ဘင်္ဂါလီ ပြဿနာကို ပြန်လည်မီးမွှေးရန် လူမျိုးတုန်းသတ်ဖြတ်စွပ်စွဲမှုဖြင့် ကြိုးစားခဲ့ဟု ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးအပြီးသတ် လျှောက်လဲချက် ပြောကြား

ဘင်္ဂါလီ  ပြဿနာကို ပြန်လည်မီးမွှေးရန် လူမျိုးတုန်းသတ်ဖြတ်စွပ်စွဲမှုဖြင့် ကြိုးစားခဲ့ဟု ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးအပြီးသတ် လျှောက်လဲချက် ပြောကြား

ဘင်္ဂါလီ မူဆလင် ၇ သိန်း ခွဲ ခန့် အိုးအိမ်စွန့်ပစ်၍ ထွက်ပြေးအောင် ပြုလုပ်ခဲ့သည်ဆိုသော ပြဿနာကို ပြန်လည်စတင်နိုင်ရန်အတွက် လူမျိုးတုန်းတုန်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့သည် ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁၂ ရက်က ပြုလုပ်တဲ့ ICJတရားခွင်မှာ ပြောကြားခဲ့ပါတယ်။

နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို စွပ်စွဲထားသော လူမျိုးတုန်းသတ်ဖြတ်သည်ဟု ဆိုသည့်အမှုကို လက်မခံဘူးဆိုသည့် အကြောင်း ကြာသပတေးနေ့က ကုလသမဂ္ဂ တရားသူကြီးများကို တိုက် တွန်း ပြောကြားခဲ့ပါတယ်။ နိုင်ငံတကာ တရားရုံး၌ ၃ ရက်ကြာ ကြားနာစစ်ဆေးခဲ့ပြီးနောက် သူမ၏ နောက်ဆုံး လျှောက်လဲချက်များတွင် မြန်မာ့လူထုခေါင်းဆောင်က ဂမ်ဘီယာ၏ မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်ကို ရှေ့ဆက် လုပ်ဆောင်ဖို့ တရားသူ ကြီးများက ခွင့်ပြုခဲ့ခြင်းဟာ ပြန်လည်သင့်မြတ်ရေးကို ထိခိုက်နိုင်တယ်လို့လည်း ပြင်းထန်တဲ့ သတိပေးမှုကို ပြောကြားခဲ့ပါတယ်။

လူ့အခွင့်အရေး ပြယုဂ် တစ်ခုအဖြစ် နိုင်ငံတကာတွင် သူမ၏ ဂုဏ်သတင်းကို သက်သေပြခဲ့သော ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ခုနှစ်တွင် ပြဿနာဖြစ်ပွားသော နေရာတွင် မကြားသေမီက ယှဉ်ပြိုင်ကစား ခဲ့သော ဘောလုံးပွဲတစ်ပွဲ၏ ပုံရိပ်များသည် ငြိမ်းချမ်းရေးပြန်လာပြီဆိုသော အထောက်အထားတစ်ခုကိုလည်း ပြသခဲ့ပါတယ်။ ICJ မှ အမျှော်အမြင် ရှိရှိနှင့် တရားမျှတမှုဖြင့် ပြုလုပ်လိုက်တဲ့ ဆုံးဖြတ်သည် ကွဲပြားမှုများကို မဖြစ်ပေါ်စေပဲ ညီညွှတ်မှုကို ဖန်တီးရာတွင် ကျွန်မတို့အား အထောက်အကူဖြစ်ပါစေလို့ မြန်မာ့ရိုးရာဝတ်စုံနှင့် ပန်းများ ဆင်မြန်း ထားသော ဒေါ်အောင်ဆန်းစုကြည်က ဆုတောင်းစကားပြောကြားခဲ့ပါတယ်။

မတူညီတဲ့ ဝန်းကျင်များအတွင်း သံသယ များဖြစ်အောင် ပြုလုပ်ခြင်း၊သံသယတွေကို မွေးမြူခြင်း၊ ဒုက္ခ ရောက်အောင် ဖန်တီးခြင်း ကြိုးပမ်းမှုများ သည် အားနည်းသော ယုံကြည်မှုအခြေခံအဆောက်အအုံကို တည် ဆောက်ရာတွင် ပြန်လည်သင့်မြတ်ရေးကို ထိခိုက်နိုင်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုတောင်းသော ၆ မိနစ်စာ ထုတ်ပြန်ချက်မှာ ထပ်မံပြောကြားခဲ့ပါတယ်။ လက်ရှိဖြစ်ပွားနေသော ပြည်တွင်း ပြဿနာများ အဆုံးသတ်ခြင်းသည် နိုင်ငံအတွက် အင်မတန် အရေးကြီးကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ၂၀၁၆-၂၀၁၇ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ပြန်လည်ဖြစ်ပွားခြင်းကို ရှောင်ရှားရန်လည်း တူညီသော အရေးပါမှုဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ ခဲ့ပါတယ်။

သည်ဟိတ် မြို့ရှိ တရားရုံးအပြင်ဘက်တွင် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများ ဒါဇင်ပေါင်းများ စွာရှိနေပြီး ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားရန် ရောက်ရှိလာချိန်တွင် ၎င်း တို့က ကျွန်ုပ်တို့  အောင်ဆန်း စုကြည် နှင့်အတူ ရပ်တည်သွားမည်ဟု ကြွေးကြော်ခဲ့ကြပါတယ်။ အာဖရိက ၏ သေးငယ်သော မွတ်စလင်အဓိက ကြီးစိုးသော နိုင်ငံအနေဖြင့် သည်ဟိတ် မြို့ရှိ ကုလသမဂ္ဂ အမြင့်ဆုံးတရားရုံးတွင် ၁၉၄၈ ကုလသမဂ္ဂ ၏ လူမျိုး တုန်းသတ်ဖြတ်မှု စာချုပ်ကို ချိုးဖောက်သည်ဟု ဗုဒ္ဓဘာသာ ဝင်အများစုနေထိုင်သော မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့ပါတယ်။

ယင်း နိုင်ငံကို OIC ၅၇ နိုင်ငံ ၊ ကနေဒါနှင့် နယ်သာလန် နိုင်ငံတို့က ထောက်ခံမှုပေးထားကာ ဂမ်ဘီယာ အနေဖြင့် ယင်းအမှု နှစ်များစွာ ကြာစဉ်အတွင်း ဘင်္ဂါလီများ အပေါ် နောက်ထပ်အကြမ်းဖက်မှုများကို တားဆီးရန် အရေးပေါ် ဆောင်ရွက်ချက်များကိုလည်း ရှာဖွေသွားမှာဖြစ် သလို ဗုဒ္ဓဟူးနေ့က ICJ တရားခွင်တွင်  ဒေါ်အောင် ဆန်းစုကြည်က လူမျိုးတုန်း သတ်ဖြတ်မှု ရည်ရွယ်ချက် သက်သေအထောက်အထား မရှိဘူးဟု သူမ၏ အဖွင့် ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပါတယ်။ ထို့အပြင် စစ်တပ်၏ စစ်ဆင်ရေးမှာ ဘင်္ဂါလီ စစ်သွေးကြွများ၏ တိုက်ခိုက်မှု များကို တုန့်ပြန်ဖို့သာ ရည်ရွယ်ခဲ့သည် ဟုလည်း ပြောကြားခဲ့ပါတယ်။

Linko
သည်ဟိဂ်၊ ဒီဇင်ဘာ ၁၃
Ref: telegraph.co.uk(Myanmar's Suu Kyi says genocide trial risks 'reigniting' Rohingya crisis)

(  Zawgyi  )

 ဘဂၤါလီ မူဆလင္ ၇ သိန္း ခြဲ ခန႔္ အိုးအိမ္စြန႔္ပစ္၍ ထြက္ေျပးေအာင္ ျပဳလုပ္ခဲ့သည္ဆိုေသာ ျပႆနာကို ျပန္လည္စတင္ႏိုင္ရန္အတြက္ လူမ်ိဳးတုန္းတုန္းသတ္ျဖတ္မႈ စြပ္စြဲခ်က္ျဖင့္ ျမန္မာႏိုင္ငံကို တရားစြဲဆိုခဲ့သည္ ဟု ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဒီဇင္ဘာ ၁၂ ရက္က ျပဳလုပ္တဲ့ ICJတရားခြင္မွာ ေျပာၾကားခဲ့ပါတယ္။

ႏိုဗယ္ဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာႏိုင္ငံကို စြပ္စြဲထားေသာ လူမ်ိဳးတုန္းသတ္ျဖတ္သည္ဟု ဆိုသည့္အမႈကို လက္မခံဘူးဆိုသည့္ အေၾကာင္း ၾကာသပေတးေန႔က ကုလသမဂၢ တရားသူႀကီးမ်ားကို တိုက္ တြန္း ေျပာၾကားခဲ့ပါတယ္။ ႏိုင္ငံတကာ တရား႐ုံး၌ ၃ ရက္ၾကာ ၾကားနာစစ္ေဆးခဲ့ၿပီးေနာက္ သူမ၏ ေနာက္ဆုံး ေလွ်ာက္လဲခ်က္မ်ားတြင္ ျမန္မာ့လူထုေခါင္းေဆာင္က ဂမ္ဘီယာ၏ ျမန္မာႏိုင္ငံအေပၚ စြပ္စြဲခ်က္ကို ေရွ႕ဆက္ လုပ္ေဆာင္ဖို႔ တရားသူ ႀကီးမ်ားက ခြင့္ျပဳခဲ့ျခင္းဟာ ျပန္လည္သင့္ျမတ္ေရးကို ထိခိုက္ႏိုင္တယ္လို႔လည္း ျပင္းထန္တဲ့ သတိေပးမႈကို ေျပာၾကားခဲ့ပါတယ္။

လူ႔အခြင့္အေရး ျပယုဂ္ တစ္ခုအျဖစ္ ႏိုင္ငံတကာတြင္ သူမ၏ ဂုဏ္သတင္းကို သက္ေသျပခဲ့ေသာ ေဒၚေအာင္ဆန္းစုၾကည္က ၂၀၁၇ ခုႏွစ္တြင္ ျပႆနာျဖစ္ပြားေသာ ေနရာတြင္ မၾကားေသမီက ယွဥ္ၿပိဳင္ကစား ခဲ့ေသာ ေဘာလုံးပြဲတစ္ပြဲ၏ ပုံရိပ္မ်ားသည္ ၿငိမ္းခ်မ္းေရးျပန္လာၿပီဆိုေသာ အေထာက္အထားတစ္ခုကိုလည္း ျပသခဲ့ပါတယ္။ ICJ မွ အေမွ်ာ္အျမင္ ရွိရွိႏွင့္ တရားမွ်တမႈျဖင့္ ျပဳလုပ္လိုက္တဲ့ ဆုံးျဖတ္သည္ ကြဲျပားမႈမ်ားကို မျဖစ္ေပၚေစပဲ ညီၫႊတ္မႈကို ဖန္တီးရာတြင္ ကြၽန္မတို႔အား အေထာက္အကူျဖစ္ပါေစလို႔ ျမန္မာ့႐ိုးရာဝတ္စုံႏွင့္ ပန္းမ်ား ဆင္ျမန္း ထားေသာ ေဒၚေအာင္ဆန္းစုၾကည္က ဆုေတာင္းစကားေျပာၾကားခဲ့ပါတယ္။

မတူညီတဲ့ ဝန္းက်င္မ်ားအတြင္း သံသယ မ်ားျဖစ္ေအာင္ ျပဳလုပ္ျခင္း၊သံသယေတြကို ေမြးျမဴျခင္း၊ ဒုကၡ ေရာက္ေအာင္ ဖန္တီးျခင္း ႀကိဳးပမ္းမႈမ်ား သည္ အားနည္းေသာ ယုံၾကည္မႈအေျခခံအေဆာက္အအုံကို တည္ ေဆာက္ရာတြင္ ျပန္လည္သင့္ျမတ္ေရးကို ထိခိုက္ႏိုင္တယ္လို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က တိုေတာင္းေသာ ၆ မိနစ္စာ ထုတ္ျပန္ခ်က္မွာ ထပ္မံေျပာၾကားခဲ့ပါတယ္။ လက္ရွိျဖစ္ပြားေနေသာ ျပည္တြင္း ျပႆနာမ်ား အဆုံးသတ္ျခင္းသည္ ႏိုင္ငံအတြက္ အင္မတန္ အေရးႀကီးေၾကာင္း၊ ရခိုင္ျပည္နယ္ေျမာက္ပိုင္းရွိ ၂၀၁၆-၂၀၁၇ ျပည္တြင္း လက္နက္ကိုင္ ပဋိပကၡ ျပန္လည္ျဖစ္ပြားျခင္းကို ေရွာင္ရွားရန္လည္း တူညီေသာ အေရးပါမႈျဖစ္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေထာက္ျပ ခဲ့ပါတယ္။

သည္ဟိတ္ ၿမိဳ႕ရွိ တရား႐ုံးအျပင္ဘက္တြင္ ေဒၚေအာင္ဆန္းစုၾကည္ ေထာက္ခံသူမ်ား ဒါဇင္ေပါင္းမ်ား စြာရွိေနၿပီး ေဒၚေအာင္ဆန္းစုၾကည္ မိန႔္ခြန္းေျပာၾကားရန္ ေရာက္ရွိလာခ်ိန္တြင္ ၎ တို႔က ကြၽႏ္ုပ္တို႔  ေအာင္ဆန္း စုၾကည္ ႏွင့္အတူ ရပ္တည္သြားမည္ဟု ေႂကြးေၾကာ္ခဲ့ၾကပါတယ္။ အာဖရိက ၏ ေသးငယ္ေသာ မြတ္စလင္အဓိက ႀကီးစိုးေသာ ႏိုင္ငံအေနျဖင့္ သည္ဟိတ္ ၿမိဳ႕ရွိ ကုလသမဂၢ အျမင့္ဆုံးတရား႐ုံးတြင္ ၁၉၄၈ ကုလသမဂၢ ၏ လူမ်ိဳး တုန္းသတ္ျဖတ္မႈ စာခ်ဳပ္ကို ခ်ိဳးေဖာက္သည္ဟု ဗုဒၶဘာသာ ဝင္အမ်ားစုေနထိုင္ေသာ ျမန္မာႏိုင္ငံကို တရားစြဲဆိုခဲ့ပါတယ္။

ယင္း ႏိုင္ငံကို OIC ၅၇ ႏိုင္ငံ ၊ ကေနဒါႏွင့္ နယ္သာလန္ ႏိုင္ငံတို႔က ေထာက္ခံမႈေပးထားကာ ဂမ္ဘီယာ အေနျဖင့္ ယင္းအမႈ ႏွစ္မ်ားစြာ ၾကာစဥ္အတြင္း ဘဂၤါလီမ်ား အေပၚ ေနာက္ထပ္အၾကမ္းဖက္မႈမ်ားကို တားဆီးရန္ အေရးေပၚ ေဆာင္႐ြက္ခ်က္မ်ားကိုလည္း ရွာေဖြသြားမွာျဖစ္ သလို ဗုဒၶဟူးေန႔က ICJ တရားခြင္တြင္  ေဒၚေအာင္ ဆန္းစုၾကည္က လူမ်ိဳးတုန္း သတ္ျဖတ္မႈ ရည္႐ြယ္ခ်က္ သက္ေသအေထာက္အထား မရွိဘူးဟု သူမ၏ အဖြင့္ ထုတ္ျပန္ခ်က္တြင္ ေျပာၾကားခဲ့ပါတယ္။ ထို႔အျပင္ စစ္တပ္၏ စစ္ဆင္ေရးမွာ ဘဂၤါလီ စစ္ေသြးႂကြမ်ား၏ တိုက္ခိုက္မႈ မ်ားကို တုန႔္ျပန္ဖို႔သာ ရည္႐ြယ္ခဲ့သည္ ဟုလည္း ေျပာၾကားခဲ့ပါတယ္။

Linko
သည္ဟိဂ္၊ ဒီဇင္ဘာ ၁၃
Ref: telegraph.co.uk(Myanmar's Suu Kyi says genocide trial risks 'reigniting' Rohingya crisis)