ဗင်နီဇွဲလားတွင် အချုပ်ထောင်အဓိကရုဏ်းဖြစ်ပွားသဖြင့် ၂၉ ဦး သေဆုံးကာ ၁၅ ဦးဒဏ်ရာရ

ဗင်နီဇွဲလားတွင် အချုပ်ထောင်အဓိကရုဏ်းဖြစ်ပွားသဖြင့် ၂၉ ဦး သေဆုံးကာ ၁၅ ဦးဒဏ်ရာရ

ဗင်နီဇွဲလားနိုင်ငံ အနောက်ပိုင်း အချုပ်ထောင်တစ်ခုတွင် မေ ၂၄ ရက်က အဓိကရုဏ်း တစ်ခုဖြစ်ပွား ခဲ့ရာ အချုပ်သား ၂၉ ဦးထက်မနည်း သေဆုံးပြီး ရဲ ၁၅ ဦးဒဏ်ရာ ရရှိသွားကြောင်း တာဝန်ရှိသူများက ပြောကြား ပါတယ်။

ပေါ်တူဂီဆာပြည်နယ်၊ အာကာရီဂါမြို့ ရဲစခန်းအချုပ်ထောင်တစ်ခုမှာ အုပ်စုလိုက် ဖောက်ထွင်းခြင်းကို အထူးရဲတပ်ဖွဲ့ (FAES) က နှိမ်နှင်းခဲ့ခြင်းဖြစ်တယ်လို့ ပြည်သူ့လုံခြုံရေးအရာရှိ အိုစကာဗလီရိုက ပြော ကြားပါတယ်။

အကျဉ်းသားများအခွင့်အရေးကာကွယ် စောင့်ရှောက်ရေးအဖွဲ့ Una Ventana a la Libertad NGO ရဲ့ ထုတ်ပြန်ချက်မှာတော့ အချုပ်သား၂၅ ဦး သေဆုံးကြောင်း ဖော်ပြထားပါတယ်။

မေ ၂၄ ရက်က အဆိုပါ အကျဉ်းထောင်တွင် အချုပ်သားခေါင်းဆောင်က အချုပ်ထောင်သို့ လာရောက်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးထားခြင်းကို ကယ်တင်ရန် FAES အဖွဲ့ဝင်များက ကယ်တင်ရန် ကြိုးစားစဉ် အခုလို ဖြစ်ပွားခဲ့ကြောင်း အင်န်ဂျီအို ဒါရိုက်တာ ကားလို့စ်နီတိုက ပြောပါတယ်။

“အာဏာပိုင်တွေက ဒီမနက်မှာ FAES အဖွဲ့ကို စေလွှတ်လိုက်ပြီးတဲ့နောက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အချုပ်သားတွေမှာ လက်နက်တွေရှိပြီး ရဲတွေကို ပြန်လည်ပစ်ခတ်ခဲ့တာပါ။ သူတို့က လက်ပစ်ဗုံး ၂ လုံးနဲ့လည်း ဖောက်ခွဲခဲ့ပုံရပါတယ်” လို နီတိုက ပြောပါတယ်။ရဲတပ်ဖွဲ့ အစီရင်ခံစာအရ အချုပ်သားခေါင်းဆောင် ဝီဖရက်ဒိုရာမို့စ်လည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အင်န်ဂျီအိုအဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကားထားတဲ့ အစီရင်ခံစာမှာတော့ ဗုံးဆံများနဲ့ ဖောက်ခွဲရေး ကိရိယာများ ကြောင့် ရဲတပ်ဖွဲ့ဝင် အများအပြား ဒဏ်ရာရသွားကြောင်း ဖော်ပြထားပါတယ်။အကျဉ်းထောင် ဝန်ကြီးဌာနက ရဲတပ်ဖွဲ့အချုပ်ထောင်များဟာ သူတို့ရဲ့ ကွပ်ကဲမှု အောက်မှာ မရှိတဲ့ အတွက် ယင်းပြဿနာနဲ့ ပတ်သက်လို့ မှတ်ချက် တစ်စုံတစ်ရာ ပေးခြင်း မရှိပါဘူး။

ရာမို့စ်ဟု ထင်ရသော အကျဉ်းသားတစ်ဦးက မျက်နှာကို တစ်ဝက်ဖုံးအုပ်ထားပြီး ပစ္စတိုသေနတ် ၁ လက်၊ လက်ပစ်ဗုံးဟု ယူဆရသော အရာများ ဝှေ့ယမ်းကာ အမျိုးသမီး ၂ ဦးကို ခြိမ်းခြောက်နေသည့် ဗီဒီယိုတစ်ခု လူမှုကွန်ရက် မီဒီယာမှာ ထွက်ပေါ်ခဲ့ပါတယ်။

အချုပ်သားများက အစားအစာများကို တောင်းဆိုပြီး အကျဉ်းထောင်များသို့ ပြောင်းရွှေ့ပေးရေးလည်း တောင်းဆိုကာ ရဲများက နှိပ်စက်ညှဉ်းပမ်းကြောင်း ကန့်ကွက်ခဲ့ကြပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဓားစာခံများနဲ့ ပတ်သက်လို့ အာဏာပိုင်များက ထုတ်ပြန်ပေးခြင်း မရှိသေးပါဘူး။ အချုပ်သားများကို အကြာဆုံး ၄၈ နာရီအထိသာ ထိန်းသိမ်းထားရသည့် ဗင်နီဇွဲလားနိုင်ငံရှိ အချုပ်ထောင်များတွင် ယခုကဲ့သို့ အဓိကရုဏ်းများ ဖြစ်ပွားတတ်ကြောင်း အင်န်ဂျီအိုအဖွဲ့က ပြောပါတယ်။

နိုင်ငံအတွင်းမှာ အချုပ်ထောင် ၅၀၀ ခန့်ရှိပြီး အချုပ်သားအများဆုံး ၈၀၀၀ ခန့်သား ထားနိုင်သော် လည်း ၅၅၀၀၀ ခန့်ကို ထားရှိကြောင်း အဆိုပါ အင်န်ဂျီအိုအဖွဲ့က ပြောပါတယ်။ ယခုဖြစ်ပွား တဲ့ အချုပ်ထောင်ဟာလည်း လူ ၆၀ သာ ဆန့်သော်လည်း ၅၀၀ ခန့် ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Linko
Ref: gulftoday
ကရာကတ်စ်၊မေ ၂၅

(  Zawgyi   )

 ဗင္နီဇြဲလားႏိုင္ငံ အေနာက္ပိုင္း အခ်ဳပ္ေထာင္တစ္ခုတြင္ ေမ ၂၄ ရက္က အဓိက႐ုဏ္း တစ္ခုျဖစ္ပြား ခဲ့ရာ အခ်ဳပ္သား ၂၉ ဦးထက္မနည္း ေသဆုံးၿပီး ရဲ ၁၅ ဦးဒဏ္ရာ ရရွိသြားေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကား ပါတယ္။

ေပၚတူဂီဆာျပည္နယ္၊ အာကာရီဂါၿမိဳ႕ ရဲစခန္းအခ်ဳပ္ေထာင္တစ္ခုမွာ အုပ္စုလိုက္ ေဖာက္ထြင္းျခင္းကို အထူးရဲတပ္ဖြဲ႕ (FAES) က ႏွိမ္ႏွင္းခဲ့ျခင္းျဖစ္တယ္လို႔ ျပည္သူ႔လုံၿခဳံေရးအရာရွိ အိုစကာဗလီ႐ိုက ေျပာ ၾကားပါတယ္။

အက်ဥ္းသားမ်ားအခြင့္အေရးကာကြယ္ ေစာင့္ေရွာက္ေရးအဖြဲ႕ Una Ventana a la Libertad NGO ရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ အခ်ဳပ္သား၂၅ ဦး ေသဆုံးေၾကာင္း ေဖာ္ျပထားပါတယ္။

ေမ ၂၄ ရက္က အဆိုပါ အက်ဥ္းေထာင္တြင္ အခ်ဳပ္သားေခါင္းေဆာင္က အခ်ဳပ္ေထာင္သို႔ လာေရာက္သူမ်ားကို ဓားစာခံအျဖစ္ ဖမ္းဆီးထားျခင္းကို ကယ္တင္ရန္ FAES အဖြဲ႕ဝင္မ်ားက ကယ္တင္ရန္ ႀကိဳးစားစဥ္ အခုလို ျဖစ္ပြားခဲ့ေၾကာင္း အင္န္ဂ်ီအို ဒါ႐ိုက္တာ ကားလို႔စ္နီတိုက ေျပာပါတယ္။

“အာဏာပိုင္ေတြက ဒီမနက္မွာ FAES အဖြဲ႕ကို ေစလႊတ္လိုက္ၿပီးတဲ့ေနာက္ တိုက္ခိုက္မႈေတြ ျဖစ္ပြားခဲ့ပါတယ္။ အခ်ဳပ္သားေတြမွာ လက္နက္ေတြရွိၿပီး ရဲေတြကို ျပန္လည္ပစ္ခတ္ခဲ့တာပါ။ သူတို႔က လက္ပစ္ဗုံး ၂ လုံးနဲ႔လည္း ေဖာက္ခြဲခဲ့ပုံရပါတယ္” လို နီတိုက ေျပာပါတယ္။ရဲတပ္ဖြဲ႕ အစီရင္ခံစာအရ အခ်ဳပ္သားေခါင္းေဆာင္ ဝီဖရက္ဒိုရာမို႔စ္လည္း ေသဆုံးသြားတယ္လို႔ ဆိုပါတယ္။

အင္န္ဂ်ီအိုအဖြဲ႕၏ ထုတ္ျပန္ခ်က္ကို ကိုးကားထားတဲ့ အစီရင္ခံစာမွာေတာ့ ဗုံးဆံမ်ားနဲ႔ ေဖာက္ခြဲေရး ကိရိယာမ်ား ေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ အမ်ားအျပား ဒဏ္ရာရသြားေၾကာင္း ေဖာ္ျပထားပါတယ္။အက်ဥ္းေထာင္ ဝန္ႀကီးဌာနက ရဲတပ္ဖြဲ႕အခ်ဳပ္ေထာင္မ်ားဟာ သူတို႔ရဲ႕ ကြပ္ကဲမႈ ေအာက္မွာ မရွိတဲ့ အတြက္ ယင္းျပႆနာနဲ႔ ပတ္သက္လို႔ မွတ္ခ်က္ တစ္စုံတစ္ရာ ေပးျခင္း မရွိပါဘူး။

ရာမို႔စ္ဟု ထင္ရေသာ အက်ဥ္းသားတစ္ဦးက မ်က္ႏွာကို တစ္ဝက္ဖုံးအုပ္ထားၿပီး ပစၥတိုေသနတ္ ၁ လက္၊ လက္ပစ္ဗုံးဟု ယူဆရေသာ အရာမ်ား ေဝွ႔ယမ္းကာ အမ်ိဳးသမီး ၂ ဦးကို ၿခိမ္းေျခာက္ေနသည့္ ဗီဒီယိုတစ္ခု လူမႈကြန္ရက္ မီဒီယာမွာ ထြက္ေပၚခဲ့ပါတယ္။

အခ်ဳပ္သားမ်ားက အစားအစာမ်ားကို ေတာင္းဆိုၿပီး အက်ဥ္းေထာင္မ်ားသို႔ ေျပာင္းေ႐ႊ႕ေပးေရးလည္း ေတာင္းဆိုကာ ရဲမ်ားက ႏွိပ္စက္ညႇဥ္းပမ္းေၾကာင္း ကန႔္ကြက္ခဲ့ၾကပါတယ္။ ဖမ္းဆီးခံထားရတဲ့ ဓားစာခံမ်ားနဲ႔ ပတ္သက္လို႔ အာဏာပိုင္မ်ားက ထုတ္ျပန္ေပးျခင္း မရွိေသးပါဘူး။ အခ်ဳပ္သားမ်ားကို အၾကာဆုံး ၄၈ နာရီအထိသာ ထိန္းသိမ္းထားရသည့္ ဗင္နီဇြဲလားႏိုင္ငံရွိ အခ်ဳပ္ေထာင္မ်ားတြင္ ယခုကဲ့သို႔ အဓိက႐ုဏ္းမ်ား ျဖစ္ပြားတတ္ေၾကာင္း အင္န္ဂ်ီအိုအဖြဲ႕က ေျပာပါတယ္။

ႏိုင္ငံအတြင္းမွာ အခ်ဳပ္ေထာင္ ၅၀၀ ခန႔္ရွိၿပီး အခ်ဳပ္သားအမ်ားဆုံး ၈၀၀၀ ခန႔္သား ထားႏိုင္ေသာ္ လည္း ၅၅၀၀၀ ခန႔္ကို ထားရွိေၾကာင္း အဆိုပါ အင္န္ဂ်ီအိုအဖြဲ႕က ေျပာပါတယ္။ ယခုျဖစ္ပြား တဲ့ အခ်ဳပ္ေထာင္ဟာလည္း လူ ၆၀ သာ ဆန႔္ေသာ္လည္း ၅၀၀ ခန႔္ ထိန္းသိမ္းထားေၾကာင္း ရဲတပ္ဖြဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

Linko
Ref: gulftoday
ကရာကတ္စ္၊ေမ ၂၅