ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေး လူများကို စတင်စမ်းသပ်

ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေး လူများကို စတင်စမ်းသပ်

ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးအား လူများတွင် စတင်စမ်းသပ်ထိုးခြင်းကို ဥရောပတိုက်၌ ပထမဆုံးအဖြစ် ဗြိတိန်နိုင်ငံ၌ ဧပြီ ၂၃ ရက်က စမ်းသပ်ထိုးလိုက်ပါတယ်။ နိုင်ငံတွင်း အဓိက ကျသည့် ဝန်ထမ်းများနှင့် ၎င်းတို့ မိသားစုအပါအဝင် လူဦးရေ ၁၀သန်းအထိ ကာကွယ်ဆေး ထိုးရန် အွန်လိုင်း သို့မဟုတ် မိမိတို့၏ အလုပ်ရှင်များထံမှတစ်ဆင့် စာရင်းပေးသွင်းထား နိုင်ပြီ ဖြစ်ပါတယ်။

အင်္ဂလန်မှ အရေးပါသည့် ဝန်ထမ်းများအနေဖြင့်လည်း ၎င်းတို့နှင့် ၎င်းတို့မိသားစုများတွင် ရောဂါလက္ခဏာများ တွေ့ရှိပါက အစိုးရဝက်ဘ်ဆိုက်မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပါတယ်။

ယခုအစီအစဉ်သည် ဗြိတိန်အနေဖြင့် မိမိခြေထောက်ပေါ် မိမိပြန်ရပ်နိုင်ခြင်းကို ပြသခြင်း ဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီး မတ်ဟန်ကော့က ပြောပါတယ်။ သို့သော် တစ်နေ့လျှင် လူ ၁သိန်း ခန့်အထိ ထိုးပေးရန် အစီအစဉ်မှာ ယခုလကုန်ထိ မဖြစ်နိုင်သေးကြောင်းလည်း ပြောကြား ပါတယ်။

ဧပြီ ၂၃ ရက်က လူ ၂၃၅၆၀ အား ထိုးနှံခဲ့ကြောင်း စာရင်းဖော်ပြခဲ့သော်လည်း ယခုအခါ တစ်နေ့လျှင် ၅၁၀၀၀ ခန့် ထိုးနိုင်ကြောင်း ဟန်ကော့က ပြောပါတယ်။ဆေးထိုးခံသူများ အနက် ၁ဦးဖြစ်သူ အလီဆာဂရာနာတိုက “ကျွန်မက သိပ္ပံပညာရှင်တစ်ဦးပါ။ ဒါကြောင့် စမ်းသပ်မှုမှာ ကျွန်မပါဝင်နိုင်သလောက် ပါဝင်တာဖြစ်ပါတယ်” ဟု ပြောသည်။

ယင်းကာကွယ်ဆေးအား အောက်စဖို့တက္ကသိုလ်မှ ဆေးပညာရှင်များအဖွဲ့က ၃လကြာ စမ်းသပ် ခဲ့ခြင်း ဖြစ်ပြီး ဂျင်နာသိပ္ပံမှ ကာကွယ်ဆေးဗေဒဌာန ပါမောက္ခ ဆာရာဂီဘက်က  ဦးဆောင်ကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။“ဒီကာကွယ်ဆေးနဲ့ ပတ်သက်လို့ ကျွန်မကတော့ အများကြီး ယုံကြည်ထားပါတယ်” ဟု အလီဆာဂရာနာတိုက ပြောပါတယ်။

“ဒီကာကွယ်ဆေးကို ကျွန်မတို့ လူသားတွေနဲ့ စမ်းသပ်ပြီး အချက်အလက်တွေကို ရရှိဖို့ လိုအပ် ပါတယ်။လူအများအပြားကို ထိုးမပေးခင်မှာ ရောဂါ ကူးစက်မှုကို ကာကွယ်ပေး နိုင်တယ်ဆိုတာ လက်တွေ့ပြဖို့ လိုပါတယ်” ဟု ၎င်းက မှတ်ချက်ပေးထားပါတယ်။ပါမောက္ခဂီဘက် ကလည်း သူမအနေဖြင့် ကာကွယ်ဆေးသည် ထိရောက်လိမ့်မည်ဟု ၈၀ ရာခိုင်နှုန်း ယုံကြည်ထားကြောင်း ယခင်က ပြောကြားခဲ့သော်လည်း ယခုအသုံးပြုချိန်တွင် ကိန်းဂဏန်းကို ထည့်သွင်း မပြောကြား သော်လည်း အလားအလာကောင်းမွန်ကြောင်း ပြောပါတယ်။

ကာကွယ်ဆေးအား ချင်ပန်ဇီမျောက်များထံမှ ရရှိသည့် အန္တရာယ်မရှိသော ဗိုင်းရပ် အပျော့ စားဖြင့် ထုတ်လုပ်ထားပြီး ChAdOx1 nCoV-19 ဟု အမည်ပေးထားပါတယ်။“ChAdOx1 ဗိုင်းရပ်မှ ထုတ်လုပ်လိုက်သည့် ကာကွယ်ဆေးအား ယခုချိန်ထိ လူပေါင်း ၃၂၀မှာ စမ်းသပ်ပြီး ဖြစ်ကာ အန္တရာယ်ကင်းကြောင်းလည်း တွေ့ရှိထားပါတယ်။

အပူချိန်မြင့်တက်တာ၊ခေါင်းကိုက်တာ၊ လက်မောင်းယောင်ရမ်းတာစတဲ့ ယာယီ ဘေးထွက် ဆိုးကျိူး လေးတွေတော့ ရှိပါတယ်” ဟု အောက်စဖို့ တက္ကသိုလ်က ထုတ်ပြန်ထားပါတယ်။

Linko
Ref: BBC, CNN
လန်ဒန်၊ဧပြီ ၂၄

(  Zawgyi  )

 ကို႐ိုနာဗိုင္းရပ္ကာကြယ္ေဆးအား လူမ်ားတြင္ စတင္စမ္းသပ္ထိုးျခင္းကို ဥေရာပတိုက္၌ ပထမဆုံးအျဖစ္ ၿဗိတိန္ႏိုင္ငံ၌ ဧၿပီ ၂၃ ရက္က စမ္းသပ္ထိုးလိုက္ပါတယ္။ ႏိုင္ငံတြင္း အဓိက က်သည့္ ဝန္ထမ္းမ်ားႏွင့္ ၎တို႔ မိသားစုအပါအဝင္ လူဦးေရ ၁၀သန္းအထိ ကာကြယ္ေဆး ထိုးရန္ အြန္လိုင္း သို႔မဟုတ္ မိမိတို႔၏ အလုပ္ရွင္မ်ားထံမွတစ္ဆင့္ စာရင္းေပးသြင္းထား ႏိုင္ၿပီ ျဖစ္ပါတယ္။

အဂၤလန္မွ အေရးပါသည့္ ဝန္ထမ္းမ်ားအေနျဖင့္လည္း ၎တို႔ႏွင့္ ၎တို႔မိသားစုမ်ားတြင္ ေရာဂါလကၡဏာမ်ား ေတြ႕ရွိပါက အစိုးရဝက္ဘ္ဆိုက္မွတစ္ဆင့္ စာရင္းေပးသြင္းႏိုင္ၿပီ ျဖစ္ပါတယ္။

ယခုအစီအစဥ္သည္ ၿဗိတိန္အေနျဖင့္ မိမိေျခေထာက္ေပၚ မိမိျပန္ရပ္ႏိုင္ျခင္းကို ျပသျခင္း ျဖစ္ ေၾကာင္း က်န္းမာေရးဝန္ႀကီး မတ္ဟန္ေကာ့က ေျပာပါတယ္။ သို႔ေသာ္ တစ္ေန႔လွ်င္ လူ ၁သိန္း ခန႔္အထိ ထိုးေပးရန္ အစီအစဥ္မွာ ယခုလကုန္ထိ မျဖစ္ႏိုင္ေသးေၾကာင္းလည္း ေျပာၾကား ပါတယ္။

ဧၿပီ ၂၃ ရက္က လူ ၂၃၅၆၀ အား ထိုးႏွံခဲ့ေၾကာင္း စာရင္းေဖာ္ျပခဲ့ေသာ္လည္း ယခုအခါ တစ္ေန႔လွ်င္ ၅၁၀၀၀ ခန႔္ ထိုးႏိုင္ေၾကာင္း ဟန္ေကာ့က ေျပာပါတယ္။ေဆးထိုးခံသူမ်ား အနက္ ၁ဦးျဖစ္သူ အလီဆာဂရာနာတိုက “ကြၽန္မက သိပၸံပညာရွင္တစ္ဦးပါ။ ဒါေၾကာင့္ စမ္းသပ္မႈမွာ ကြၽန္မပါဝင္ႏိုင္သေလာက္ ပါဝင္တာျဖစ္ပါတယ္” ဟု ေျပာသည္။

ယင္းကာကြယ္ေဆးအား ေအာက္စဖို႔တကၠသိုလ္မွ ေဆးပညာရွင္မ်ားအဖြဲ႕က ၃လၾကာ စမ္းသပ္ ခဲ့ျခင္း ျဖစ္ၿပီး ဂ်င္နာသိပၸံမွ ကာကြယ္ေဆးေဗဒဌာန ပါေမာကၡ ဆာရာဂီဘက္က  ဦးေဆာင္ကာ လုပ္ေဆာင္ခဲ့ျခင္း ျဖစ္ပါတယ္။“ဒီကာကြယ္ေဆးနဲ႔ ပတ္သက္လို႔ ကြၽန္မကေတာ့ အမ်ားႀကီး ယုံၾကည္ထားပါတယ္” ဟု အလီဆာဂရာနာတိုက ေျပာပါတယ္။

“ဒီကာကြယ္ေဆးကို ကြၽန္မတို႔ လူသားေတြနဲ႔ စမ္းသပ္ၿပီး အခ်က္အလက္ေတြကို ရရွိဖို႔ လိုအပ္ ပါတယ္။လူအမ်ားအျပားကို ထိုးမေပးခင္မွာ ေရာဂါ ကူးစက္မႈကို ကာကြယ္ေပး ႏိုင္တယ္ဆိုတာ လက္ေတြ႕ျပဖို႔ လိုပါတယ္” ဟု ၎က မွတ္ခ်က္ေပးထားပါတယ္။ပါေမာကၡဂီဘက္ ကလည္း သူမအေနျဖင့္ ကာကြယ္ေဆးသည္ ထိေရာက္လိမ့္မည္ဟု ၈၀ ရာခိုင္ႏႈန္း ယုံၾကည္ထားေၾကာင္း ယခင္က ေျပာၾကားခဲ့ေသာ္လည္း ယခုအသုံးျပဳခ်ိန္တြင္ ကိန္းဂဏန္းကို ထည့္သြင္း မေျပာၾကား ေသာ္လည္း အလားအလာေကာင္းမြန္ေၾကာင္း ေျပာပါတယ္။

ကာကြယ္ေဆးအား ခ်င္ပန္ဇီေမ်ာက္မ်ားထံမွ ရရွိသည့္ အႏၲရာယ္မရွိေသာ ဗိုင္းရပ္ အေပ်ာ့ စားျဖင့္ ထုတ္လုပ္ထားၿပီး ChAdOx1 nCoV-19 ဟု အမည္ေပးထားပါတယ္။“ChAdOx1 ဗိုင္းရပ္မွ ထုတ္လုပ္လိုက္သည့္ ကာကြယ္ေဆးအား ယခုခ်ိန္ထိ လူေပါင္း ၃၂၀မွာ စမ္းသပ္ၿပီး ျဖစ္ကာ အႏၲရာယ္ကင္းေၾကာင္းလည္း ေတြ႕ရွိထားပါတယ္။

အပူခ်ိန္ျမင့္တက္တာ၊ေခါင္းကိုက္တာ၊ လက္ေမာင္းေယာင္ရမ္းတာစတဲ့ ယာယီ ေဘးထြက္ ဆိုးက်ိဴး ေလးေတြေတာ့ ရွိပါတယ္” ဟု ေအာက္စဖို႔ တကၠသိုလ္က ထုတ္ျပန္ထားပါတယ္။

Linko
Ref: BBC, CNN
လန္ဒန္၊ဧၿပီ ၂၄