ဗဟိုအမေရိကန်နိုင်ငံများမှ ခိုလှုံခွင့်တောင်းသူများကို ထရမ့်အစိုးရက ငြင်းဆိုခွင့်အား တရားရုံးချုပ်ခွင့်ပြု

ဗဟိုအမေရိကန်နိုင်ငံများမှ ခိုလှုံခွင့်တောင်းသူများကို ထရမ့်အစိုးရက ငြင်းဆိုခွင့်အား တရားရုံးချုပ်ခွင့်ပြု

အမေရိကန်နှင့်  မက္ကဆီကိုနယ်စပ်တွင် နေရပ်ရွှေ့ပြောင်းလာသူများက ခိုလှုံခွင့်တောင်းခံမှုများအပေါ် သမ္မတဒေါ်နယ်ထရမ့်၏ အစိုးရက ကန့်သတ်ငြင်းဆိုခွင့်ပြုရေး တင်ပြမှုကို အမေရိကန်တရားရုံးက စက်တင်ဘာ ၁၁ ရက်မှာ ခွင့်ပြုလိုက်ပါတယ်။ ယင်းကိစ္စရပ်သည် ထရမ့်အစိုးရ၏ တင်းမာသော လူဝင်မှုကြီးကြပ်ရေး မူဝါဒများအနက်မှ အဓိကကျသည့် အချက်တစ်ခုဖြစ်ပါတယ်။

ခိုလှုံခွင့် လျှောက်ထားလိုသော နေရပ်ရွှေ့ပြောင်းသူအများစုသည် တတိယနိုင်ငံများတွင် ဦးစွာနေထိုင်ပြီးမှ အမေရိကန်သို့ ဆက်လက် လာရောက် ရမည်ဖြစ်သည့် အဆိုပါ ဥပဒေဆုံးဖြတ်ချက်သည် လက်ရှိလျှောက်ထား သူများအတွက်လည်း အကျုံးဝင်မှာဖြစ်ကြောင်း တရားရုံးက ထုတ်ပြန်ထားပါတယ်။

ယင်းဥပဒေကို အဆုံးအဖြတ်ရယူရာတွင် တရားသူကြီး ၉ ဦးအနက် ၂ ဦးက ကန့်ကွက်ခဲ့ပါတယ်။အောက်တရားရုံး များ သမ္မတထရမ့်၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒများအား ပယ်ချနေချိန်တွင် တရားရုံးချုပ်က အမေရိကန်အစိုးရ၏ တောင်းဆိုမှုကို ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်း ဖြစ်ပါတယ်။“နယ်စပ်ခိုလှုံခွင့် လျှောက်ထားတဲ့ ကိစ္စနဲ့ ပတ်သတ်လို့ တရားရုံးချုပ်က အနိုင်ပေးလိုက်ပါတယ်” ဟု ထရမ့်က သူ့ရဲ့ တွစ်တာမှာ ရေးထား ပါတယ်။

ယင်းဥပဒေအရ တောင်ပိုင်းနယ်စပ်များတွင် ခိုလှုံခွင့်လျှောက်ထားသူ အားလုံးနီးပါးသည် ငြင်းပယ် ခံရဖွယ်ရှိပါတယ်။ ယခုကဲ့သို့ ဥပဒေပြဌာန်း ခွင့်ရရှိခြင်းဟာ ထရမ့်အနေဖြင့် လက်ရှိသမ္မတ သက်တမ်း ကာလအတွင်းနှင့်  ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ အကြိုကာလအတွင်း  သိသာ ထင်ရှားတဲ့ ဆောင်ရွက်ချက်တစ်ခု ဖြစ်ပါတယ်။

American Civil Liberties Union နှင့် အစိုးရ၏ ယင်းမူဝါဒကို ဖက်ဒရယ်တရားရုံးတွင် ဆန့်ကျင်သူများက ယခုဥပဒေသည် အမေရိကန် လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်ခြင်းဖြင့်ကြောင်းနှင့် အစိုးရအနေဖြင့် ဥပဒေတစ်ခုကို ဆောင်ရွက်ရာတွင် ဥပဒေအရနည်းလမ်းတကျ မလုပ်ဆောင်ကြောင်း ဝေဖန်ထားကြပါတယ်။

ယင်းဥပဒေအရ အယ်ဆာဗာဒိုး၊ ဟွန်ဒူရပ်စ်နှင့် ဂွာတီမာလာနိုင်ငံများမှ မိသားစုလိုက်သော်လည်း၊ တစ်ဦးချင်းစီ လည်းကောင်း မက္ကဆီကို နယ်စပ်မှတစ်ဆင့် ခိုလှုံခွင့်လျှောက်ထားသူများ ခွင့်ပြုချက်ရရှိနိုင်တော့မည် မဟုတ်ပေ။

Linko
Ref:Telegraph
ဝါရှင်တန်၊စက်တင်ဘာ ၁၂

(  Zawgyi  )

 အေမရိကန္ႏွင့္  မကၠဆီကိုနယ္စပ္တြင္ ေနရပ္ေ႐ႊ႕ေျပာင္းလာသူမ်ားက ခိုလႈံခြင့္ေတာင္းခံမႈမ်ားအေပၚ သမၼတေဒၚနယ္ထရမ့္၏ အစိုးရက ကန႔္သတ္ျငင္းဆိုခြင့္ျပဳေရး တင္ျပမႈကို အေမရိကန္တရား႐ုံးက စက္တင္ဘာ ၁၁ ရက္မွာ ခြင့္ျပဳလိုက္ပါတယ္။ ယင္းကိစၥရပ္သည္ ထရမ့္အစိုးရ၏ တင္းမာေသာ လူဝင္မႈႀကီးၾကပ္ေရး မူဝါဒမ်ားအနက္မွ အဓိကက်သည့္ အခ်က္တစ္ခုျဖစ္ပါတယ္။

ခိုလႈံခြင့္ ေလွ်ာက္ထားလိုေသာ ေနရပ္ေ႐ႊ႕ေျပာင္းသူအမ်ားစုသည္ တတိယႏိုင္ငံမ်ားတြင္ ဦးစြာေနထိုင္ၿပီးမွ အေမရိကန္သို႔ ဆက္လက္ လာေရာက္ ရမည္ျဖစ္သည့္ အဆိုပါ ဥပေဒဆုံးျဖတ္ခ်က္သည္ လက္ရွိေလွ်ာက္ထား သူမ်ားအတြက္လည္း အက်ဳံးဝင္မွာျဖစ္ေၾကာင္း တရား႐ုံးက ထုတ္ျပန္ထားပါတယ္။

ယင္းဥပေဒကို အဆုံးအျဖတ္ရယူရာတြင္ တရားသူႀကီး ၉ ဦးအနက္ ၂ ဦးက ကန႔္ကြက္ခဲ့ပါတယ္။ေအာက္တရား႐ုံး မ်ား သမၼတထရမ့္၏ လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာ မူဝါဒမ်ားအား ပယ္ခ်ေနခ်ိန္တြင္ တရား႐ုံးခ်ဳပ္က အေမရိကန္အစိုးရ၏ ေတာင္းဆိုမႈကို ယခုကဲ့သို႔ ခြင့္ျပဳလိုက္ျခင္း ျဖစ္ပါတယ္။“နယ္စပ္ခိုလႈံခြင့္ ေလွ်ာက္ထားတဲ့ ကိစၥနဲ႔ ပတ္သတ္လို႔ တရား႐ုံးခ်ဳပ္က အႏိုင္ေပးလိုက္ပါတယ္” ဟု ထရမ့္က သူ႔ရဲ႕ တြစ္တာမွာ ေရးထား ပါတယ္။

ယင္းဥပေဒအရ ေတာင္ပိုင္းနယ္စပ္မ်ားတြင္ ခိုလႈံခြင့္ေလွ်ာက္ထားသူ အားလုံးနီးပါးသည္ ျငင္းပယ္ ခံရဖြယ္ရွိပါတယ္။ ယခုကဲ့သို႔ ဥပေဒျပဌာန္း ခြင့္ရရွိျခင္းဟာ ထရမ့္အေနျဖင့္ လက္ရွိသမၼတ သက္တမ္း ကာလအတြင္းႏွင့္  ၂၀၂၀ ခုႏွစ္ ေ႐ြးေကာက္ပြဲ အႀကိဳကာလအတြင္း  သိသာ ထင္ရွားတဲ့ ေဆာင္႐ြက္ခ်က္တစ္ခု ျဖစ္ပါတယ္။

American Civil Liberties Union ႏွင့္ အစိုးရ၏ ယင္းမူဝါဒကို ဖက္ဒရယ္တရား႐ုံးတြင္ ဆန႔္က်င္သူမ်ားက ယခုဥပေဒသည္ အေမရိကန္ လူဝင္မႈႀကီးၾကပ္ေရးဥပေဒကို ခ်ိဳးေဖာက္ျခင္းျဖင့္ေၾကာင္းႏွင့္ အစိုးရအေနျဖင့္ ဥပေဒတစ္ခုကို ေဆာင္႐ြက္ရာတြင္ ဥပေဒအရနည္းလမ္းတက် မလုပ္ေဆာင္ေၾကာင္း ေဝဖန္ထားၾကပါတယ္။

ယင္းဥပေဒအရ အယ္ဆာဗာဒိုး၊ ဟြန္ဒူရပ္စ္ႏွင့္ ဂြာတီမာလာႏိုင္ငံမ်ားမွ မိသားစုလိုက္ေသာ္လည္း၊ တစ္ဦးခ်င္းစီ လည္းေကာင္း မကၠဆီကို နယ္စပ္မွတစ္ဆင့္ ခိုလႈံခြင့္ေလွ်ာက္ထားသူမ်ား ခြင့္ျပဳခ်က္ရရွိႏိုင္ေတာ့မည္ မဟုတ္ေပ။

Linko
Ref:Telegraph
ဝါရွင္တန္၊စက္တင္ဘာ ၁၂