ပြင်သစ် အကြီးဆုံး လေယာဉ်တင် သင်္ဘောပေါ်တွင် လူ ၁၀၀၀ ကျော် ကိုရိုနာဗိုင်းရပ် ကူးစက် ခံထားရ

ပြင်သစ် အကြီးဆုံး လေယာဉ်တင် သင်္ဘောပေါ်တွင် လူ ၁၀၀၀ ကျော် ကိုရိုနာဗိုင်းရပ် ကူးစက် ခံထားရ

ပြင်သစ်ရေတပ်၏ အကြီးဆုံး လေယာဉ်တင် သင်္ဘောတစ်စင်းပေါ်တွင် လူဦးရေ ထက်ဝက်ခန့် ဖြစ်သည့်  သင်္ဘောသား ၁၀၀၀ ကျော် ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရပါတယ်။ အမေရိကန် ရေတပ်၏ USS Theodore Roosevelt ပေါ်တွင်လည်း  ပြီးခဲ့သည့်လအတွင်းက ယင်းကဲ့သို့ ကူးစက်မှု ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံ၏ အကြီးဆုံး သင်္ဘောဖြစ်သော Charles de Gaulle ပေါ်ရှိ သင်္ဘောသား ၂၃၀၀ အနက် ၁၀၈၁ ဦး ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရကြောင်း အဆိုပါ ရောဂါကူးစက်မှုနှင့် ပတ်သက်၍ ဧပြီ ၁၇ရက်က လွှတ်တော်အတွင်း ဆွေးနွေးကြားနာမှုတွင် ပြင်သစ် ကာကွယ်ရေးဝန်ကြီး ဖလောရင့်ပါလေက  ပြောကြားခဲ့ပါတယ်။

 Charles de Gaulle နှင့် အခြား ထောက်ပံ့ရေး ရေယာဉ်များပေါ်တွင် အချင်းချင်း ခွာ၍ နေထိုင်ကြရန် သတ်မှတ်ချက်ထားရှိသော်လည်း ရောဂါပျံ့နှံ့မှုကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သည့် စမ်းသပ် ရေးပစ္စည်းများနှင့် နှာခေါင်းစည်းများ မရှိကြောင်း ရေတပ် ပြောခွင့်ရ အရာရှိတစ်ဦးက ပြောပါတယ်။

ရောဂါ ကူးစက်ခံထားရသူတစ်ဦးကို အရေးပေါ်ပြုစုကုသပေးထားရပြီး ၂၀ ဦးကို ဆေးရုံတင် ထားရပါတယ်။သင်္ဘောပေါ်ရှိ လူတိုင်းကို စမ်းသပ်စစ်ဆေးပြီး ဖြစ်သော်လည်း  လူ ၁၀၀၀ နီးပါး ၏ ရလဒ်များကို ပြင်သစ်ရေတပ်က စောင့်ဆိုင်းနေရဆဲ ဖြစ်ကြောင်း နယူးယောက်တိုင်းမ် သတင်းဌာနက ဖော်ပြထားပါတယ်။

အဆိုပါသင်္ဘောကို ယခုအခါ ပြင်သစ်နိုင်ငံတောင်ပိုင်း တူလွန်ဆိပ်ကမ်းမြို့တွင် ဧပြီ ၁၂ ရက်မှ စတင် ကျောက်ချထားခြင်း ဖြစ်ကာ ပိုးသတ်ဆေးဖြန်းခြင်းများကိုလည်း လုပ်ဆောင်ထားပြီး မေလတွင် ပင်လယ်ပြင်၌ တာဝန်ပြန်လည် ထမ်းဆောင်နိုင်ဖွယ်ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Linko
Ref: Forbes
ပါရီ၊ ဧပြီ ၁၉

(  Zawgyi  )

 ျပင္သစ္ေရတပ္၏ အႀကီးဆုံး ေလယာဥ္တင္ သေဘၤာတစ္စင္းေပၚတြင္ လူဦးေရ ထက္ဝက္ခန႔္ ျဖစ္သည့္  သေဘၤာသား ၁၀၀၀ ေက်ာ္ ကို႐ိုနာဗိုင္းရပ္ ကူးစက္ခံထားရပါတယ္။ အေမရိကန္ ေရတပ္၏ USS Theodore Roosevelt ေပၚတြင္လည္း  ၿပီးခဲ့သည့္လအတြင္းက ယင္းကဲ့သို႔ ကူးစက္မႈ ျဖစ္ပြားခဲ့ပါတယ္။

ႏိုင္ငံ၏ အႀကီးဆုံး သေဘၤာျဖစ္ေသာ Charles de Gaulle ေပၚရွိ သေဘၤာသား ၂၃၀၀ အနက္ ၁၀၈၁ ဦး ကို႐ိုနာဗိုင္းရပ္ ကူးစက္ခံထားရေၾကာင္း အဆိုပါ ေရာဂါကူးစက္မႈႏွင့္ ပတ္သက္၍ ဧၿပီ ၁၇ရက္က လႊတ္ေတာ္အတြင္း ေဆြးေႏြးၾကားနာမႈတြင္ ျပင္သစ္ ကာကြယ္ေရးဝန္ႀကီး ဖေလာရင့္ပါေလက  ေျပာၾကားခဲ့ပါတယ္။

 Charles de Gaulle ႏွင့္ အျခား ေထာက္ပံ့ေရး ေရယာဥ္မ်ားေပၚတြင္ အခ်င္းခ်င္း ခြာ၍ ေနထိုင္ၾကရန္ သတ္မွတ္ခ်က္ထားရွိေသာ္လည္း ေရာဂါပ်ံ႕ႏွံ႔မႈကို ထိထိေရာက္ေရာက္ ကာကြယ္ေပးႏိုင္သည့္ စမ္းသပ္ ေရးပစၥည္းမ်ားႏွင့္ ႏွာေခါင္းစည္းမ်ား မရွိေၾကာင္း ေရတပ္ ေျပာခြင့္ရ အရာရွိတစ္ဦးက ေျပာပါတယ္။

ေရာဂါ ကူးစက္ခံထားရသူတစ္ဦးကို အေရးေပၚျပဳစုကုသေပးထားရၿပီး ၂၀ ဦးကို ေဆး႐ုံတင္ ထားရပါတယ္။သေဘၤာေပၚရွိ လူတိုင္းကို စမ္းသပ္စစ္ေဆးၿပီး ျဖစ္ေသာ္လည္း  လူ ၁၀၀၀ နီးပါး ၏ ရလဒ္မ်ားကို ျပင္သစ္ေရတပ္က ေစာင့္ဆိုင္းေနရဆဲ ျဖစ္ေၾကာင္း နယူးေယာက္တိုင္းမ္ သတင္းဌာနက ေဖာ္ျပထားပါတယ္။

အဆိုပါသေဘၤာကို ယခုအခါ ျပင္သစ္ႏိုင္ငံေတာင္ပိုင္း တူလြန္ဆိပ္ကမ္းၿမိဳ႕တြင္ ဧၿပီ ၁၂ ရက္မွ စတင္ ေက်ာက္ခ်ထားျခင္း ျဖစ္ကာ ပိုးသတ္ေဆးျဖန္းျခင္းမ်ားကိုလည္း လုပ္ေဆာင္ထားၿပီး ေမလတြင္ ပင္လယ္ျပင္၌ တာဝန္ျပန္လည္ ထမ္းေဆာင္ႏိုင္ဖြယ္ရွိေၾကာင္း တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

Linko
Ref: Forbes
ပါရီ၊ ဧၿပီ ၁၉