ဗင်နီဇွဲလားသမ္မတနှင့် အတိုက်အခံအကြား အာဏာခွဲဝေရေး အမေရိကန် ဝင်ဆွေးနွေး

ဗင်နီဇွဲလားသမ္မတနှင့် အတိုက်အခံအကြား အာဏာခွဲဝေရေး အမေရိကန် ဝင်ဆွေးနွေး

ဗင်နီဇွဲလားသမ္မတအား ရာထူးမှ ဖယ်ရှားရန် လုပ်ဆောင်နေမှုများ မအောင်မြင်သည့်အတွက် အတိုက် အခံ ခေါင်းဆောင်များနှင့် အာဏာ ခွဲဝေးရန် အာဏာရပါတီဝင်များအား စည်းရုံးမည့်အစီအစဉ်ကို ပြုလုပ်ရန် အမေရိကန်သမ္မတထရမ့်၏ အစိုးရတာဝန်ရှိသူများက ဆွေးနွေးနေကြောင်း အဆိုပါ ဖြစ်စဉ်နှင့် နီးစပ်သူများက ပြောကြားပါတယ်။

အမေရိကန်က အလားတူအစီအစဉ်ကို ယမန်နှစ်ကပင် စဉ်းစားခဲ့သလို ဗင်နီဇွဲလားအမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဖြစ်သူ အတိုက်အခံခေါင်းဆောင် ဂျူယန်ဂိုက်ဒိုကလည်း ဧပြီလ ၃၀ ရက်က ဆူပူဆန္ဒပြမှု လုပ်ဆောင် ခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။ယခု အခါ ပိတ်ဆို့အရေးယူမှု အသစ်များ ဝင်ရောက်လာသောကြောင့် ဗင်နီဇွဲလားအရာရှိအချို့အနေဖြင့် ပြန်လည် စဉ်းစားမည့် အလားအလာများ ရှိနေကြောင်းလည်း သုံးသပ်မှုများ ရှိနေပါတယ်။

လက်ရှိသမ္မတမာ ဒူရိုအား ဖြုတ်ချ၍ အတိုက်အခံခေါင်းဆောင်ဂိုင်ဒိုအား နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ခံရန် သမ္မတထရမ့်က မကြာသေးမီက အရှိန်မြှင့် လုပ်ဆောင်လာခဲ့ပါတယ်။ သမ္မတမာဒူရိုနှင့် နိုင်ငံပိုင် ရေနံကုမ္ပဏီ PDVSA တို့နှင့် လုပ်ငန်း ဆက်လက် လုပ်ဆောင်မှု တို့ဖြင့် ရုရှားနိုင်ငံ၏ ရေနံကုမ္ပဏီ လုပ်ငန်းတစ်ခုဖြစ်သည့် Rosneft PJSC အား ပိတ်ဆို့ အရေးယူမှု ချမှတ်လိုက်ပါတယ်။
    
အမေရိကန်သို့ ရေနံတင်ပို့ခွင့် မရတော့ခြင်း၊ ပြင်ပဘဏ္ဍာရေး နယ်ပယ်နှင့် ထိစပ်ခွင့် မရတော့ခြင်းတို့ကြောင့် ဗင်နီဇွဲလားနိုင်ငံ၏ စီးပွားရေးသည် ၇နှစ်ဆက်တိုက် ကျဆင်းလျှက်ရှိပါတယ်။ အာဏာခွဲရေးအစီအစဉ်သတင်းများ ထွက်ပေါ်လာမှုနှင့် ပတ်သက်၍ အိမ်ဖြူတော်၊ ဗင်နီဇွဲလား သမ္မတနှင့် အတိုက်အခံခေါင်းဆောင် တို့ဖက်မှ တုံ့ပြန်မှတ်ချက် ပေးခြင်း မရှိသေးပေ။

Linko
Ref: BNN Bloomberg
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၀

( Zawgyi  )

 ဗင္နီဇြဲလားသမၼတအား ရာထူးမွ ဖယ္ရွားရန္ လုပ္ေဆာင္ေနမႈမ်ား မေအာင္ျမင္သည့္အတြက္ အတိုက္ အခံ ေခါင္းေဆာင္မ်ားႏွင့္ အာဏာ ခြဲေဝးရန္ အာဏာရပါတီဝင္မ်ားအား စည္း႐ုံးမည့္အစီအစဥ္ကို ျပဳလုပ္ရန္ အေမရိကန္သမၼတထရမ့္၏ အစိုးရတာဝန္ရွိသူမ်ားက ေဆြးေႏြးေနေၾကာင္း အဆိုပါ ျဖစ္စဥ္ႏွင့္ နီးစပ္သူမ်ားက ေျပာၾကားပါတယ္။

အေမရိကန္က အလားတူအစီအစဥ္ကို ယမန္ႏွစ္ကပင္ စဥ္းစားခဲ့သလို ဗင္နီဇြဲလားအမ်ိဳးသားလႊတ္ေတာ္ ဥကၠ႒ ျဖစ္သူ အတိုက္အခံေခါင္းေဆာင္ ဂ်ဴယန္ဂိုက္ဒိုကလည္း ဧၿပီလ ၃၀ ရက္က ဆူပူဆႏၵျပမႈ လုပ္ေဆာင္ ခဲ့ေသာ္လည္း ေအာင္ျမင္မႈ မရရွိခဲ့ေပ။ယခု အခါ ပိတ္ဆို႔အေရးယူမႈ အသစ္မ်ား ဝင္ေရာက္လာေသာေၾကာင့္ ဗင္နီဇြဲလားအရာရွိအခ်ိဳ႕အေနျဖင့္ ျပန္လည္ စဥ္းစားမည့္ အလားအလာမ်ား ရွိေနေၾကာင္းလည္း သုံးသပ္မႈမ်ား ရွိေနပါတယ္။

လက္ရွိသမၼတမာ ဒူ႐ိုအား ျဖဳတ္ခ်၍ အတိုက္အခံေခါင္းေဆာင္ဂိုင္ဒိုအား ႏိုင္ငံတကာအသိုင္းအဝိုင္းက ေထာက္ခံရန္ သမၼတထရမ့္က မၾကာေသးမီက အရွိန္ျမႇင့္ လုပ္ေဆာင္လာခဲ့ပါတယ္။ သမၼတမာဒူ႐ိုႏွင့္ ႏိုင္ငံပိုင္ ေရနံကုမၸဏီ PDVSA တို႔ႏွင့္ လုပ္ငန္း ဆက္လက္ လုပ္ေဆာင္မႈ တို႔ျဖင့္ ႐ုရွားႏိုင္ငံ၏ ေရနံကုမၸဏီ လုပ္ငန္းတစ္ခုျဖစ္သည့္ Rosneft PJSC အား ပိတ္ဆို႔ အေရးယူမႈ ခ်မွတ္လိုက္ပါတယ္။
    
အေမရိကန္သို႔ ေရနံတင္ပို႔ခြင့္ မရေတာ့ျခင္း၊ ျပင္ပဘ႑ာေရး နယ္ပယ္ႏွင့္ ထိစပ္ခြင့္ မရေတာ့ျခင္းတို႔ေၾကာင့္ ဗင္နီဇြဲလားႏိုင္ငံ၏ စီးပြားေရးသည္ ၇ႏွစ္ဆက္တိုက္ က်ဆင္းလွ်က္ရွိပါတယ္။ အာဏာခြဲေရးအစီအစဥ္သတင္းမ်ား ထြက္ေပၚလာမႈႏွင့္ ပတ္သက္၍ အိမ္ျဖဴေတာ္၊ ဗင္နီဇြဲလား သမၼတႏွင့္ အတိုက္အခံေခါင္းေဆာင္ တို႔ဖက္မွ တုံ႔ျပန္မွတ္ခ်က္ ေပးျခင္း မရွိေသးေပ။

Linko
Ref: BNN Bloomberg
ဝါရွင္တန္၊ ေဖေဖာ္ဝါရီ ၂၀