမ္းေဝေစႏိုင္ေသာေၾကာင့္ ယင္းနည္းလမ္းကို ေျဖေလွ်ာ့ရန္ အီရန္သမၼတ ဟက္ဆန္႐ိုဟန္နီ က အေမရိကန္ကို စက္တင္ဘာ ၂၆ ရက္မွာ တိုက္တြန္းလိုက္ပါတယ္။

သမၼတ ေဒၚနယ္ထရမ့္ ႏွင့္ မေဆြးေႏြးမီ အေမရိကန္က ပိတ္ဆို႔အေရးယူမႈမ်ားအား ဖယ္ရွားေပးရမည္ဆိုသည့္ ေတာင္းဆိုမႈကို ႐ိုဟန္နီ က ဆက္လက္ဆုပ္ကိုင္ထားၿပီး ေဆြးေႏြးမႈကိုလည္း လမ္းဖြင့္ထားဆဲ ျဖစ္ပါတယ္။

ယင္းကဲ့သို႔ ေဆြးေႏြးမႈမ်ားႏွင့္ ပတ္သက္၍ ျပင္သစ္သမၼတ အီမန္န်ဴရယ္ မက္ခ႐ြန္၊ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘး၊ ပါကစၥတန္ဝန္ႀကီးခ်ဳပ္ အီမရန္ခန္း တို႔ ေတြ႕ဆုံစဥ္ အီရန္သမၼတက ေျပာၾကားခဲ့ပါတယ္။

“ဒီအစီအစဥ္ေတြ ဘယ္ေတာ့မွျဖစ္မလာဘူးလို႔ ကြၽန္ေတာ္မေျပာပါဘူး။ ေလာေလာဆယ္မွာေတာ့ အလွမ္းေဝးေနပါေသးတယ္။အတည္ျပဳခ်က္ တစ္စုံတစ္ရာ မလုပ္ေဆာင္ႏိုင္ေသးပါဘူး” ဟု ႐ိုဟန္နီ က ေျပာပါတယ္။

ေဆြးေႏြးမႈအတြက္ အေမရိကန္အေနျဖင့္ ၎တို႔၏ ယခင္မူဝါဒမ်ားကို စြဲကိုင္ထားဆဲျဖစ္ေၾကာင္း၊ ယင္းသို႔လုပ္ေဆာင္ျခင္းသည္ ေဆြးေႏြးညႇိႏႈိင္းမႈမ်ားႏွင့္ အလွမ္းေဝးေနဆဲျဖစ္ေၾကာင္း ၎က ေျပာပါတယ္။

“သူတို႔အေနနဲ႔ အမွားကို ဆက္လုပ္ေနတာပါ။အျမင့္ဆုံးဖိအားေပးမယ့္ မူဝါဒကို စြန႔္လႊတ္ၿပီး ေဆြးေႏြးညႇိႏႈိင္းေရး လမ္းစဥ္ကို လိုက္ရမွာျဖစ္ပါတယ္” ဟု ႐ိုဟန္နီ က ေျပာပါတယ္။မိမိတို႔အေပၚ ယုံၾကည္မႈရွိမွသာ အီရန္အစိုးရအေနျဖင့္ ေဆြးေႏြးညႇိႏႈိင္းမႈ လုပ္ေဆာင္ႏိုင္မည္ဟုလည္း ၎က ေျပာပါတယ္။

၂၀၁၅ ခုႏွစ္ န်ဴကလီးယား သေဘာတူညီခ်က္ထက္ သာလြန္သည့္ သေဘာတူညီခ်က္သစ္တစ္ခုကို အီရန္အေနျဖင့္ ျပဳလုပ္ႏိုင္ေသာ္လည္း အေမရိကန္အေနျဖင့္ သေဘာတူညီခ်က္တြင္ ပါဝင္သည့္ အေၾကာင္းအရာအားလုံးကို အေကာင္အထည္ေဖာ္မွသာ ျဖစ္ႏိုင္မည္ဟု  ေျပာၾကားပါတယ္။

ထရမ့္ အေနျဖင့္ အဆိုပါစာခ်ဳပ္မွ ယမန္ႏွစ္အတြင္း ႏုတ္ထြက္ခဲ့ေသာ္လည္း ၿဗိတိန္၊ ဂ်ာမနီ၊ တ႐ုတ္ႏွင့္ ႐ုရွားတို႔ ဆက္လက္က်န္ရွိေနဆဲ ျဖစ္ပါတယ္။

႐ိုဟန္နီ က အီရန္၏ ပဲ့ထိန္းဒုံးက်ည္ကိစၥသည္ ေဆြးေႏြးရန္မလိုေၾကာင္း၊ အိုဘားမား လက္ထက္က ခ်ဳပ္ဆိုခဲ့သည့္ စာခ်ဳပ္တြင္ ယင္းဒုံးက်ည္ကိစၥ မပါဝင္ဟုလည္း  ၎က ေျပာၾကားပါတယ္။

အေမရိကန္ႏွင့္ ဥေရာပႏိုင္ငံမ်ားက ဒုံးက်ည္မ်ားႏွင့္ အျခားလက္နက္မ်ားကို ေဆာ္ဒီအာေရဗ် အပါအဝင္ အေရွ႕အလယ္ပိုင္းႏိုင္ငံမ်ားသို႔ ေရာင္းခ်ေနေၾကာင္းလည္း ၎က ေျပာပါတယ္။

“သူတို႔က လက္နက္ေတြကို ကြၽန္ေတာ္တို႔ရဲ႕ အိမ္နီးခ်င္းႏိုင္ငံေတြကို ေရာင္းသလို ကြၽန္ေတ္တို႔ကိုလည္း ေရာင္းသင့္ပါတယ္” ဟု ႐ိုဟန္နီ က ေျပာပါတယ္။

Linko
နယူးေယာက္၊ စက္တင္ဘာ - ၂၇
Ref : The Times of Israel