ပြင်သစ်ပြည်တွင်းရေးကို ခေါင်းထဲမထည့်ရန် ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးက ထရန့် ကို ပြောကြား

ပြင်သစ်ပြည်တွင်းရေးကို ခေါင်းထဲမထည့်ရန် ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးက ထရန့် ကို ပြောကြား

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် က လူမှုကွန်ရက် တွစ်တာမှာ ပြင်သစ် သမ္မတ အီမန်နုရယ် မာခရွန် ကို လှောင်ပြောင်တဲ့ တွိတွေ ရေးသားလာတာကြောင့် ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးက ဝါရှင်တန်အနေနဲ့ ပြင်သစ်ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်သင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။

“အမေရိကန်ရဲ့ ပြည်တွင်းရေးကို ကျွန်တော်တို့ ထည့်မစဉ်းစားသလို၊ အမေရိကန်အနေနဲ့လည်း အလားတူ သဘောထားမျိုး ရှိစေချင်တယ်” လို့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ယန်း ဗက်စ် လီ ဒရီယန် က တနင်္ဂနွေနေ့က LCI ရုပ်သံကို ပြောကြားခဲ့ပါတယ်။

“ဒေါ်နယ်ထရန့် ကို ဒီစကားပဲပြောရမှာပဲ။ပြင်သစ်သမ္မတကလည်း ဒီလိုပဲ ပြောပါလိမ့်မယ်။ကျွန်တော်တို့နိုင်ငံကို လွှတ်ထားပေးပါ” လို့ လီဒါရီယန် က ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတဟာ ပြင်သစ်က ခါးတိုဝါ လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ မက်ဆေ့တွေကို တွစ်တာမှာ ပို့စ်တင်ခဲ့သလို၊ ပါရီ ရာသီဥတုသဘောတူညီချက်ကိုလည်း တိုက်ခိုက်နေခဲ့ပါတယ်။

“ဝမ်းနည်းစရာ ပါရီနေ့ ညတွေပါပဲ။ရူးကြောင်ကြောင် ကုန်ကျစရိတ်ကြီးမြင့်တဲ့ ပါရီသဘောတူညီချက်ကို အဆုံးသတ်ဖို့ အချိန်ကျလာတာ ဖြစ်နိုင်တယ်။အခွန်တွေ လျော့ကျသွားတဲ့ပုံစံနဲ့ လူတွေဆီကို ပိုက်ဆံတွေ ပြန်စီးဝင်လာလိမ့်မယ်” လို့ ထရန့် က ပြောကြားခဲ့ပါတယ်။

အစောပိုင်းကလည်း ထရန့် က ပို့စ်တစ်ခုမှာ “ပါရီသဘောတူညီချက်ဟာ ပြင်သစ်အတွက် ကောင်းကောင်းကြီး အလုပ်လုပ်နေပြီ။ပြင်သစ်နိုင်ငံ တစ်ဝန်းလုံး တအုံးအုံး ဆန္ဒတွေပြကုန်ကြပြီ” လို့ ရေးသားခဲ့ပါတယ်။

လီဒရီယန် ကတော့ သမ္မတ မာခရွန် ဟာ ဆန္ဒပြသူတွေနဲ့ စေ့စပ်ဆွေးနွေးလိုကြောင်းနဲ့ နောက်ရက်သတ္တပတ် ပြောကြားမယ့် မိန့်ခွန်းထဲမှာ အဖြေရှာဖို့ ကမ်းလှမ်းသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“ဒီစကားတွေဟာ ဆန္ဒပြမှုတွေကို ရပ်ဆိုင်းပေးဖို့ လုံလောက်ခိုင်မာမှုရှိပါတယ်။အထူးသဖြင့် အကြမ်းဖက်ချင်တဲ့ လူငယ်လေးတွေအတွက်ပေါ့” လို့ လီဒရီယန် က ပြောကြားခဲ့ပါတယ်။

NZT
ပရပ်စ်တီဗီ
ပါရီ၊ ဒီဇင်ဘာ - ၁၀

( Zawgyi )

အေမရိကန္ သမၼတ ေဒၚနယ္ထရန႔္ က လူမႈကြန္ရက္ တြစ္တာမွာ ျပင္သစ္ သမၼတ အီမန္ႏုရယ္ မာခ႐ြန္ ကို ေလွာင္ေျပာင္တဲ့ တြိေတြ ေရးသားလာတာေၾကာင့္ ျပင္သစ္ ႏိုင္ငံျခားေရးဝန္ႀကီးက ဝါရွင္တန္အေနနဲ႔ ျပင္သစ္ရဲ႕ ျပည္တြင္းေရးကို ဝင္ေရာက္မစြက္ဖက္သင့္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

“အေမရိကန္ရဲ႕ ျပည္တြင္းေရးကို ကြၽန္ေတာ္တို႔ ထည့္မစဥ္းစားသလို၊ အေမရိကန္အေနနဲ႔လည္း အလားတူ သေဘာထားမ်ိဳး ရွိေစခ်င္တယ္” လို႔ ျပင္သစ္ ႏိုင္ငံျခားေရးဝန္ႀကီး ယန္း ဗက္စ္ လီ ဒရီယန္ က တနဂၤေႏြေန႔က LCI ႐ုပ္သံကို ေျပာၾကားခဲ့ပါတယ္။

“ေဒၚနယ္ထရန႔္ ကို ဒီစကားပဲေျပာရမွာပဲ။ျပင္သစ္သမၼတကလည္း ဒီလိုပဲ ေျပာပါလိမ့္မယ္။ကြၽန္ေတာ္တို႔ႏိုင္ငံကို လႊတ္ထားေပးပါ” လို႔ လီဒါရီယန္ က ေျပာၾကားခဲ့ပါတယ္။

အေမရိကန္သမၼတဟာ ျပင္သစ္က ခါးတိုဝါ လႈပ္ရွားမႈနဲ႔ ပတ္သက္တဲ့ မက္ေဆ့ေတြကို တြစ္တာမွာ ပို႔စ္တင္ခဲ့သလို၊ ပါရီ ရာသီဥတုသေဘာတူညီခ်က္ကိုလည္း တိုက္ခိုက္ေနခဲ့ပါတယ္။

“ဝမ္းနည္းစရာ ပါရီေန႔ ညေတြပါပဲ။႐ူးေၾကာင္ေၾကာင္ ကုန္က်စရိတ္ႀကီးျမင့္တဲ့ ပါရီသေဘာတူညီခ်က္ကို အဆုံးသတ္ဖို႔ အခ်ိန္က်လာတာ ျဖစ္ႏိုင္တယ္။အခြန္ေတြ ေလ်ာ့က်သြားတဲ့ပုံစံနဲ႔ လူေတြဆီကို ပိုက္ဆံေတြ ျပန္စီးဝင္လာလိမ့္မယ္” လို႔ ထရန႔္ က ေျပာၾကားခဲ့ပါတယ္။

အေစာပိုင္းကလည္း ထရန႔္ က ပို႔စ္တစ္ခုမွာ “ပါရီသေဘာတူညီခ်က္ဟာ ျပင္သစ္အတြက္ ေကာင္းေကာင္းႀကီး အလုပ္လုပ္ေနၿပီ။ျပင္သစ္ႏိုင္ငံ တစ္ဝန္းလုံး တအုံးအုံး ဆႏၵေတြျပကုန္ၾကၿပီ” လို႔ ေရးသားခဲ့ပါတယ္။

လီဒရီယန္ ကေတာ့ သမၼတ မာခ႐ြန္ ဟာ ဆႏၵျပသူေတြနဲ႔ ေစ့စပ္ေဆြးေႏြးလိုေၾကာင္းနဲ႔ ေနာက္ရက္သတၱပတ္ ေျပာၾကားမယ့္ မိန႔္ခြန္းထဲမွာ အေျဖရွာဖို႔ ကမ္းလွမ္းသြားမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

“ဒီစကားေတြဟာ ဆႏၵျပမႈေတြကို ရပ္ဆိုင္းေပးဖို႔ လုံေလာက္ခိုင္မာမႈရွိပါတယ္။အထူးသျဖင့္ အၾကမ္းဖက္ခ်င္တဲ့ လူငယ္ေလးေတြအတြက္ေပါ့” လို႔ လီဒရီယန္ က ေျပာၾကားခဲ့ပါတယ္။

NZT
ပရပ္စ္တီဗီ
ပါရီ၊ ဒီဇင္ဘာ - ၁၀