ဗြိတိန်တွင် အသွားအလာ ဖြတ်တောက်မှု ကာလအား ၃ ပတ်ထက်မနည်း သက်တမ်းတိုး

ဗြိတိန်တွင် အသွားအလာ ဖြတ်တောက်မှု ကာလအား ၃ ပတ်ထက်မနည်း သက်တမ်းတိုး

ဗြိတိန်တွင် တစ်နိုင်ငံလုံး အသွားအလာဖြတ်တောက်မှု သက်တမ်းအား နောက်ထပ် ရက်သတ္တပတ် ၃ ပတ်ခန့် သက်တမ်းတိုး မည်ဟု အစိုးရအဖွဲ့အား ဝန်ကြီးချုပ် ကိုယ်စား ဦးဆောင်နေရသူ နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရက်ဘ်က ဧပြီ ၁၆ ရက်တွင် ထုတ်ပြန်လိုက် ပါတယ်။

ပြည်သူများအနေဖြင့် ရောဂါပျံ့နှံ့မှု မဖြစ်စေရန် အိမ်၌သာ နေထိုင်ရန်လည်း ၎င်းက တိုက်တွန်းခဲ့ ပါတယ်။ယခုအခါ ကိုရိုနာဗိုင်းရပ်ကြောင့် ကမ္ဘာပေါ်တွင် သေဆုံးသူစုစုပေါင်း  ၁၃၈၀၀၀ ဦး ရှိသွားပြီဖြစ်ပါတယ်။ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ ကိုယ်စား အစိုးရအဖွဲ့ကို ဦးဆောင်နေရ သည့် ရက်ဘ်က လက်ရှိအသွားအလာ ဖြတ်တောက်မှုများ၏ သက်ရောက်မှုများကို လက်တွေ့ ပြန်လည်သုံးသပ်ရန် ဧပြီ ၁၆ ရက်တွင် ပြုလုပ် သည့် အရေးပေါ်အစည်းအဝေးကို ဦးဆောင် ကျင်းပခဲ့ပါတယ်။

“တွေ့ရှိတဲ့ အထောက်အထားတွေအရ အစိုးရအနေနဲ့ လက်ရှိအတိုင်း လုပ်ဆောင်ချက်တွေကို နောက်ထပ် ရက်သတ္တပတ် ၃ ပတ်ခန့် ဆက်လက် သက်တမ်းတိုးရပါမယ်။လက်ရှိ လုပ်ဆောင် ချက် တွေကို လျှော့ချလိုက်မယ် ဆိုရင် ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ စီးပွားရေးကို ထိခိုက် ပျက်စီးသွားစေနိုင် ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

အမေရိကန်၊ အီတလီ၊စပိန်နှင့် ပြင်သစ်နိုင်ငံများပြီးနောက် ဗြိတိန်သည် ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးမှု အများဆုံး အဆင့် ၅နိုင်ငံ ဖြစ်ပါတယ်။  ဆေးရုံတွင် သေဆုံးသူများ စာရင်းကိုသာ ကောက်ယူခဲ့သောကြောင့် အမှန်တကယ်အရေအတွက်မှာ ပိုမိုများပြားနိုင်ပါတယ်။

Linko
Source: Reuters
လန်ဒန်၊ ဧပြီ ၁၇

(  Zawgyi  )

 ၿဗိတိန္တြင္ တစ္ႏိုင္ငံလုံး အသြားအလာျဖတ္ေတာက္မႈ သက္တမ္းအား ေနာက္ထပ္ ရက္သတၱပတ္ ၃ ပတ္ခန႔္ သက္တမ္းတိုး မည္ဟု အစိုးရအဖြဲ႕အား ဝန္ႀကီးခ်ဳပ္ ကိုယ္စား ဦးေဆာင္ေနရသူ ႏိုင္ငံျခားေရးဝန္ႀကီး ေဒါမနစ္ရက္ဘ္က ဧၿပီ ၁၆ ရက္တြင္ ထုတ္ျပန္လိုက္ ပါတယ္။

ျပည္သူမ်ားအေနျဖင့္ ေရာဂါပ်ံ႕ႏွံ႔မႈ မျဖစ္ေစရန္ အိမ္၌သာ ေနထိုင္ရန္လည္း ၎က တိုက္တြန္းခဲ့ ပါတယ္။ယခုအခါ ကို႐ိုနာဗိုင္းရပ္ေၾကာင့္ ကမာၻေပၚတြင္ ေသဆုံးသူစုစုေပါင္း  ၁၃၈၀၀၀ ဦး ရွိသြားၿပီျဖစ္ပါတယ္။ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္၏ ကိုယ္စား အစိုးရအဖြဲ႕ကို ဦးေဆာင္ေနရ သည့္ ရက္ဘ္က လက္ရွိအသြားအလာ ျဖတ္ေတာက္မႈမ်ား၏ သက္ေရာက္မႈမ်ားကို လက္ေတြ႕ ျပန္လည္သုံးသပ္ရန္ ဧၿပီ ၁၆ ရက္တြင္ ျပဳလုပ္ သည့္ အေရးေပၚအစည္းအေဝးကို ဦးေဆာင္ က်င္းပခဲ့ပါတယ္။

“ေတြ႕ရွိတဲ့ အေထာက္အထားေတြအရ အစိုးရအေနနဲ႔ လက္ရွိအတိုင္း လုပ္ေဆာင္ခ်က္ေတြကို ေနာက္ထပ္ ရက္သတၱပတ္ ၃ ပတ္ခန႔္ ဆက္လက္ သက္တမ္းတိုးရပါမယ္။လက္ရွိ လုပ္ေဆာင္ ခ်က္ ေတြကို ေလွ်ာ့ခ်လိုက္မယ္ ဆိုရင္ ျပည္သူေတြရဲ႕ က်န္းမာေရးနဲ႔ စီးပြားေရးကို ထိခိုက္ ပ်က္စီးသြားေစႏိုင္ ပါတယ္” ဟု ေျပာၾကားခဲ့ပါတယ္။

အေမရိကန္၊ အီတလီ၊စပိန္ႏွင့္ ျပင္သစ္ႏိုင္ငံမ်ားၿပီးေနာက္ ၿဗိတိန္သည္ ကို႐ိုနာဗိုင္းရပ္ေၾကာင့္ ေသဆုံးမႈ အမ်ားဆုံး အဆင့္ ၅ႏိုင္ငံ ျဖစ္ပါတယ္။  ေဆး႐ုံတြင္ ေသဆုံးသူမ်ား စာရင္းကိုသာ ေကာက္ယူခဲ့ေသာေၾကာင့္ အမွန္တကယ္အေရအတြက္မွာ ပိုမိုမ်ားျပားႏိုင္ပါတယ္။

Linko
Source: Reuters
လန္ဒန္၊ ဧၿပီ ၁၇