ဖီလာဒဲလ်ဖီးယား မူးယစ်ဆေးရှာဖွေခွင့်ဝရမ်းနဲ့လာဖမ်းတဲ့ရဲတွေ ပစ်ခတ်တိုက်ခိုက်ခံရ၊ ၆ ဦးထက်မနည်း ဒဏ်ရာရခဲ့

 
ဖီလာဒဲလ်ဖီးယား မူးယစ်ဆေးရှာဖွေခွင့်ဝရမ်းနဲ့လာဖမ်းတဲ့ရဲတွေ ပစ်ခတ်တိုက်ခိုက်ခံရ၊ ၆ ဦးထက်မနည်း ဒဏ်ရာရခဲ့

အမေရိကန်ပြည်ထောင်စု၊ ဖီလာဒဲလ်ဖီးယား မြို့မှာ မနေ့ညနေက မူးယစ်ဆေးရှာဖွေခွင့်ဝရမ်းနဲ့လာဖမ်းတဲ့ရဲတွေ ပစ်ခတ်တိုက်ခိုက်ခံရပါတယ်။ သေနတ်သမားတစ်ဦးထက်မနည်းက ရဲတွေကို ချောင်းမြောင်းတိုက်ခိုက်ခဲ့တာပါ။ ရဲတွေနဲ့ သေနတ်သမားတွေကြား နာရီအတန်ကြာ ပစ်ခတ် မှုတွေဖြစ်ခဲ့ပြီး၊ ရဲ ၆ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ အခုနောက်ဆုံးရတဲ့သတင်းတွေအရ ဒီမနက်မှာပဲ သေနတ်သမားတစ်ဦး လက်နက်ချအဖမ်းခံခဲ့တယ်လို့လည်း သိရပါတယ်။

မျက်မြင်တွေကတော့ အခုဖြစ်နေတဲ့ပစ်ခတ်မှုက စစ်ဖြစ်နေတာနဲ့တူတယ်လို့  ပြောတာရှိသလို၊ သေနတ်သံအချက် တစ်ရာထက် မနည်းကြား ခဲ့ရပြီး၊ အနီးအနားက ကလေးထိန်းကျောင်းအတွက် စိုးရိမ်ပူပန်တယ်လို့ပြောတဲ့သူတွေလည်း ရှိပါတယ်။ ရဲတွေနဲ့ သေနတ်သမား အပြန်အလှန် ပစ်ခတ်တဲ့နေရာဟာ ဈေးဝယ်သူတွေ၊ ညစာထွက်စားသူတွေနဲ့ ရုံးသမားတွေအိမ်ပြန်လာတဲ့အချိန် လူစည်ကားရာနေရာလည်း ဖြစ်ပါတယ်။  

‘ညစာစားနေတဲ့အချိန်မှာ သေနတ်သံတွေနဲ့ ဆူညံနေပြီး၊ ဗုံးပေါက်ကွဲသလို ကြားနေရတယ်’လို့လည်း တချို့က ပြောပါတယ်။ ပစ်ခတ်မှု နာရီအတော်ကြာအောင်ဖြစ်နေတာကြောင့် အနီးမှာရှိတဲ့ ကလေးထိန်းကျောင်းက ကလေးအယောက် ၈၀လောက်ကို ရဲတွေက ဘေးကင်းရာမှာ စောင့်ရှောက်မှုပေးထားပါတယ်။ သေနတ်သမားတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပေမဲ့ နောက်တစ်ဦးကတော့ လက်နက်ချမယ့်အရိပ်အယောင်မရှိဘူးလို့ သတင်းတွေက ဆိုပါတယ်။

မူးယစ်ဆေးရှာဖွေခွင့်ဝရမ်းနဲ့ အိမ်တစ်အိမ်ကိုဝင်ရှာတဲ့ ရဲတွေကို သေနတ်သမားတစ်ဦးထက်မနည်းက မျက်နှာကြက်ပေါ်ကနေ မောင်းပြန် ရိုင်ဖယ်သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ မနေ့ညနေ ၄ နာရီခွဲလောက်မှာ ပစ်ခတ်မှု စတင်ခဲ့တာဖြစ်ပြီး၊ ၅ နာရီအကြာမှ အိမ်ထဲ ပိတ်မိနေ တဲ့ရဲတွေ အိမ်ပြင်ထွက်လာနိုင်တာပါ။ နောက်ဆုံးရသတင်းတွေအရ အခင်းဖြစ်တဲ့နေရာမှာ တပ်ကူတွေလည်း ရောက်လာနေပြီလို့ သိရပါတယ်။
 
ရည်မွန်
Ref: rt.com
ဝါရှင်တန်၊ သြဂုတ် ၁၅

(  Zawgyi  )

 အေမရိကန္ျပည္ေထာင္စု၊ ဖီလာဒဲလ္ဖီးယား ၿမိဳ႕မွာ မေန႔ညေနက မူးယစ္ေဆးရွာေဖြခြင့္ဝရမ္းနဲ႔လာဖမ္းတဲ့ရဲေတြ ပစ္ခတ္တိုက္ခိုက္ခံရပါတယ္။ ေသနတ္သမားတစ္ဦးထက္မနည္းက ရဲေတြကို ေခ်ာင္းေျမာင္းတိုက္ခိုက္ခဲ့တာပါ။ ရဲေတြနဲ႔ ေသနတ္သမားေတြၾကား နာရီအတန္ၾကာ ပစ္ခတ္ မႈေတြျဖစ္ခဲ့ၿပီး၊ ရဲ ၆ ဦးထက္မနည္း ဒဏ္ရာရခဲ့တယ္လို႔ သတင္းေတြက ဆိုပါတယ္။ အခုေနာက္ဆုံးရတဲ့သတင္းေတြအရ ဒီမနက္မွာပဲ ေသနတ္သမားတစ္ဦး လက္နက္ခ်အဖမ္းခံခဲ့တယ္လို႔လည္း သိရပါတယ္။

မ်က္ျမင္ေတြကေတာ့ အခုျဖစ္ေနတဲ့ပစ္ခတ္မႈက စစ္ျဖစ္ေနတာနဲ႔တူတယ္လို႔  ေျပာတာရွိသလို၊ ေသနတ္သံအခ်က္ တစ္ရာထက္ မနည္းၾကား ခဲ့ရၿပီး၊ အနီးအနားက ကေလးထိန္းေက်ာင္းအတြက္ စိုးရိမ္ပူပန္တယ္လို႔ေျပာတဲ့သူေတြလည္း ရွိပါတယ္။ ရဲေတြနဲ႔ ေသနတ္သမား အျပန္အလွန္ ပစ္ခတ္တဲ့ေနရာဟာ ေဈးဝယ္သူေတြ၊ ညစာထြက္စားသူေတြနဲ႔ ႐ုံးသမားေတြအိမ္ျပန္လာတဲ့အခ်ိန္ လူစည္ကားရာေနရာလည္း ျဖစ္ပါတယ္။  

‘ညစာစားေနတဲ့အခ်ိန္မွာ ေသနတ္သံေတြနဲ႔ ဆူညံေနၿပီး၊ ဗုံးေပါက္ကြဲသလို ၾကားေနရတယ္’လို႔လည္း တခ်ိဳ႕က ေျပာပါတယ္။ ပစ္ခတ္မႈ နာရီအေတာ္ၾကာေအာင္ျဖစ္ေနတာေၾကာင့္ အနီးမွာရွိတဲ့ ကေလးထိန္းေက်ာင္းက ကေလးအေယာက္ ၈၀ေလာက္ကို ရဲေတြက ေဘးကင္းရာမွာ ေစာင့္ေရွာက္မႈေပးထားပါတယ္။ ေသနတ္သမားတစ္ဦးကို ဖမ္းဆီးႏိုင္ခဲ့ေပမဲ့ ေနာက္တစ္ဦးကေတာ့ လက္နက္ခ်မယ့္အရိပ္အေယာင္မရွိဘူးလို႔ သတင္းေတြက ဆိုပါတယ္။

မူးယစ္ေဆးရွာေဖြခြင့္ဝရမ္းနဲ႔ အိမ္တစ္အိမ္ကိုဝင္ရွာတဲ့ ရဲေတြကို ေသနတ္သမားတစ္ဦးထက္မနည္းက မ်က္ႏွာၾကက္ေပၚကေန ေမာင္းျပန္ ႐ိုင္ဖယ္ေသနတ္နဲ႔ ပစ္ခတ္ခဲ့တာ ျဖစ္ပါတယ္။ မေန႔ညေန ၄ နာရီခြဲေလာက္မွာ ပစ္ခတ္မႈ စတင္ခဲ့တာျဖစ္ၿပီး၊ ၅ နာရီအၾကာမွ အိမ္ထဲ ပိတ္မိေန တဲ့ရဲေတြ အိမ္ျပင္ထြက္လာႏိုင္တာပါ။ ေနာက္ဆုံးရသတင္းေတြအရ အခင္းျဖစ္တဲ့ေနရာမွာ တပ္ကူေတြလည္း ေရာက္လာေနၿပီလို႔ သိရပါတယ္။
 
ရည္မြန္
Ref: rt.com
ဝါရွင္တန္၊ ၾသဂုတ္ ၁၅