ဘရာဇီး အကျဉ်းထောင်မှာ မူးယစ်ဂိုဏ်းအချင်းချင်း တိုက်ခိုက်မှုဖြစ်၊ အကျဉ်းသား ၅၇ ဦးထက်မနည်း သေဆုံး

ဘရာဇီး အကျဉ်းထောင်မှာ မူးယစ်ဂိုဏ်းအချင်းချင်း တိုက်ခိုက်မှုဖြစ်၊ အကျဉ်းသား ၅၇ ဦးထက်မနည်း သေဆုံး

ဘရာဇီးနိုင်ငံ မြောက်ပိုင်း အကျဉ်းထောင်တစ်ခုမှာ ဇူလိုင် ၂၉ ရက်နေ့က မူးယစ်ဂိုဏ်းအချင်းချင်း အချင်းများရာကနေ ထောင်တွင်းရုန်းရင်းဆန်ခတ်မှု ဖြစ်ခဲ့ပါတယ်။

Para ပြည်နယ် Altamira အကျဉ်းထောင်မှာ အချင်းချင်းသတ်ဖြတ်မှုကြောင့် အကျဉ်းသား ၅၇ ဦး သေဆုံးပြီး၊ အဲဒီထဲက ၁၆ ဦး ခေါင်းဖြတ်သတ်ခံရတယ်လို့ အကျဉ်းထောင်အရာရှိတွေက ဆိုပါတယ်။

အဲဒီနေ့မနက် ၇ နာရီ ဝန်းကျင်လောက်က ရေယိုဒေဂျနဲရိုး အခြေစိုက် Comando Vermelho ဂိုဏ်းနဲ့ နယ်ခံ Comando Classe A ဂိုဏ်းတို့ အချင်းချင်းတိုက်ခိုက်ကြတာ ဖြစ်ပါတယ်။ဒေသခံဂိုဏ်းခေါင်းဆောင်က Comando Vermelho ဂိုဏ်းသားတွေနေတဲ့ အဆောင်ကို မီးရှို့ခဲ့တာလို့လည်း သိရပါတယ်။အဲဒီမီးက အဆောက်အဦးသစ် ဆောက်နေလို့ ကွန်တိန်နာဟောင်းတွေထဲ ထိန်းသိမ်းထားတဲ့ အကျဉ်းသားတွေဆီ အလျင်အမြန်ကူးစက်ခဲ့တာပါ။သေဆုံးသူတွေထဲမှာ မီးခိုးကြောင့် အသက်ရှူကြပ် သေဆုံးတဲ့သူတွေ ရှိပါတယ်။အဲဒီမီးလောင်မှုကြောင့် မီးသတ်တပ်ဖွဲ့တွေ အကျဉ်းထောင်ထဲဝင်ဖို့ နာရီအတော်ကြာ ကြိုးစားခဲ့ရတယ်လို့လည်း ပြည်နယ်အကျဉ်းဦးစီး အကြီးအကဲဖြစ်သူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။အခုဖြစ်ရပ်မှာ ထောင်ဝန်ထမ်း ၂ ဦး ဓားစာခံအဖမ်းခံခဲ့ရပြီး၊ နောက်ဆုံး ပြန်လွတ်လာခဲ့ပါတယ်။

‘အခုဖြစ်ရပ်က ပစ်မှတ်ထားတိုက်ခိုက်မှု ဖြစ်ပါတယ်။ဂိုဏ်း ၂ ဂိုဏ်းကြား စာရင်းရှင်းကြတာပါ။ထောင်တွင်းဆန္ဒပြတာ မဟုတ်သလို၊ အကျဉ်းထောင် ပုန်ကန်မှုလည်း မဟုတ်ဘူး’ လို့ ပြည်နယ်အကျဉ်းဦးစီး အကြီးအကဲက ပြောပါတယ်။

အခုတိုက်ခိုက်မှုမှာ လက်နက်တစ်စုံတစ်ရာ မတွေ့ရဘဲ ယာယီသုံးဓားတွေနဲ့ပဲ တိုက်ခိုက်ခဲ့တာလို့ အာဏာပိုင်တွေဘက်က ပြောပါတယ်။အဲဒီနောက် အကျဉ်းသား ၄၆ ဦးကို အခြားအကျဉ်းထောင်တွေဆီ ရွှေ့ပြောင်းပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဘရာဇီးသမ္မတ Jair Bolsonar ရဲ့ ရွေးကောက်ပွဲ ကတိမှာတော့ ဘရာဇီး အကျဉ်းထောင်တွေမှာ အကျဉ်းသား မတန်တဆများနေတာတွေ အပါအဝင် နိုင်ငံတစ်ဝန်းဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို နှိမ်နင်းကိုင်တွယ်မယ်လို့ ဆိုပါတယ်။

AP သတင်းဌာန ရထားတဲ့ ဘရာဇီး အမျိုးသားတရားရေးကောင်စီရဲ့ ၂၀၁၉ ဇူလိုင် အစီရင်ခံစာအရ အခုတိုက်ခိုက်မှုဖြစ်တဲ့ အကျဉ်းထောင်မှာ အကျဉ်းသားဦးရေ ၁၆၃ ဦးသာ ဆံ့ပေမဲ့၊ တကယ်တမ်း အကျဉ်းသားဦးရေ ၃၄၃ ဦး ရှိနေတယ်လို့ ဖော်ပြပါရှိပါတယ်။

ဘရာဇီးနိုင်ငံတစ်ဝန်းက အကျဉ်းတောင်တွေမှာ ထောင်သားတွေ အဆမတန်များသလို၊ ထောင်တွင်းရာဇဝတ်မှု ဖြစ်လာနိုင်လို့ အစောင့်ရဲတွေ ထူထပ်စွာချထားရတယ်လို့ သိရပါတယ်။

ရည်မွန်
Ref : AP
ရီယိုဒီဂျနေရိုး၊ ဇူလိုင် - ၃၀

( Zawgyi )

ဘရာဇီးႏိုင္ငံ ေျမာက္ပိုင္း အက်ဥ္းေထာင္တစ္ခုမွာ ဇူလိုင္ ၂၉ ရက္ေန႔က မူးယစ္ဂိုဏ္းအခ်င္းခ်င္း အခ်င္းမ်ားရာကေန ေထာင္တြင္း႐ုန္းရင္းဆန္ခတ္မႈ ျဖစ္ခဲ့ပါတယ္။

Para ျပည္နယ္ Altamira အက်ဥ္းေထာင္မွာ အခ်င္းခ်င္းသတ္ျဖတ္မႈေၾကာင့္ အက်ဥ္းသား ၅၇ ဦး ေသဆုံးၿပီး၊ အဲဒီထဲက ၁၆ ဦး ေခါင္းျဖတ္သတ္ခံရတယ္လို႔ အက်ဥ္းေထာင္အရာရွိေတြက ဆိုပါတယ္။

အဲဒီေန႔မနက္ ၇ နာရီ ဝန္းက်င္ေလာက္က ေရယိုေဒဂ်နဲ႐ိုး အေျခစိုက္ Comando Vermelho ဂိုဏ္းနဲ႔ နယ္ခံ Comando Classe A ဂိုဏ္းတို႔ အခ်င္းခ်င္းတိုက္ခိုက္ၾကတာ ျဖစ္ပါတယ္။ေဒသခံဂိုဏ္းေခါင္းေဆာင္က Comando Vermelho ဂိုဏ္းသားေတြေနတဲ့ အေဆာင္ကို မီးရႈိ႕ခဲ့တာလို႔လည္း သိရပါတယ္။အဲဒီမီးက အေဆာက္အဦးသစ္ ေဆာက္ေနလို႔ ကြန္တိန္နာေဟာင္းေတြထဲ ထိန္းသိမ္းထားတဲ့ အက်ဥ္းသားေတြဆီ အလ်င္အျမန္ကူးစက္ခဲ့တာပါ။ေသဆုံးသူေတြထဲမွာ မီးခိုးေၾကာင့္ အသက္ရွဴၾကပ္ ေသဆုံးတဲ့သူေတြ ရွိပါတယ္။အဲဒီမီးေလာင္မႈေၾကာင့္ မီးသတ္တပ္ဖြဲ႕ေတြ အက်ဥ္းေထာင္ထဲဝင္ဖို႔ နာရီအေတာ္ၾကာ ႀကိဳးစားခဲ့ရတယ္လို႔လည္း ျပည္နယ္အက်ဥ္းဦးစီး အႀကီးအကဲျဖစ္သူက သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။အခုျဖစ္ရပ္မွာ ေထာင္ဝန္ထမ္း ၂ ဦး ဓားစာခံအဖမ္းခံခဲ့ရၿပီး၊ ေနာက္ဆုံး ျပန္လြတ္လာခဲ့ပါတယ္။

‘အခုျဖစ္ရပ္က ပစ္မွတ္ထားတိုက္ခိုက္မႈ ျဖစ္ပါတယ္။ဂိုဏ္း ၂ ဂိုဏ္းၾကား စာရင္းရွင္းၾကတာပါ။ေထာင္တြင္းဆႏၵျပတာ မဟုတ္သလို၊ အက်ဥ္းေထာင္ ပုန္ကန္မႈလည္း မဟုတ္ဘူး’ လို႔ ျပည္နယ္အက်ဥ္းဦးစီး အႀကီးအကဲက ေျပာပါတယ္။

အခုတိုက္ခိုက္မႈမွာ လက္နက္တစ္စုံတစ္ရာ မေတြ႕ရဘဲ ယာယီသုံးဓားေတြနဲ႔ပဲ တိုက္ခိုက္ခဲ့တာလို႔ အာဏာပိုင္ေတြဘက္က ေျပာပါတယ္။အဲဒီေနာက္ အက်ဥ္းသား ၄၆ ဦးကို အျခားအက်ဥ္းေထာင္ေတြဆီ ေ႐ႊ႕ေျပာင္းေပးခဲ့တယ္လို႔လည္း ဆိုပါတယ္။

ဘရာဇီးသမၼတ Jair Bolsonar ရဲ႕ ေ႐ြးေကာက္ပြဲ ကတိမွာေတာ့ ဘရာဇီး အက်ဥ္းေထာင္ေတြမွာ အက်ဥ္းသား မတန္တဆမ်ားေနတာေတြ အပါအဝင္ ႏိုင္ငံတစ္ဝန္းျဖစ္ေနတဲ့ အၾကမ္းဖက္မႈေတြကို ႏွိမ္နင္းကိုင္တြယ္မယ္လို႔ ဆိုပါတယ္။

AP သတင္းဌာန ရထားတဲ့ ဘရာဇီး အမ်ိဳးသားတရားေရးေကာင္စီရဲ႕ ၂၀၁၉ ဇူလိုင္ အစီရင္ခံစာအရ အခုတိုက္ခိုက္မႈျဖစ္တဲ့ အက်ဥ္းေထာင္မွာ အက်ဥ္းသားဦးေရ ၁၆၃ ဦးသာ ဆံ့ေပမဲ့၊ တကယ္တမ္း အက်ဥ္းသားဦးေရ ၃၄၃ ဦး ရွိေနတယ္လို႔ ေဖာ္ျပပါရွိပါတယ္။

ဘရာဇီးႏိုင္ငံတစ္ဝန္းက အက်ဥ္းေတာင္ေတြမွာ ေထာင္သားေတြ အဆမတန္မ်ားသလို၊ ေထာင္တြင္းရာဇဝတ္မႈ ျဖစ္လာႏိုင္လို႔ အေစာင့္ရဲေတြ ထူထပ္စြာခ်ထားရတယ္လို႔ သိရပါတယ္။

ရည္မြန္
Ref : AP
ရီယိုဒီဂ်ေန႐ိုး၊ ဇူလိုင္ - ၃၀