ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှု အမေရိကန်နဲ့ တောင်ကိုရီးယားကို သတိပေးတာလို့ မြောက်ကိုရီးယားဆို

ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှု  အမေရိကန်နဲ့ တောင်ကိုရီးယားကို သတိပေးတာလို့ မြောက်ကိုရီးယားဆို

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအန်းကိုယ်တိုင်ကွပ်ကဲတဲ့ တာလတ်ပစ်ပဲ့ထိန်း ဒုံးကျည် သစ်ပစ် လွှတ်မှုဟာ အမေရိကန် -တောင်ကိုရီးယားပူးတွဲစစ်ရေးလေ့ကျင့်မှုကို သတိပေးတာလို့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက ဒီကနေ့မှာ ပြောဆိုလိုက်ပါတယ်။မြောက်ကိုရီးယားနိုင်ငံ အနောက်ပိုင်း လေတပ်အခြေစိုက်စခန်းတစ်ခုကနေ ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည် ၂ စင်းဟာ ပြုံယမ်းမြို့အနီး ကဖြတ်သွားပြီး၊ အရှေ့ဘက်ကမ်းရိုးတန်းက ပစ်မှတ်ကို ထိမှန်အောင်ပစ်နိုင်ခဲ့တယ်လို့ Korean Central News Agency က ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေး အမေရိကန်နဲ့ဆွေးနွေးပွဲ ရှေ့မတိုးနောက် မဆုတ် ဖြစ်နေချိန်မှာ သီတင်း ၂ ပတ်အတွင်း မြောက်ကိုရီးယားက ၄ ကြိမ်မြောက်ဒုံးကျည်ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့လက်နက်တွေဟာ အမေရိကန် မဟာမိတ် တောင်ကိုရီးယား၊ ဂျပန်အပါအဝင် အဲဒီမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေအထိ တိုက်ခိုက်နိုင်တဲ့အထိခြိမ်းခြောက်နေပေမဲ့ အမေရိကန် သမ္မတဒေါ်နယ်လ်ထရမ့် က နျူလက်နက်ဖျက်သိမ်းရေးအစီအစဉ်ဖြစ်မြောက်လာဖို့အတွက် ပူးတွဲစစ်လေ့ကျင့်မှုတွေကို ရပ်ဆိုင်းပေးခဲ့တာဖြစ် ပါတယ်။

မြောက်ကိုရီးယားရဲ့လက်နက်စမ်းသပ်မှုတွေအပေါ် သမ္မတထရမ့်လျစ်လျူရှုထားမှုက စစ်ရေးလေ့ကျင့်မှု တွေ အပြီး ဒီလနှောင်းပိုင်းမှာ ဆွေးနွေးပွဲပြန်မစခင် လက်နက်တည်ဆောက်ရေး အရှိန်မြှင့်လုပ် ဆောင်နိုင်အောင်နဲ့ လက်နက်စွမ်းရည်ပိုပြီးအဆင့်မြင့်လာအောင် နေရာပေးရာရောက်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက သုံးသပ် ပါတယ်။

လတ်တလောမြောက်ကိုရီးယားရဲ့စမ်းသပ်မှုတွေက ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအားထုတ်နေမှုအတွက် အထောက်အကူမဖြစ်သလို၊ ပြီးခဲ့တဲ့နှစ်အတွင်းရရှိခဲ့တဲ့ တောင်-မြောက်ပူးတွဲစစ်ကော်မတီတစ်ခု ထူထောင် ရေးသဘောတူညီချက်ကို ဆက်ထိန်းထားစေချင်တယ်လို့ တောင်ကိုရီးယားပြန်လည်ပေါင်းစည်း ရေးဝန်ကြီး ဌာနပြောခွင့်ရသူကလည်း ပြောပါတယ်။

သြဂုတ်လ ၆ ရက်နေ့ကပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေဟာ ယုံကြည်စိတ်ချမှုရှိတဲ့ တိုက်ခိုက်ရေးသုံး ဗျူဟာမြောက်ပဲ့ထိန်းဒုံးကျည်သစ်တွေဖြစ်ပြီး၊ ခေါင်းဆောင်ကင်မ်ဂျုံအန်းကလည်း စိတ်ကျေနပ်မှုရှိခဲ့တယ်လို့ မြောက်ကိုရီးယား KCNAသတင်းက ကြေညာခဲ့ပါတယ်။ လက်ရှိအမေရိကန် -တောင်ကိုရီးယာစစ်ရေးလေ့ကျင့်မှုကိုလည်း အဆင့်တစ်ခုနဲ့သတိပေးလိုက်တာဖြစ်တယ်လို့လည်း KCNAက ပြောပါတယ်။
 
ရည်မွန်
Ref: New York Post
ဆိုးလ်၊ သြဂုတ် ၇

(  Zawgyi  )

 ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္မ္ဂ်ဳံအန္းကိုယ္တိုင္ကြပ္ကဲတဲ့ တာလတ္ပစ္ပဲ့ထိန္း ဒုံးက်ည္ သစ္ပစ္ လႊတ္မႈဟာ အေမရိကန္ -ေတာင္ကိုရီးယားပူးတြဲစစ္ေရးေလ့က်င့္မႈကို သတိေပးတာလို႔ ေျမာက္ကိုရီးယား ႏိုင္ငံပိုင္သတင္းဌာနက ဒီကေန႔မွာ ေျပာဆိုလိုက္ပါတယ္။ေျမာက္ကိုရီးယားႏိုင္ငံ အေနာက္ပိုင္း ေလတပ္အေျခစိုက္စခန္းတစ္ခုကေန ပစ္လႊတ္လိုက္တဲ့ ပဲ့ထိန္းဒုံးက်ည္ ၂ စင္းဟာ ၿပဳံယမ္းၿမိဳ႕အနီး ကျဖတ္သြားၿပီး၊ အေရွ႕ဘက္ကမ္း႐ိုးတန္းက ပစ္မွတ္ကို ထိမွန္ေအာင္ပစ္ႏိုင္ခဲ့တယ္လို႔ Korean Central News Agency က ေျပာပါတယ္။

ေျမာက္ကိုရီးယားရဲ႕ န်ဴကလီးယားလက္နက္ဖ်က္သိမ္းေရး အေမရိကန္နဲ႔ေဆြးေႏြးပြဲ ေရွ႕မတိုးေနာက္ မဆုတ္ ျဖစ္ေနခ်ိန္မွာ သီတင္း ၂ ပတ္အတြင္း ေျမာက္ကိုရီးယားက ၄ ႀကိမ္ေျမာက္ဒုံးက်ည္ပစ္လႊတ္ခဲ့တာ ျဖစ္ပါတယ္။ ေျမာက္ကိုရီးယားရဲ႕လက္နက္ေတြဟာ အေမရိကန္ မဟာမိတ္ ေတာင္ကိုရီးယား၊ ဂ်ပန္အပါအဝင္ အဲဒီမွာရွိတဲ့ အေမရိကန္စစ္စခန္းေတြအထိ တိုက္ခိုက္ႏိုင္တဲ့အထိၿခိမ္းေျခာက္ေနေပမဲ့ အေမရိကန္ သမၼတေဒၚနယ္လ္ထရမ့္ က န်ဴလက္နက္ဖ်က္သိမ္းေရးအစီအစဥ္ျဖစ္ေျမာက္လာဖို႔အတြက္ ပူးတြဲစစ္ေလ့က်င့္မႈေတြကို ရပ္ဆိုင္းေပးခဲ့တာျဖစ္ ပါတယ္။

ေျမာက္ကိုရီးယားရဲ႕လက္နက္စမ္းသပ္မႈေတြအေပၚ သမၼတထရမ့္လ်စ္လ်ဴရႈထားမႈက စစ္ေရးေလ့က်င့္မႈ ေတြ အၿပီး ဒီလေႏွာင္းပိုင္းမွာ ေဆြးေႏြးပြဲျပန္မစခင္ လက္နက္တည္ေဆာက္ေရး အရွိန္ျမႇင့္လုပ္ ေဆာင္ႏိုင္ေအာင္နဲ႔ လက္နက္စြမ္းရည္ပိုၿပီးအဆင့္ျမင့္လာေအာင္ ေနရာေပးရာေရာက္တယ္လို႔ ကြၽမ္းက်င္ပညာရွင္ေတြက သုံးသပ္ ပါတယ္။

လတ္တေလာေျမာက္ကိုရီးယားရဲ႕စမ္းသပ္မႈေတြက ေဒသတြင္းတည္ၿငိမ္ေအးခ်မ္းေရးအားထုတ္ေနမႈအတြက္ အေထာက္အကူမျဖစ္သလို၊ ၿပီးခဲ့တဲ့ႏွစ္အတြင္းရရွိခဲ့တဲ့ ေတာင္-ေျမာက္ပူးတြဲစစ္ေကာ္မတီတစ္ခု ထူေထာင္ ေရးသေဘာတူညီခ်က္ကို ဆက္ထိန္းထားေစခ်င္တယ္လို႔ ေတာင္ကိုရီးယားျပန္လည္ေပါင္းစည္း ေရးဝန္ႀကီး ဌာနေျပာခြင့္ရသူကလည္း ေျပာပါတယ္။

ၾသဂုတ္လ ၆ ရက္ေန႔ကပစ္လႊတ္ခဲ့တဲ့ ဒုံးက်ည္ေတြဟာ ယုံၾကည္စိတ္ခ်မႈရွိတဲ့ တိုက္ခိုက္ေရးသုံး ဗ်ဴဟာေျမာက္ပဲ့ထိန္းဒုံးက်ည္သစ္ေတြျဖစ္ၿပီး၊ ေခါင္းေဆာင္ကင္မ္ဂ်ဳံအန္းကလည္း စိတ္ေက်နပ္မႈရွိခဲ့တယ္လို႔ ေျမာက္ကိုရီးယား KCNAသတင္းက ေၾကညာခဲ့ပါတယ္။ လက္ရွိအေမရိကန္ -ေတာင္ကိုရီးယာစစ္ေရးေလ့က်င့္မႈကိုလည္း အဆင့္တစ္ခုနဲ႔သတိေပးလိုက္တာျဖစ္တယ္လို႔လည္း KCNAက ေျပာပါတယ္။
 
ရည္မြန္
Ref: New York Post
ဆိုးလ္၊ ၾသဂုတ္ ၇