ဗြိတိန်ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာ ၁၂ ရက် ကျင်းပမည်

ဗြိတိန်ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာ ၁၂ ရက် ကျင်းပမည်

ဗြိတိန်နိုင်ငံ၏ ရာစုနှစ်တစ်ခုအတွင်း ဒီဇင်ဘာလတွင် ပထမဆုံးအဖြစ် ကျင်းပခြင်းဖြစ်သည့် ရွေးကောက်ပွဲ တစ်ရပ်ကို ပါလီမန်၏ သဘောတူညီ ချက်ဖြင့် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဒီဇင်ဘာ ၁၂ ရက်မှာ ကျင်းပပေးဖို့ စီစဉ်ထားပါတယ်။

ဗြိတိန်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂမှ ခွဲထွက်ရေးကို မတ်လ ၂၉ ရက် နောက်ဆုံးသတ်မှတ်ရက်ကို တတိယအကြိမ် အဖြစ် ဆိုင်းငံ့ပေး လိုက်သော် လည်း ဗြိတိန်၊ ပါလီမန်နှင့် မဲဆန္ဒရှင်များအနေဖြင့် ခွဲထွက်ရေးနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ရှိနေဆဲဖြစ်ပါတယ်။အောက်တိုဘာ ၃၁ ရက်တွင် မည်သည့်နည်းနှင့်မဆိုခွဲထွက်မည်ဟု ကတိပြုခဲ့သည့် ဂျွန်ဆင်က  ယခုလအစော ပိုင်းတွင် အီးယူနှင့် ခွဲထွက်ရေး သဘောတူညီချက် ရယူခဲ့သောကြောင့် ပါလီမန်က ဒီဇင်ဘာ ၁၂ ရက်တွင် ရွေးကောက်ပွဲ ပြုလုပ်ပေးရန် လက်ခံခဲ့ခြင်း ဖြစ်ပါတယ်။

ပါလီမန်၌ မဲခွဲမှုများတွင် တောက်လျှောက်ရှုံးနိမ့်လာခဲ့သည့် ဂျွန်ဆင်သည် ယခုအကြိမ် မဲခွဲဆုံးဖြတ်မှုတွင်  အောက်လွှတ်တော်၌ ထောက်ခံမဲ ၄၃၈ မဲ၊ ကန့်ကွက်မဲ ၂၀ ဖြင့် ၎င်း၏ အဆိုကို သဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ် ပြီး ယင်းဥပဒေကြမ်းကို အထက်လွှတ်တော်ကို ဆက်လက်တင် သွင်းမှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့နိုင်ငံ ညီညွတ်စွာနဲ့ ခွဲထွက်ရေးကို ဖြစ်မြောက်အောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု ကွန်ဆာဗေးတစ်ပါတီများက ၎င်းက ချီးမွမ်းအပြီးတွင် ဂျွန်ဆင်က ပြောကြားခဲ့ပါတယ်။အောက်လွှတ်တော်၌ မဲခွဲမဆုံးဖြတ်မီ ဂျွန်ဆင်က ပါလီမန်က ခွဲထွက်ရေးအစီအစဉ်ကို အနှောက်အယှက်ပေး နေခြင်းကြောင့် ရင်းနှီးမြှပ်နှံသူများအား  ဟန့်တားသလိုဖြစ်ကာ တိုင်းပြည်၏ စီးပွားရေးကို ထိခိုက်စေသလို ဒီမိုကရေအပေါ် ယုံကြည်မှုကိုလည်း ကျဆင်းလာစေကြောင်း ပြောကြားခဲ့ပါတယ်။

၁၉၂၃ ခုနှစ်နောက်ပိုင်း ဒီဇင်ဘာလအတွင်း ပထမဆုံးအကြိမ် ပြုလုပ်သည့် ရွေးကောက်ပွဲသည် ခရစ်စမတ် ကာလနှင့် အလွန်နီးကပ်နေသလို မဲဆွယ်စည်းရုံးရေးများနှင့် မဲပေးရန် အပြင်ထွက်သူများအတွက် ချမ်းအေးသည့် ဆောင်းရာသီက အခက်အခဲဖြစ်စေနိုင်ကြောင်း နိုင်ငံရေး သမားအချို့က ပြောကြားပါတယ်။

ခွဲထွက်ရေးအတွက် တွန်းအားပေး လုပ်ဆောင်နေသည့် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် နောက်တစ်ကြိမ် ဆန္ဒခံယူပွဲ မပြုလုပ်မီအထိ ခွဲထွက်ရေး သဘောတူညီချက်ကို ပြန်လည်ညှိနှိုင်းနေသည့် ဆိုရှယ်လစ် လေဘာပါတီ ခေါင်းဆောင် ဂျရမီကော်ဘင်တို့ကို လာမယ့်ရွေးကောက်ပွဲ မှာ မဲဆန္ဒရှင်များက ရွေးချယ်ရမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ရလဒ်ကိုတော့ ဒီဇင်ဘာ ၁၂ ရက်အစောပိုင်းမှာ ကြေညာသွားမှာဖြစ်ပြီး မည်သည့် ပါတီမှ အပြတ်အသတ်မနိုင်ပါက ဥရောပ သမဂ္ဂမှခွဲထွက်ရေးအစီအစဉ်အနေဖြင့် အခက်အခဲများ ဆက်လက်ရှိနေမှာ ဖြစ်ပါတယ်။

Linko
Ref: ejinsight.comG
လန်ဒန်၊အောက်တိုဘာ ၃၀

(  Zawgyi  )

 ၿဗိတိန္ႏိုင္ငံ၏ ရာစုႏွစ္တစ္ခုအတြင္း ဒီဇင္ဘာလတြင္ ပထမဆုံးအျဖစ္ က်င္းပျခင္းျဖစ္သည့္ ေ႐ြးေကာက္ပြဲ တစ္ရပ္ကို ပါလီမန္၏ သေဘာတူညီ ခ်က္ျဖင့္ ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္က ဒီဇင္ဘာ ၁၂ ရက္မွာ က်င္းပေပးဖို႔ စီစဥ္ထားပါတယ္။

ၿဗိတိန္ႏိုင္ငံအေနျဖင့္ ဥေရာပသမဂၢမွ ခြဲထြက္ေရးကို မတ္လ ၂၉ ရက္ ေနာက္ဆုံးသတ္မွတ္ရက္ကို တတိယအႀကိမ္ အျဖစ္ ဆိုင္းငံ့ေပး လိုက္ေသာ္ လည္း ၿဗိတိန္၊ ပါလီမန္ႏွင့္ မဲဆႏၵရွင္မ်ားအေနျဖင့္ ခြဲထြက္ေရးႏွင့္ ပတ္သက္၍ သေဘာထားကြဲလြဲမႈမ်ား ရွိေနဆဲျဖစ္ပါတယ္။ေအာက္တိုဘာ ၃၁ ရက္တြင္ မည္သည့္နည္းႏွင့္မဆိုခြဲထြက္မည္ဟု ကတိျပဳခဲ့သည့္ ဂြၽန္ဆင္က  ယခုလအေစာ ပိုင္းတြင္ အီးယူႏွင့္ ခြဲထြက္ေရး သေဘာတူညီခ်က္ ရယူခဲ့ေသာေၾကာင့္ ပါလီမန္က ဒီဇင္ဘာ ၁၂ ရက္တြင္ ေ႐ြးေကာက္ပြဲ ျပဳလုပ္ေပးရန္ လက္ခံခဲ့ျခင္း ျဖစ္ပါတယ္။

ပါလီမန္၌ မဲခြဲမႈမ်ားတြင္ ေတာက္ေလွ်ာက္ရႈံးနိမ့္လာခဲ့သည့္ ဂြၽန္ဆင္သည္ ယခုအႀကိမ္ မဲခြဲဆုံးျဖတ္မႈတြင္  ေအာက္လႊတ္ေတာ္၌ ေထာက္ခံမဲ ၄၃၈ မဲ၊ ကန႔္ကြက္မဲ ၂၀ ျဖင့္ ၎၏ အဆိုကို သေဘာတူညီခ်က္ ရရွိခဲ့ျခင္း ျဖစ္ ၿပီး ယင္းဥပေဒၾကမ္းကို အထက္လႊတ္ေတာ္ကို ဆက္လက္တင္ သြင္းမွာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ႏိုင္ငံ ညီၫြတ္စြာနဲ႔ ခြဲထြက္ေရးကို ျဖစ္ေျမာက္ေအာင္ လုပ္ေဆာင္ရမွာ ျဖစ္ပါတယ္” ဟု ကြန္ဆာေဗးတစ္ပါတီမ်ားက ၎က ခ်ီးမြမ္းအၿပီးတြင္ ဂြၽန္ဆင္က ေျပာၾကားခဲ့ပါတယ္။ေအာက္လႊတ္ေတာ္၌ မဲခြဲမဆုံးျဖတ္မီ ဂြၽန္ဆင္က ပါလီမန္က ခြဲထြက္ေရးအစီအစဥ္ကို အေႏွာက္အယွက္ေပး ေနျခင္းေၾကာင့္ ရင္းႏွီးျမႇပ္ႏွံသူမ်ားအား  ဟန႔္တားသလိုျဖစ္ကာ တိုင္းျပည္၏ စီးပြားေရးကို ထိခိုက္ေစသလို ဒီမိုကေရအေပၚ ယုံၾကည္မႈကိုလည္း က်ဆင္းလာေစေၾကာင္း ေျပာၾကားခဲ့ပါတယ္။

၁၉၂၃ ခုႏွစ္ေနာက္ပိုင္း ဒီဇင္ဘာလအတြင္း ပထမဆုံးအႀကိမ္ ျပဳလုပ္သည့္ ေ႐ြးေကာက္ပြဲသည္ ခရစ္စမတ္ ကာလႏွင့္ အလြန္နီးကပ္ေနသလို မဲဆြယ္စည္း႐ုံးေရးမ်ားႏွင့္ မဲေပးရန္ အျပင္ထြက္သူမ်ားအတြက္ ခ်မ္းေအးသည့္ ေဆာင္းရာသီက အခက္အခဲျဖစ္ေစႏိုင္ေၾကာင္း ႏိုင္ငံေရး သမားအခ်ိဳ႕က ေျပာၾကားပါတယ္။

ခြဲထြက္ေရးအတြက္ တြန္းအားေပး လုပ္ေဆာင္ေနသည့္ ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္ႏွင့္ ေနာက္တစ္ႀကိမ္ ဆႏၵခံယူပြဲ မျပဳလုပ္မီအထိ ခြဲထြက္ေရး သေဘာတူညီခ်က္ကို ျပန္လည္ညႇိႏႈိင္းေနသည့္ ဆိုရွယ္လစ္ ေလဘာပါတီ ေခါင္းေဆာင္ ဂ်ရမီေကာ္ဘင္တို႔ကို လာမယ့္ေ႐ြးေကာက္ပြဲ မွာ မဲဆႏၵရွင္မ်ားက ေ႐ြးခ်ယ္ရမွာ ျဖစ္ပါတယ္။

ေ႐ြးေကာက္ပြဲ ရလဒ္ကိုေတာ့ ဒီဇင္ဘာ ၁၂ ရက္အေစာပိုင္းမွာ ေၾကညာသြားမွာျဖစ္ၿပီး မည္သည့္ ပါတီမွ အျပတ္အသတ္မႏိုင္ပါက ဥေရာပ သမဂၢမွခြဲထြက္ေရးအစီအစဥ္အေနျဖင့္ အခက္အခဲမ်ား ဆက္လက္ရွိေနမွာ ျဖစ္ပါတယ္။

Linko
Ref: ejinsight.comG
လန္ဒန္၊ေအာက္တိုဘာ ၃၀