ပြုံယမ်းသို့ လာလည်ရန် အမေရိကန်သမ္မတကို မြောက်ကိုရီးယားခေါင်းဆောင် ဖိတ်ခေါ်

ပြုံယမ်းသို့ လာလည်ရန် အမေရိကန်သမ္မတကို မြောက်ကိုရီးယားခေါင်းဆောင် ဖိတ်ခေါ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျူံအွန်း က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အား ပြုံယမ်းသို့ လာလည်ရန် ဖိတ်ခေါ်ထားကြောင်း သံတမန်သတင်းရင်းမြစ်များကို ကိုးကား၍ တောင်ကိုရီးယား ယွန်ဂန်းအီဘိုး သတင်းစာက စက်တင်ဘာ ၁၆ ရက်မှာ ဖော်ပြလိုက်ပါတယ်။

နှစ်နိုင်ငံ နျူကလီးယား ဆွေးနွေးမှုများ ရပ်ဆိုင်းထားသော်လည်း ကင်ဂျူံအွန်း ထံမှ ဒုတိယအကြိမ်စာကို ပြီးခဲ့သည့်လအတွင်းက ရရှိခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ တတိယပတ်အတွင်း သမ္မတ ထရမ့် ထံ ပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားက စက်တင်ဘာ ၁၀ ရက်မှာ တာတိုဒုံးကျည် စမ်းသပ်မှုတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။

ယခုနောက်ဆုံး ပေးပို့ခဲ့သည့်စာတွင် ကင် က သူ့အနေဖြင့် အမေရိကန်သမ္မတနှင့် နောက်တစ်ကြိမ်တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိကြောင်း ရေးသားထားသည်ဟု အဆိုပါသတင်းမှာ ဖော်ပြထားပါတယ်။ကင် နဲ့ ယခုနှစ်ကုန်ပိုင်းမှာ တွေ့ဆုံသွားမယ်လို့ ထရမ့် က စက်တင်ဘာ ၁၂ ရက်မှာ ပြောကြားခဲ့ရာ ယင်းတွေ့ဆုံမှုသည် ၎င်းတို့နှစ်ဦးအကြား စတုတ္ထအကြိမ်တွေ့ဆုံမှု ဖြစ်လာနိုင်ပါတယ်။

ကင် နှင့် ယခုနှစ်အတွင်း တွေ့ဆုံရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာတွင် ထရမ့် က “တွေ့ဖြစ်ဖို့ရှိတယ်လို့တော့ ပြောရမှာပါ။သူတို့က တွေ့ချင်တယ်။တွေ့ဖို့အခြေအနေလည်း ရှိပါတယ်” ဟု ၎င်းက ပြောပါတယ်။

ထရမ့် က သူ့ဆီသို့ ကင်ဂျူံအွန်း ထံမှ စာမျက်နှာ ၃ မျက်နှာပါသည့် အလွန်လှပသည့် စာတစ်စောင်ရရှိကြောင်းနှင့် နောက်တစ်ကြိမ် တွေ့ဆုံပွဲ ဖြစ်လာနိုင်ကြောင်း သြဂုတ် ၉ ရက်က ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားအနေဖြင့်  ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အမေရိကန်နှင့် နျူကလီးယား ဆွေးနွေးမှုများ ပြန်လည်စတင်ရန် ကမ်းလှမ်းခဲ့ပြီး နာရီအနည်းငယ်အကြာမှာ လက်နက်စမ်းသပ်မှုများကို လုပ်ဆောင်ခဲ့ပါတယ်။

မြောက်ကိုရီးယားအစိုးရပိုင် Korean Central News Agency က ဖော်ပြခဲ့သည့် သတင်းတစ်ပုဒ်တွင် မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟီး က ၎င်းတို့အစိုးရအနေဖြင့် ယခုလကုန်ပိုင်းအတွင်း နှစ်ဖက်စလုံးက သဘောတူညီသည့် အချိန်နှင့် နေရာတွင် အမေရိကန်နှင့် ဆွေးနွေးမှုလုပ်လိုကြောင်း ပြောခဲ့သည်ဟု ရေးသားထားပါတယ်။

Linko
Ref : japantimes
ပြုံးယမ်း၊ စက်တင်ဘာ - ၁၆

( Zawgyi )

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဴံအြန္း က အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ အား ၿပဳံယမ္းသို႔ လာလည္ရန္ ဖိတ္ေခၚထားေၾကာင္း သံတမန္သတင္းရင္းျမစ္မ်ားကို ကိုးကား၍ ေတာင္ကိုရီးယား ယြန္ဂန္းအီဘိုး သတင္းစာက စက္တင္ဘာ ၁၆ ရက္မွာ ေဖာ္ျပလိုက္ပါတယ္။

ႏွစ္ႏိုင္ငံ န်ဴကလီးယား ေဆြးေႏြးမႈမ်ား ရပ္ဆိုင္းထားေသာ္လည္း ကင္ဂ်ဴံအြန္း ထံမွ ဒုတိယအႀကိမ္စာကို ၿပီးခဲ့သည့္လအတြင္းက ရရွိခဲ့ျခင္းျဖစ္ၿပီး ၾသဂုတ္လ တတိယပတ္အတြင္း သမၼတ ထရမ့္ ထံ ေပးအပ္ခဲ့ျခင္း ျဖစ္ပါတယ္။

ေျမာက္ကိုရီးယားက စက္တင္ဘာ ၁၀ ရက္မွာ တာတိုဒုံးက်ည္ စမ္းသပ္မႈတစ္ခုကို လုပ္ေဆာင္ခဲ့ပါတယ္။

ယခုေနာက္ဆုံး ေပးပို႔ခဲ့သည့္စာတြင္ ကင္ က သူ႔အေနျဖင့္ အေမရိကန္သမၼတႏွင့္ ေနာက္တစ္ႀကိမ္ေတြ႕ဆုံေဆြးေႏြးရန္ ဆႏၵရွိေၾကာင္း ေရးသားထားသည္ဟု အဆိုပါသတင္းမွာ ေဖာ္ျပထားပါတယ္။ကင္ နဲ႔ ယခုႏွစ္ကုန္ပိုင္းမွာ ေတြ႕ဆုံသြားမယ္လို႔ ထရမ့္ က စက္တင္ဘာ ၁၂ ရက္မွာ ေျပာၾကားခဲ့ရာ ယင္းေတြ႕ဆုံမႈသည္ ၎တို႔ႏွစ္ဦးအၾကား စတုတၳအႀကိမ္ေတြ႕ဆုံမႈ ျဖစ္လာႏိုင္ပါတယ္။

ကင္ ႏွင့္ ယခုႏွစ္အတြင္း ေတြ႕ဆုံရန္ အစီအစဥ္ ရွိ၊ မရွိ ေမးျမန္းရာတြင္ ထရမ့္ က “ေတြ႕ျဖစ္ဖို႔ရွိတယ္လို႔ေတာ့ ေျပာရမွာပါ။သူတို႔က ေတြ႕ခ်င္တယ္။ေတြ႕ဖို႔အေျခအေနလည္း ရွိပါတယ္” ဟု ၎က ေျပာပါတယ္။

ထရမ့္ က သူ႔ဆီသို႔ ကင္ဂ်ဴံအြန္း ထံမွ စာမ်က္ႏွာ ၃ မ်က္ႏွာပါသည့္ အလြန္လွပသည့္ စာတစ္ေစာင္ရရွိေၾကာင္းႏွင့္ ေနာက္တစ္ႀကိမ္ ေတြ႕ဆုံပြဲ ျဖစ္လာႏိုင္ေၾကာင္း ၾသဂုတ္ ၉ ရက္က ေျပာၾကားခဲ့ပါတယ္။

ေျမာက္ကိုရီးယားအေနျဖင့္  ၿပီးခဲ့သည့္ သီတင္းပတ္အတြင္းက အေမရိကန္ႏွင့္ န်ဴကလီးယား ေဆြးေႏြးမႈမ်ား ျပန္လည္စတင္ရန္ ကမ္းလွမ္းခဲ့ၿပီး နာရီအနည္းငယ္အၾကာမွာ လက္နက္စမ္းသပ္မႈမ်ားကို လုပ္ေဆာင္ခဲ့ပါတယ္။

ေျမာက္ကိုရီးယားအစိုးရပိုင္ Korean Central News Agency က ေဖာ္ျပခဲ့သည့္ သတင္းတစ္ပုဒ္တြင္ ေျမာက္ကိုရီးယား ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး ခ်ိဳဆြန္ဟီး က ၎တို႔အစိုးရအေနျဖင့္ ယခုလကုန္ပိုင္းအတြင္း ႏွစ္ဖက္စလုံးက သေဘာတူညီသည့္ အခ်ိန္ႏွင့္ ေနရာတြင္ အေမရိကန္ႏွင့္ ေဆြးေႏြးမႈလုပ္လိုေၾကာင္း ေျပာခဲ့သည္ဟု ေရးသားထားပါတယ္။

Linko
Ref : japantimes
ၿပဳံးယမ္း၊ စက္တင္ဘာ - ၁၆