ဖိလစ်ပိုင် Taal မီးတောင်အခြေအနေကို ကမ္ဘာ့ သဘာဝဘေးအန္တရာယ်အဖြစ် သတိပေးထား

ဖိလစ်ပိုင် Taal မီးတောင်အခြေအနေကို ကမ္ဘာ့ သဘာဝဘေးအန္တရာယ်အဖြစ် သတိပေးထား

ဖိလစ်ပိုင်နိုင်ငံ၊ လူဇွန်ကျွန်းရှိ Taal မီးတောင်အခြေအနေနှင့် ပတ်သက်၍ သိပ္ပံပညာရှင်များက အရေးတကြီး သတိပေးချက်များ ထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီ ၁၂ ရက်က စတင်လှုပ်ရှားလာသည့် အဆိုပါမီးတောင်သည်  မြို့တော် မနီလာ တောင်ဖက် ၇၂ ကီလိုမီတာ အကွာရှိ လူဦးရေများစွာ ထူထပ်သည့် နေရာတွင် ရှိနေပြီး ပျက်စီးမှုများလည်း ပြင်းထန်နိုင်ပါတယ်။

Taal မီးတောင်သည် သမိုင်းခေတ်ဦး ကာလကပင် ပြင်းထန်သည့် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ဖူးပြီး မိုင်များစွာ အကွာတွင် တွင်းကြီး တစ်ခုလည်း ဖြစ်ပေါ်ခဲ့ကာ အပေါ်ယံမြေလွှာတွင် ပြာများ ဖုံးလွှမ်းကာ ကမ္ဘာကြီးတွင် အအေးဓာတ်များ ယာယီဖြစ်ပေါ်ခဲ့ပါတယ်။
Taal သည် မီးတောင်တစ်ခုအတွင်းမှ နောက်ထပ် မီးတောင်တစ်ခုဖြစ်ပါတယ်။ ပြာထုနှင့် ချော်ရည် များသည် ကမ္ဘာလှည့်ခရီးသည်များ လာရောက် လည်ပတ်လေ့ရှိသည့် Lake Taal အတွင်းမှ မီးတောင်ကျွန်းပေါ်တွင် ထွက်ပေါ်လျှက်ရှိပါတယ်။

Lake Taal သည် အကြီးစား မီးတောင်ပေါက်ကွဲမှုတစ်ခုမှ ဖြစ်ပေါ်လာသည့် ရေအိုင်ကြီးလည်း တစ်ခုဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မီးတောင်နှင့် ငလျင်ပညာရပ်ဆိုင်ရာ ကျောင်း (PHIVOLCS) မှ သိပ္ပံပညာရှင်များက မီးတောင်လှုပ်ရှားမှု ဆက်လက် ဖြစ်ပေါ်နေ သော်လည်း အရှိန်အသင့်အတင့် လျော့နည်းသွားကြောင်း ပြောကြားပါတယ်။

အနီးဝန်းကျင်၌ နေထိုင်သူများကို ရွှေ့ပြောင်းရန်အမိန့် ဆက်လက် ထုတ်ပြန်ထားပြီး ပေါက်ကွဲမှု အချိန်မရွေးဖြစ်နိုင်ကြောင်း PHIVOLCS က ဆက်လက် သတိပေးထားပါတယ်။

Linko
Ref: Stuff
မနီလာ၊ ဇန်နဝါရီ ၁၇

(  Zawgyi   )

 ဖိလစ္ပိုင္ႏိုင္ငံ၊ လူဇြန္ကြၽန္းရွိ Taal မီးေတာင္အေျခအေနႏွင့္ ပတ္သက္၍ သိပၸံပညာရွင္မ်ားက အေရးတႀကီး သတိေပးခ်က္မ်ား ထုတ္ျပန္ထားပါတယ္။ ဇန္နဝါရီ ၁၂ ရက္က စတင္လႈပ္ရွားလာသည့္ အဆိုပါမီးေတာင္သည္  ၿမိဳ႕ေတာ္ မနီလာ ေတာင္ဖက္ ၇၂ ကီလိုမီတာ အကြာရွိ လူဦးေရမ်ားစြာ ထူထပ္သည့္ ေနရာတြင္ ရွိေနၿပီး ပ်က္စီးမႈမ်ားလည္း ျပင္းထန္ႏိုင္ပါတယ္။

Taal မီးေတာင္သည္ သမိုင္းေခတ္ဦး ကာလကပင္ ျပင္းထန္သည့္ ေပါက္ကြဲမႈ ျဖစ္ေပၚခဲ့ဖူးၿပီး မိုင္မ်ားစြာ အကြာတြင္ တြင္းႀကီး တစ္ခုလည္း ျဖစ္ေပၚခဲ့ကာ အေပၚယံေျမလႊာတြင္ ျပာမ်ား ဖုံးလႊမ္းကာ ကမာၻႀကီးတြင္ အေအးဓာတ္မ်ား ယာယီျဖစ္ေပၚခဲ့ပါတယ္။
Taal သည္ မီးေတာင္တစ္ခုအတြင္းမွ ေနာက္ထပ္ မီးေတာင္တစ္ခုျဖစ္ပါတယ္။ ျပာထုႏွင့္ ေခ်ာ္ရည္ မ်ားသည္ ကမာၻလွည့္ခရီးသည္မ်ား လာေရာက္ လည္ပတ္ေလ့ရွိသည့္ Lake Taal အတြင္းမွ မီးေတာင္ကြၽန္းေပၚတြင္ ထြက္ေပၚလွ်က္ရွိပါတယ္။

Lake Taal သည္ အႀကီးစား မီးေတာင္ေပါက္ကြဲမႈတစ္ခုမွ ျဖစ္ေပၚလာသည့္ ေရအိုင္ႀကီးလည္း တစ္ခုျဖစ္ပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံ မီးေတာင္ႏွင့္ ငလ်င္ပညာရပ္ဆိုင္ရာ ေက်ာင္း (PHIVOLCS) မွ သိပၸံပညာရွင္မ်ားက မီးေတာင္လႈပ္ရွားမႈ ဆက္လက္ ျဖစ္ေပၚေန ေသာ္လည္း အရွိန္အသင့္အတင့္ ေလ်ာ့နည္းသြားေၾကာင္း ေျပာၾကားပါတယ္။

အနီးဝန္းက်င္၌ ေနထိုင္သူမ်ားကို ေ႐ႊ႕ေျပာင္းရန္အမိန႔္ ဆက္လက္ ထုတ္ျပန္ထားၿပီး ေပါက္ကြဲမႈ အခ်ိန္မေ႐ြးျဖစ္ႏိုင္ေၾကာင္း PHIVOLCS က ဆက္လက္ သတိေပးထားပါတယ္။

Linko
Ref: Stuff
မနီလာ၊ ဇန္နဝါရီ ၁၇