ဗြိတိန်ရေပိုင်နက်အတွင်း ငါးဖမ်းခွင့်ပြုရန် အီးယူတောင်းဆို

ဗြိတိန်ရေပိုင်နက်အတွင်း ငါးဖမ်းခွင့်ပြုရန် အီးယူတောင်းဆို

ခွဲထွက်ရေးသဘောတူညီချက် ပြုလုပ်ပြီးနောက် ဥရောပသမဂ္ဂအဖွဲ့က ၎င်းတို့၏ ငါးဖမ်းသင်္ဘောများအား ဗြိတိန် ရေပိုင်နက်အတွင်း ဝင်ရောက်ခွင့်ပြုရန် တောင်းဆိုလိုက်ပါတယ်။ ယင်းတောင်းဆိုမှုအတွက် ညှိနှိုင်းရန် ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြုလုပ်ခဲ့သည့် ဥရောသမဂ္ဂ အထွေထွေရေးရာ ကောင်စီ အစည်းအဝေးတွင် ဥရောပနိုင်ငံခြားရေးဝန်ကြီးများက သဘောတူညီခဲ့ခြင်း ဖြစ်ပါတယ်။

ငါးဖမ်းခွင့်သည် ညှိနှိုင်းဆွေးနွေးမှု ပါဝင်ရမည်ဖြစ်ကြောင်းနှင့် သို့မဟုတ်ပါက သဘောတူချက် ရလိမ့်မည်မဟုတ် ကြောင်း အီးယူ၏ ညှိနှိုင်းရေးမှူးချုပ် မိုက်ကယ်ဘာနားက အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။သဘာဝ ပတ်ဝန်းကျင်၊ အခွန်နဲ့ နိုင်ငံတော် အထောက်အပံ့ဆိုင်ရာ ကိစ္စရပ်တွေမှာ မမျှတတဲ့ ယှဉ်ပြိုင်အခွင့်အရေး ယူတာတွေကို ရှောင်ရှားပြီး တန်းတူညီမျှ လုပ်ဆောင်ခွင့်ရှိဖို့ လိုအပ်ပါတယ်။

ရေပိုင်နက်များသို့ အပြန်အလှန်ဝင်ရောက်ခွင့်ရှိရေး လက်ရှိ အနေအထားကို ဆက်လက်ထိန်းသိမ်း ထားရန်နှင့် ငါးဖမ်းခွင့်တွင် ညီတူညီမျှ လုပ်ဆောင်ခွင့်ကို အီးယူက ဆက်လက် လုပ်ဆောင်သွားမည်ဟု အစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်။“ဗြိတိန်က ငါးနဲ့ပတ်သက်ပြီး ပြုပြင်ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို ကျွန်တော်တို့ရဲ့ အီးယူဈေးကွက်ထဲ ပို့ပေးနေတယ်ဆိုတာ သတိပြုစေလိုပါတယ်” ဟု ဘာနားက ပြောပါတယ်။

ထို့ကြောင့် ငါးဖမ်းကဏ္ဍကို ကုန်သွယ်ရေးကဲ့သို့ပင် ဆွေးနွေးရမည်ဖြစ်ကြောင်း ၎င်းကပြောပါတယ်။ဗြိတိန် သည် ဥရောပ၏ တတိယ အကြီးဆုံး ကုန်သွယ်ဖက်အုပ်စု ဖြစ်သလို နယ်နမိတ်ချင်း ထိစပ်နေခြင်းကြောင့် လည်း ကနေဒါနှင့် သဘောတူညီချက်များကဲ့သို့ မတူညီနိုင်ကြောင်း ပြောပါတယ်။

“ယုံကြည်မှုအပေါ်အခြေခံပြီး ဗြိတိန်နဲ့ အနာဂတ်မှာ ရေရှည်ဆက်ဆံရေး ကောင်းစေချင်တယ်ဆိုရင် ရေတိုအတွက်မှာလည်း ယုံကြည်မှု ရှိဖို့ လိုပါတယ်” ဟု ၎င်းက ပြောပါတယ်။

Linko
Ref: LBC News
ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၂၆

(    Zawgyi     )

 ခြဲထြက္ေရးသေဘာတူညီခ်က္ ျပဳလုပ္ၿပီးေနာက္ ဥေရာပသမဂၢအဖြဲ႕က ၎တို႔၏ ငါးဖမ္းသေဘၤာမ်ားအား ၿဗိတိန္ ေရပိုင္နက္အတြင္း ဝင္ေရာက္ခြင့္ျပဳရန္ ေတာင္းဆိုလိုက္ပါတယ္။ ယင္းေတာင္းဆိုမႈအတြက္ ညႇိႏႈိင္းရန္ ေဖေဖာ္ဝါရီ ၂၅ ရက္တြင္ ျပဳလုပ္ခဲ့သည့္ ဥေရာသမဂၢ အေထြေထြေရးရာ ေကာင္စီ အစည္းအေဝးတြင္ ဥေရာပႏိုင္ငံျခားေရးဝန္ႀကီးမ်ားက သေဘာတူညီခဲ့ျခင္း ျဖစ္ပါတယ္။

ငါးဖမ္းခြင့္သည္ ညႇိႏႈိင္းေဆြးေႏြးမႈ ပါဝင္ရမည္ျဖစ္ေၾကာင္းႏွင့္ သို႔မဟုတ္ပါက သေဘာတူခ်က္ ရလိမ့္မည္မဟုတ္ ေၾကာင္း အီးယူ၏ ညႇိႏႈိင္းေရးမႉးခ်ဳပ္ မိုက္ကယ္ဘာနားက အစည္းအေဝးအၿပီး သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။သဘာဝ ပတ္ဝန္းက်င္၊ အခြန္နဲ႔ ႏိုင္ငံေတာ္ အေထာက္အပံ့ဆိုင္ရာ ကိစၥရပ္ေတြမွာ မမွ်တတဲ့ ယွဥ္ၿပိဳင္အခြင့္အေရး ယူတာေတြကို ေရွာင္ရွားၿပီး တန္းတူညီမွ် လုပ္ေဆာင္ခြင့္ရွိဖို႔ လိုအပ္ပါတယ္။

ေရပိုင္နက္မ်ားသို႔ အျပန္အလွန္ဝင္ေရာက္ခြင့္ရွိေရး လက္ရွိ အေနအထားကို ဆက္လက္ထိန္းသိမ္း ထားရန္ႏွင့္ ငါးဖမ္းခြင့္တြင္ ညီတူညီမွ် လုပ္ေဆာင္ခြင့္ကို အီးယူက ဆက္လက္ လုပ္ေဆာင္သြားမည္ဟု အစည္းအေဝးက ဆုံးျဖတ္ခဲ့ပါတယ္။“ၿဗိတိန္က ငါးနဲ႔ပတ္သက္ၿပီး ျပဳျပင္ထုတ္လုပ္ထားတဲ့ ပစၥည္းေတြကို ကြၽန္ေတာ္တို႔ရဲ႕ အီးယူေဈးကြက္ထဲ ပို႔ေပးေနတယ္ဆိုတာ သတိျပဳေစလိုပါတယ္” ဟု ဘာနားက ေျပာပါတယ္။

ထို႔ေၾကာင့္ ငါးဖမ္းက႑ကို ကုန္သြယ္ေရးကဲ့သို႔ပင္ ေဆြးေႏြးရမည္ျဖစ္ေၾကာင္း ၎ကေျပာပါတယ္။ၿဗိတိန္ သည္ ဥေရာပ၏ တတိယ အႀကီးဆုံး ကုန္သြယ္ဖက္အုပ္စု ျဖစ္သလို နယ္နမိတ္ခ်င္း ထိစပ္ေနျခင္းေၾကာင့္ လည္း ကေနဒါႏွင့္ သေဘာတူညီခ်က္မ်ားကဲ့သို႔ မတူညီႏိုင္ေၾကာင္း ေျပာပါတယ္။

“ယုံၾကည္မႈအေပၚအေျခခံၿပီး ၿဗိတိန္နဲ႔ အနာဂတ္မွာ ေရရွည္ဆက္ဆံေရး ေကာင္းေစခ်င္တယ္ဆိုရင္ ေရတိုအတြက္မွာလည္း ယုံၾကည္မႈ ရွိဖို႔ လိုပါတယ္” ဟု ၎က ေျပာပါတယ္။

Linko
Ref: LBC News
ဘရပ္ဆဲလ္၊ ေဖေဖာ္ဝါရီ ၂၆