ဘရေ့စ် ကန်ညွှံန်အမျိုးသားဥယျာဉ်အပြင်ဘက် ကားမတော်တဆမှု အနည်းဆုံးလေးဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရ

ဘရေ့စ် ကန်ညွှံန်အမျိုးသားဥယျာဉ်အပြင်ဘက် ကားမတော်တဆမှု အနည်းဆုံးလေးဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရ

အူတာပြည်နယ် ဘရေ့စ်ကန်ညွှံအမျိုးသားဥယျာဉ်အပြင်ဘက်မှာ ယာဉ်မောင်းသူနဲ့ ခရီးသည် ၃၀ ပါတဲ့ ကမ္ဘာလှည့်ခရီးသည်တင် ဘတ်စ်ကားတစ်စီးတိမ်းမှောက်ခဲ့ရာမှာ အနည်းဆုံးလေးဦးသေဆုံး ခဲ့ကာ ဒဏ်ရာရသူများခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။

အူတာပြည်နယ်အလယ်ပိုင်းမှာ တည်ရှိတဲ့ အဆိုပါအမျိုးသားဥယျာဉ်အဓိက ဝင်ပေါက်ဖြစ်တဲ့ ပြည်ထောင်စုလမ်းမ ၁၂ မှာ ယာဉ်တိမ်းမှောက်မှုဖြစ်ခဲ့တဲ့ အတွက် ကယ်ဆယ်ရေးနဲ့ လူနာတင် ရဟတ်ယာဉ်တွေ ချက်ခြင်းရောက်ရှိခဲ့တယ်ဆိုပါတယ်။

အူတာအဝေးပြေးလမ်းမရဲတပ်ဖွဲ့က ၎င်းအဖွဲ့ တွစ်တာစာမျက်နှာကနေ ယာဉ်မောင်းသူတွေကို ဖြစ်နိုင်ရင် အရေးကြီးတဲ့ ယာဉ်ကလွဲပြီး မဖြတ်သန်းဖို့ တရားဝင်အကြံပေးခဲ့သလို လမ်းမကိုလည်း ပိတ်ထားခဲ့ပါတယ်။

အာဏာပိုင်တွေအဆိုအရ ၁၇ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။သောကြာနေ့ညနေခင်း သတင်းဌာနကို အူတာအဝေးပြေးလမ်းမရဲတပ်ဖွဲ့ တပ်ကြပ်ကြီး နစ်ခ်စတွဒ်က ဒဏ်ရာရသူထဲက ငါးဦရဲ့ အခြေအနေက တော်တော်ဆိုးတယ်လို့ ပြောခဲ့ပါတယ်။

အဆိုပါ ဘတ်စ်ကားမှာ တောင်ကာလီဖိုးနီးယားမှ လာခြင်းဖြစ်ပြီး ကားပေါ်မှာ တရုတ်ပြည်မကြီးမှ လာရောက်တဲ့ ခရီးသွားတွေလို့ ၎င်းက ဆိုပါတယ်။ဂါဖီးလ်ကောင်တီအုပ်ချုပ်ရေးမှူးရုံးအဆိုအရ အဆိုပါကားမှာ အရှေ့ဘက်သို့ ခရီးထွက်လာစဉ် နံနက် ၁၁ နာရီခွဲဝန်းကျင်မှာ လမ်းဘေးသို့ ချော်ကျကာ လမ်းဘေးလက်ရန်းနှင့်တိုက်မိခဲ့တယ်လို့ ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရသူများကို အဆိုပါ ဧရိယာအတွင်းရှိ ဆေးရုံများသို့ လွှဲပြောင်းခဲ့တယ်လို့ ဆိုပါတယ်။

Linko
Ref:abc news
ဝါရှင်တန်၊စက်တင်ဘာ ၂၁

(  Zawgyi  )

အူတာျပည္နယ္ ဘေရ႕စ္ကန္ၫႊံအမ်ိဳးသားဥယ်ာဥ္အျပင္ဘက္မွာ ယာဥ္ေမာင္းသူနဲ႔ ခရီးသည္ ၃၀ ပါတဲ့ ကမာၻလွည့္ခရီးသည္တင္ ဘတ္စ္ကားတစ္စီးတိမ္းေမွာက္ခဲ့ရာမွာ အနည္းဆုံးေလးဦးေသဆုံး ခဲ့ကာ ဒဏ္ရာရသူမ်ားခဲ့ၿပီး စိုးရိမ္ရတဲ့ အေျခအေနရွိတယ္လို႔ သိရပါတယ္။

အူတာျပည္နယ္အလယ္ပိုင္းမွာ တည္ရွိတဲ့ အဆိုပါအမ်ိဳးသားဥယ်ာဥ္အဓိက ဝင္ေပါက္ျဖစ္တဲ့ ျပည္ေထာင္စုလမ္းမ ၁၂ မွာ ယာဥ္တိမ္းေမွာက္မႈျဖစ္ခဲ့တဲ့ အတြက္ ကယ္ဆယ္ေရးနဲ႔ လူနာတင္ ရဟတ္ယာဥ္ေတြ ခ်က္ျခင္းေရာက္ရွိခဲ့တယ္ဆိုပါတယ္။

အူတာအေဝးေျပးလမ္းမရဲတပ္ဖြဲ႕က ၎အဖြဲ႕ တြစ္တာစာမ်က္ႏွာကေန ယာဥ္ေမာင္းသူေတြကို ျဖစ္ႏိုင္ရင္ အေရးႀကီးတဲ့ ယာဥ္ကလြဲၿပီး မျဖတ္သန္းဖို႔ တရားဝင္အႀကံေပးခဲ့သလို လမ္းမကိုလည္း ပိတ္ထားခဲ့ပါတယ္။

အာဏာပိုင္ေတြအဆိုအရ ၁၇ ဦးထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ ဆိုပါတယ္။ေသာၾကာေန႔ညေနခင္း သတင္းဌာနကို အူတာအေဝးေျပးလမ္းမရဲတပ္ဖြဲ႕ တပ္ၾကပ္ႀကီး နစ္ခ္စတြဒ္က ဒဏ္ရာရသူထဲက ငါးဦရဲ႕ အေျခအေနက ေတာ္ေတာ္ဆိုးတယ္လို႔ ေျပာခဲ့ပါတယ္။

အဆိုပါ ဘတ္စ္ကားမွာ ေတာင္ကာလီဖိုးနီးယားမွ လာျခင္းျဖစ္ၿပီး ကားေပၚမွာ တ႐ုတ္ျပည္မႀကီးမွ လာေရာက္တဲ့ ခရီးသြားေတြလို႔ ၎က ဆိုပါတယ္။ဂါဖီးလ္ေကာင္တီအုပ္ခ်ဳပ္ေရးမႉး႐ုံးအဆိုအရ အဆိုပါကားမွာ အေရွ႕ဘက္သို႔ ခရီးထြက္လာစဥ္ နံနက္ ၁၁ နာရီခြဲဝန္းက်င္မွာ လမ္းေဘးသို႔ ေခ်ာ္က်ကာ လမ္းေဘးလက္ရန္းႏွင့္တိုက္မိခဲ့တယ္လို႔ ဆိုပါတယ္။ ထိခိုက္ဒဏ္ရာရသူမ်ားကို အဆိုပါ ဧရိယာအတြင္းရွိ ေဆး႐ုံမ်ားသို႔ လႊဲေျပာင္းခဲ့တယ္လို႔ ဆိုပါတယ္။

Linko
Ref:abc news
ဝါရွင္တန္၊စက္တင္ဘာ ၂၁