ဗြိတိန်ဝန်ကြီးချုပ်သစ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင် ကို ရွေးချယ်

ဗြိတိန်ဝန်ကြီးချုပ်သစ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင် ကို ရွေးချယ်

ဗြိတိန်ဝန်ကြီးချုပ်သစ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်အား ကွန်ဆာဗေးတစ်ပါတီက ဇူလိုင် ၂၃ ရက်မှာ ရွေးချယ်တင်မြှောက်လိုက်ရာ သူ့အနေနဲ့ အောက်တိုဘာ ၃၁ ရက် မတိုင်မီ ဥရောပသမဂ္ဂမှ ထွက်ခွာရေးအစီအစဉ်များကို ပြီးစီးအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။

အသက် ၅၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဘောရစ်ဂျွန်ဆင် ဟာ ဇူလိုင် ၂၄ ရက် ညနေပိုင်းတွင် ဘာကင်ဟမ် နန်းတော်၌ အဲလစ်ဇဘက်ဘုရင်မကြီး (၂) နဲ့ တွေ့ဆုံကာ ဝန်ကြီးချုပ်တာဝန်ကို စတင်ထမ်းဆောင်တော့မှာဖြစ်ပြီး အမှတ် ၁၀ ဒေါင်းနင်းလမ်း အိမ်တော်အပြင်ဖက်မှာ ပထမဆုံး မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သူ ဝန်ကြီးချုပ်ဟောင်း ထရီဇာမေ ဟာ ဥရောပသမဂ္ဂခေါင်းဆောင်များနဲ့ ခွဲထွက်ရေးဆွေးနွေးရေးမှာ ဗြိတိန်ပါလီမန်၏ ထောက်ခံမှုမရရှိခဲ့သောကြောင့် ရာထူးမှ နုတ်ထွက်သွားခြင်း ဖြစ်ပါတယ်။ဥရောပသမဂ္ဂအနေဖြင့် ခွဲထွက်ရေးသဘောတူညီချက်ပါ အချက်အလက်များနှင့် ပတ်သက်၍ ပြင်ဆင်ဖွယ် မရှိပါဘူး။

ဘောရစ်ဂျွန်ဆင်သည် ဇူလိုင် ၂၃ ရက်က ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရပြီးနောက် ပြောကြားသည့် မိန့်ခွန်းတွင် တိုင်းပြည်အနေဖြင့် သံသယနှင့် အနုတ်သဘောဆောင်မှုများကို ဖယ်ရှားရန် တိုက်တွန်းခဲ့ပြီး စိတ်ဝမ်းကွဲပြားနေသည့် နိုင်ငံအား ညီညွတ်အောင် လုပ်ဆောင်ဖို့ ကတိပြုပြောကြားခဲ့ပါတယ်။

သဘောတူညီချက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အီးယူမှ ခွဲထွက်ရေး သူ့ရဲ့ ကတိကဝတ်ကြောင့် သဘောတူညီချက်မလုပ်ဘဲ ခွဲထွက်ဖို့ လိုလားတဲ့ သူ့ရဲ့ပါတီက အထင်ကရ လွှတ်တော်အမတ်များနဲ့ အငြင်းပွားစရာ ဖြစ်လာနိုင်တာကြောင့် ယခုရွေးကောက်ပွဲမှာ ထောက်ခံမှုမတိမ်းမယိမ်းနဲ့ အနိုင်ရရှိအပေါ် ထိခိုက်လာနိုင်ပြီး နိုင်ငံရဲ့ ရွေးကောက်ပွဲဟာလည်း ပုံမှန်ထက် ကြိုတင်ကျင်းပဖို့ ဖြစ်လာနိုင်ပါတယ်။

ဥရောပသမဂ္ဂမှ နုတ်ထွက်ရေး လှုပ်ရှားမှုများကို ၂၀၁၆ ခုနှစ်မှာ ဦးဆောင်ခဲ့သူ ဝန်ကြီးချုပ် ဂျွန်ဆင် က Brexit နောက်ဆုံးသတ်မှတ်ရက်ကို ပြင်ဆင်သွားမှာ မဟုတ်ကြောင်းနဲ့ ဗြိတိန်နိုင်ငံရဲ့ သမိုင်းအတွက် အရေးကြီးတဲ့ အချိန်ကာလသို့ ရောက်ရှိနေကြောင်း ၎င်းက ပြောကြားထားပါတယ်။

ဥရောပသမဂ္ဂ တာဝန်ရှိသူများကလည်း ဗြိတိန်နိုင်ငံအနေနဲ့ ၄၆ နှစ်ကြာ အဖွဲ့ဝင်အဖြစ် အဆုံးသတ်ဖို့ ဝန်ကြီးချုပ်ဟောင်း ထရီဇာမေ နဲ့ ပြုလုပ်ထားတဲ့ သဘောတူညီချက်တွေကို ပြန်လည်ဆွေးနွေးမှာ မဟုတ်ကြောင်း ပြောကြားထားပါတယ်။အဆိုပါ သဘောတူညီချက်များကို ဗြိတိန်ပါလီမန်အမတ်များက သုံးကြိမ်အထိ ကန့်ကွက်ထားပါတယ်။

Linko
Ref : Afp
လန်ဒန်၊ ဇူလိုင် - ၂၄

( Zawgyi )

ၿဗိတိန္ဝန္ႀကီးခ်ဳပ္သစ္အျဖစ္ ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ေဘာရစ္ဂြၽန္ဆင္အား ကြန္ဆာေဗးတစ္ပါတီက ဇူလိုင္ ၂၃ ရက္မွာ ေ႐ြးခ်ယ္တင္ေျမႇာက္လိုက္ရာ သူ႔အေနနဲ႔ ေအာက္တိုဘာ ၃၁ ရက္ မတိုင္မီ ဥေရာပသမဂၢမွ ထြက္ခြာေရးအစီအစဥ္မ်ားကို ၿပီးစီးေအာင္ လုပ္ေဆာင္ရမွာျဖစ္ပါတယ္။

အသက္ ၅၅ ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ ေဘာရစ္ဂြၽန္ဆင္ ဟာ ဇူလိုင္ ၂၄ ရက္ ညေနပိုင္းတြင္ ဘာကင္ဟမ္ နန္းေတာ္၌ အဲလစ္ဇဘက္ဘုရင္မႀကီး (၂) နဲ႔ ေတြ႕ဆုံကာ ဝန္ႀကီးခ်ဳပ္တာဝန္ကို စတင္ထမ္းေဆာင္ေတာ့မွာျဖစ္ၿပီး အမွတ္ ၁၀ ေဒါင္းနင္းလမ္း အိမ္ေတာ္အျပင္ဖက္မွာ ပထမဆုံး မိန႔္ခြန္းေျပာၾကားမွာ ျဖစ္ပါတယ္။

ေနာက္ဆုံးတာဝန္ထမ္းေဆာင္ခဲ့သူ ဝန္ႀကီးခ်ဳပ္ေဟာင္း ထရီဇာေမ ဟာ ဥေရာပသမဂၢေခါင္းေဆာင္မ်ားနဲ႔ ခြဲထြက္ေရးေဆြးေႏြးေရးမွာ ၿဗိတိန္ပါလီမန္၏ ေထာက္ခံမႈမရရွိခဲ့ေသာေၾကာင့္ ရာထူးမွ ႏုတ္ထြက္သြားျခင္း ျဖစ္ပါတယ္။ဥေရာပသမဂၢအေနျဖင့္ ခြဲထြက္ေရးသေဘာတူညီခ်က္ပါ အခ်က္အလက္မ်ားႏွင့္ ပတ္သက္၍ ျပင္ဆင္ဖြယ္ မရွိပါဘူး။

ေဘာရစ္ဂြၽန္ဆင္သည္ ဇူလိုင္ ၂၃ ရက္က ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္ခံရၿပီးေနာက္ ေျပာၾကားသည့္ မိန႔္ခြန္းတြင္ တိုင္းျပည္အေနျဖင့္ သံသယႏွင့္ အႏုတ္သေဘာေဆာင္မႈမ်ားကို ဖယ္ရွားရန္ တိုက္တြန္းခဲ့ၿပီး စိတ္ဝမ္းကြဲျပားေနသည့္ ႏိုင္ငံအား ညီၫြတ္ေအာင္ လုပ္ေဆာင္ဖို႔ ကတိျပဳေျပာၾကားခဲ့ပါတယ္။

သေဘာတူညီခ်က္ ရသည္ျဖစ္ေစ၊ မရသည္ျဖစ္ေစ အီးယူမွ ခြဲထြက္ေရး သူ႔ရဲ႕ ကတိကဝတ္ေၾကာင့္ သေဘာတူညီခ်က္မလုပ္ဘဲ ခြဲထြက္ဖို႔ လိုလားတဲ့ သူ႔ရဲ႕ပါတီက အထင္ကရ လႊတ္ေတာ္အမတ္မ်ားနဲ႔ အျငင္းပြားစရာ ျဖစ္လာႏိုင္တာေၾကာင့္ ယခုေ႐ြးေကာက္ပြဲမွာ ေထာက္ခံမႈမတိမ္းမယိမ္းနဲ႔ အႏိုင္ရရွိအေပၚ ထိခိုက္လာႏိုင္ၿပီး ႏိုင္ငံရဲ႕ ေ႐ြးေကာက္ပြဲဟာလည္း ပုံမွန္ထက္ ႀကိဳတင္က်င္းပဖို႔ ျဖစ္လာႏိုင္ပါတယ္။

ဥေရာပသမဂၢမွ ႏုတ္ထြက္ေရး လႈပ္ရွားမႈမ်ားကို ၂၀၁၆ ခုႏွစ္မွာ ဦးေဆာင္ခဲ့သူ ဝန္ႀကီးခ်ဳပ္ ဂြၽန္ဆင္ က Brexit ေနာက္ဆုံးသတ္မွတ္ရက္ကို ျပင္ဆင္သြားမွာ မဟုတ္ေၾကာင္းနဲ႔ ၿဗိတိန္ႏိုင္ငံရဲ႕ သမိုင္းအတြက္ အေရးႀကီးတဲ့ အခ်ိန္ကာလသို႔ ေရာက္ရွိေနေၾကာင္း ၎က ေျပာၾကားထားပါတယ္။

ဥေရာပသမဂၢ တာဝန္ရွိသူမ်ားကလည္း ၿဗိတိန္ႏိုင္ငံအေနနဲ႔ ၄၆ ႏွစ္ၾကာ အဖြဲ႕ဝင္အျဖစ္ အဆုံးသတ္ဖို႔ ဝန္ႀကီးခ်ဳပ္ေဟာင္း ထရီဇာေမ နဲ႔ ျပဳလုပ္ထားတဲ့ သေဘာတူညီခ်က္ေတြကို ျပန္လည္ေဆြးေႏြးမွာ မဟုတ္ေၾကာင္း ေျပာၾကားထားပါတယ္။အဆိုပါ သေဘာတူညီခ်က္မ်ားကို ၿဗိတိန္ပါလီမန္အမတ္မ်ားက သုံးႀကိမ္အထိ ကန႔္ကြက္ထားပါတယ္။

Linko
Ref : Afp
လန္ဒန္၊ ဇူလိုင္ - ၂၄