ဖိလစ်ပိုင်တောင်ပိုင်း အင်အားပြင်းငလျင်လှုပ်ခတ်မှု လူ ၅ ဦးသေဆုံးကာ လူ ၆၀ ကျော်ထိခိုက်

ဖိလစ်ပိုင်တောင်ပိုင်း အင်အားပြင်းငလျင်လှုပ်ခတ်မှု လူ ၅ ဦးသေဆုံးကာ လူ ၆၀ ကျော်ထိခိုက်

ဖိလစ်ပိုင်တောင်ပိုင်း မြောက်ကိုတာဘာတို ဗုဒ္ဓဟူးနေ့က အင်အား ၆.၃ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခဲ့ရာမှာ ဒေသခံ ၅ ဦးသေဆုံးခဲ့ တယ် လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

အင်အားပြင်း ငလျင်ဗဟိုချက်မှာ မာကီလာလာမြို့တောင်ဘက် ၂၃ ကီလိုမီတာအကွာ မြေအောက် ၂ ကီလိုမီတာကို ဗဟိုပြုပြီး ဒေသစံတော်ချိန် ည ၇ နာရီ ၃၇ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ ဖိလစ်ပိုင် မီးတောင်နှင့် မြေငလျင်ဆိုင်ရာအင်စတီကျူ့က အတည်ပြုခဲ့ပါတယ်။သေဆုံးခဲ့ သူတွေထဲမှာ ခုနှစ်နှစ်အရယ် ကလေးမလေးတစ်ဦးပါဝင်ပြီး မြေငလျင်လှုပ်ခတ်မှု ကြောင့် အိမ်နံရံပြိုကျကာ ပိမိပြီးသေဆုံးခဲ့တာလို့ သတင်းတွေအရ သိရပါတယ်။

ပြည်နယ်သဘာဝဘေးဆိုင်ရာ တာဝန်ရှိသူက ငလျင်ကြောင့် မာကီလာလာမြို့မှာ ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ၁၇ ဦး ထိ ရှိခဲ့တယ် ဆိုပါ တယ်။ဒါဗာအိုဒီလ်ဆူရာရှိ မာဂါဆေဆေနဲ့ ဒိုင်ဂို၊ ကိုတာဘာတို ရှိ တူလာနမ်တို့ တွင် အနည်းဆုံး လူ ၆၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ငလျင်ကြီးလှုပ်ခတ်ပြီးနောက် တွင် နောက်ဆက်တွဲ ငလျင်ငယ်ပေါင်း ၂၀၀ ကျော်ဆက်လက်လှုပ် ခတ်ခဲ့တယ်လို့ သိရပါတယ်။

Linko
Ref:ANI
မနီလာ၊ အောက်တိုဘာ ၁၇

(  Zawgyi  )

 ဖိလစ္ပိုင္ေတာင္ပိုင္း ေျမာက္ကိုတာဘာတို ဗုဒၶဟူးေန႔က အင္အား ၆.၃ အဆင့္ရွိ အင္အားျပင္း ငလ်င္လႈပ္ခဲ့ရာမွာ ေဒသခံ ၅ ဦးေသဆုံးခဲ့ တယ္ လို႔ ေဒသဆိုင္ရာ အာဏာပိုင္ေတြက ၾကာသပေတးေန႔က ေျပာၾကားခဲ့ပါတယ္။

အင္အားျပင္း ငလ်င္ဗဟိုခ်က္မွာ မာကီလာလာၿမိဳ႕ေတာင္ဘက္ ၂၃ ကီလိုမီတာအကြာ ေျမေအာက္ ၂ ကီလိုမီတာကို ဗဟိုျပဳၿပီး ေဒသစံေတာ္ခ်ိန္ ည ၇ နာရီ ၃၇ မိနစ္တြင္ လႈပ္ခတ္ခဲ့ျခင္းျဖစ္တယ္လို႔ ဖိလစ္ပိုင္ မီးေတာင္ႏွင့္ ေျမငလ်င္ဆိုင္ရာအင္စတီက်ဴ႕က အတည္ျပဳခဲ့ပါတယ္။ေသဆုံးခဲ့ သူေတြထဲမွာ ခုႏွစ္ႏွစ္အရယ္ ကေလးမေလးတစ္ဦးပါဝင္ၿပီး ေျမငလ်င္လႈပ္ခတ္မႈ ေၾကာင့္ အိမ္နံရံၿပိဳက်ကာ ပိမိၿပီးေသဆုံးခဲ့တာလို႔ သတင္းေတြအရ သိရပါတယ္။

ျပည္နယ္သဘာဝေဘးဆိုင္ရာ တာဝန္ရွိသူက ငလ်င္ေၾကာင့္ မာကီလာလာၿမိဳ႕မွာ ထိခိုက္ဒဏ္ရာရသူ အနည္းဆုံး ၁၇ ဦး ထိ ရွိခဲ့တယ္ ဆိုပါ တယ္။ဒါဗာအိုဒီလ္ဆူရာရွိ မာဂါေဆေဆနဲ႔ ဒိုင္ဂို၊ ကိုတာဘာတို ရွိ တူလာနမ္တို႔ တြင္ အနည္းဆုံး လူ ၆၀ ေက်ာ္ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ သိရပါတယ္။ငလ်င္ႀကီးလႈပ္ခတ္ၿပီးေနာက္ တြင္ ေနာက္ဆက္တြဲ ငလ်င္ငယ္ေပါင္း ၂၀၀ ေက်ာ္ဆက္လက္လႈပ္ ခတ္ခဲ့တယ္လို႔ သိရပါတယ္။

Linko
Ref:ANI
မနီလာ၊ ေအာက္တိုဘာ ၁၇