ဘိုလီးဗီးယားတွင် နိုင်ငံရေးအကြပ်အတည်း ဖြစ်ပွားပြီးနောက်ပိုင်း သေဆုံးသူ ၂၃ ဦးအထိ ရှိလာ

ဘိုလီးဗီးယားတွင် နိုင်ငံရေးအကြပ်အတည်း ဖြစ်ပွားပြီးနောက်ပိုင်း သေဆုံးသူ ၂၃ ဦးအထိ ရှိလာ

ဘိုလီးဗီးယားနိုင်ငံတွင် နိုင်ငံရေးအကြပ်အတည်းပြဿနာများ ဖြစ်ပွားချိန်မှစ၍  သေဆုံးသူ ၂၃ ဦး ထက်မနည်းနှင့် ဒဏ်ရာရသူ ၇၁၅ ဦး ရှိသွားပြီဖြစ်ကြောင်း အမေရိကနိုင်ငံများဆိုင်ရာ လူ့အခွင့် အရေးကော်မရှင်က နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

“နိုဝင်ဘာ ၁၅ ရက်နောက်ပိုင်း သေဆုံးသူ ၉ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၂၂ ဦးတို့ ရှိသွားပြီဖြစ်ကာ စတင်ဖြစ်ပွားချိန်ကစပြီး ရေတွက်မည်ဆိုပါက သေဆုံးသူ ၂၃ ဦးနှင့် ဒဏ်ရာရသူ ၇၁၅ဦးရှိသွားပြီ ဖြစ်ပါတယ်” ဟု အဆိုပါကော်မရှင်၏ တွစ်တာတွင် ဖော်ပြထားပါတယ်။

ဘိုလီးဗီးယားနိုင်ငံ၏ သမ္မတရွေးကောက်ပွဲကို အောက်တိုဘာ ၂၀ ရက်က ကျင်းပခဲ့ရာတွင် ရွေးကောက်ပွဲ အမြင့်ဆုံးတရားရုံးက လက်ရှိသမ္မတ အီဗိုမိုရေးစ် အနိုင်ရကြောင်းကြေညာခဲ့ပါတယ်။ အဓိကပြိုင်ဖက် သမ္မတဟောင်း ကားလို့စ် မီဆာက အဆိုပါရလဒ်ကို အသိအမှတ်မပြုကြောင်း ကန့်ကွက်ခဲ့ ပါတယ်။

ရွေးကောက်ပွဲ ရလဒ်များကို ကြေညာလိုက်သည့်အခါ ဆန္ဒပြမှုများ နိုင်ငံအနှံ့ဖြစ်ပွားခဲ့ရာတွင် မိုရေးစ် က အရေးပေါ် အခြေအနေတစ်ရပ်ကို ကြေညာခဲ့သလို အတိုက်အခံကိုလည်း အာဏာသိမ်းရန် ကြိုးပမ်းသူဟု စွပ်စွဲခဲ့ပါတယ်။

နိုဝင်ဘာ ၁၀ ရက်တွင် မိုရေးစ်က နုတ်ထွက်ကြောင်း ကြေညာလိုက်ပြီး ယခုဖြစ်စဉ်များကို အာဏာ သိမ်းမှု အဖြစ် သတ်မှတ်လိုက်ပါတယ်။ နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များ၊ အတိုက်အခံနှင့် ကုန်သွယ်ရေး အသင်းတို့က တောင်းဆိုမှုတို့ကြောင်း မိုးရေးစ်သည် ရာထူးမှ နုတ်ထွက်သွားခြင်း ဖြစ်ပါတယ်။

နိုင်ငံရေးခိုလှုံခွင့်တောင်းခံရန် ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီးနောက် မိုရေးစ်သည် နိုဝင်ဘာ ၁၂ ရက် တွင်  မက္ကဆီကိုနိုင်ငံသို့ ရောက်ရှိသွားခဲ့ပါတယ်။ ယခုအခါ အထက်လွှတ်တော် ဒုတိယ လက်ထောက် ဥက္ကဋ္ဌ ဂျင်နီအာနက်ဇ်က ယာယီသမ္မတအဖြစ် ကြေညာထားပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးကလည်း ထောက်ခံအတည်ပြုထားပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ မီရှဲဘက်ချာလက်က “ပြဿနာအစပိုင်းမှာ သေဆုံး မှုတွေဟာ ဆန့်ကျင်ဖက် ဆန္ဒပြသူအကြား တိုက်ခိုက်မှုကြောင့် ဖြစ်ပေမယ့်  နောက်ပိုင်း ရက်တွေ သေဆုံးမှုကတော့ ရဲနဲ့ စစ်တပ်က မလိုအပ်ဘဲ အင်အား အလွန်အကျွံ သုံးစွဲမှုတွေကြောင့် ဖြစ်ပါတယ်။ ယာယီအစိုးရအနေနဲ့ နိုင်ငံတကာ စံနှုန်းတွေနဲ့ အာမခံချက်တွေကို လိုက်နာပြီး ဘိုလီးဗီးယားပြည်သူများ၏ လုံခြုံရေးကို အာမခံချက် ပေးရန် လိုပါတယ်” ဟု ပြောကြားပါတယ်”

Linko
Ref:tass
ဆူးစ်၊နိုဝင်ဘာ ၁၇

(  Zawgyi  )

 ဘိုလီးဗီးယားႏိုင္ငံတြင္ ႏိုင္ငံေရးအၾကပ္အတည္းျပႆနာမ်ား ျဖစ္ပြားခ်ိန္မွစ၍  ေသဆုံးသူ ၂၃ ဦး ထက္မနည္းႏွင့္ ဒဏ္ရာရသူ ၇၁၅ ဦး ရွိသြားၿပီျဖစ္ေၾကာင္း အေမရိကႏိုင္ငံမ်ားဆိုင္ရာ လူ႔အခြင့္ အေရးေကာ္မရွင္က ႏိုဝင္ဘာ ၁၆ ရက္မွာ ထုတ္ျပန္လိုက္ပါတယ္။

“ႏိုဝင္ဘာ ၁၅ ရက္ေနာက္ပိုင္း ေသဆုံးသူ ၉ ဦးနဲ႔ ထိခိုက္ဒဏ္ရာရသူ ၁၂၂ ဦးတို႔ ရွိသြားၿပီျဖစ္ကာ စတင္ျဖစ္ပြားခ်ိန္ကစၿပီး ေရတြက္မည္ဆိုပါက ေသဆုံးသူ ၂၃ ဦးႏွင့္ ဒဏ္ရာရသူ ၇၁၅ဦးရွိသြားၿပီ ျဖစ္ပါတယ္” ဟု အဆိုပါေကာ္မရွင္၏ တြစ္တာတြင္ ေဖာ္ျပထားပါတယ္။

ဘိုလီးဗီးယားႏိုင္ငံ၏ သမၼတေ႐ြးေကာက္ပြဲကို ေအာက္တိုဘာ ၂၀ ရက္က က်င္းပခဲ့ရာတြင္ ေ႐ြးေကာက္ပြဲ အျမင့္ဆုံးတရား႐ုံးက လက္ရွိသမၼတ အီဗိုမိုေရးစ္ အႏိုင္ရေၾကာင္းေၾကညာခဲ့ပါတယ္။ အဓိကၿပိဳင္ဖက္ သမၼတေဟာင္း ကားလို႔စ္ မီဆာက အဆိုပါရလဒ္ကို အသိအမွတ္မျပဳေၾကာင္း ကန႔္ကြက္ခဲ့ ပါတယ္။

ေ႐ြးေကာက္ပြဲ ရလဒ္မ်ားကို ေၾကညာလိုက္သည့္အခါ ဆႏၵျပမႈမ်ား ႏိုင္ငံအႏွံ႔ျဖစ္ပြားခဲ့ရာတြင္ မိုေရးစ္ က အေရးေပၚ အေျခအေနတစ္ရပ္ကို ေၾကညာခဲ့သလို အတိုက္အခံကိုလည္း အာဏာသိမ္းရန္ ႀကိဳးပမ္းသူဟု စြပ္စြဲခဲ့ပါတယ္။

ႏိုဝင္ဘာ ၁၀ ရက္တြင္ မိုေရးစ္က ႏုတ္ထြက္ေၾကာင္း ေၾကညာလိုက္ၿပီး ယခုျဖစ္စဥ္မ်ားကို အာဏာ သိမ္းမႈ အျဖစ္ သတ္မွတ္လိုက္ပါတယ္။ ႏိုင္ငံ၏ လက္နက္ကိုင္တပ္ဖြဲ႕မ်ား၊ အတိုက္အခံႏွင့္ ကုန္သြယ္ေရး အသင္းတို႔က ေတာင္းဆိုမႈတို႔ေၾကာင္း မိုးေရးစ္သည္ ရာထူးမွ ႏုတ္ထြက္သြားျခင္း ျဖစ္ပါတယ္။

ႏိုင္ငံေရးခိုလႈံခြင့္ေတာင္းခံရန္ ကမ္းလွမ္းမႈကို လက္ခံခဲ့ၿပီးေနာက္ မိုေရးစ္သည္ ႏိုဝင္ဘာ ၁၂ ရက္ တြင္  မကၠဆီကိုႏိုင္ငံသို႔ ေရာက္ရွိသြားခဲ့ပါတယ္။ ယခုအခါ အထက္လႊတ္ေတာ္ ဒုတိယ လက္ေထာက္ ဥကၠ႒ ဂ်င္နီအာနက္ဇ္က ယာယီသမၼတအျဖစ္ ေၾကညာထားၿပီး ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ခုံ႐ုံးကလည္း ေထာက္ခံအတည္ျပဳထားပါတယ္။

ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံးမွ မီရွဲဘက္ခ်ာလက္က “ျပႆနာအစပိုင္းမွာ ေသဆုံး မႈေတြဟာ ဆန႔္က်င္ဖက္ ဆႏၵျပသူအၾကား တိုက္ခိုက္မႈေၾကာင့္ ျဖစ္ေပမယ့္  ေနာက္ပိုင္း ရက္ေတြ ေသဆုံးမႈကေတာ့ ရဲနဲ႔ စစ္တပ္က မလိုအပ္ဘဲ အင္အား အလြန္အကြၽံ သုံးစြဲမႈေတြေၾကာင့္ ျဖစ္ပါတယ္။ ယာယီအစိုးရအေနနဲ႔ ႏိုင္ငံတကာ စံႏႈန္းေတြနဲ႔ အာမခံခ်က္ေတြကို လိုက္နာၿပီး ဘိုလီးဗီးယားျပည္သူမ်ား၏ လုံၿခဳံေရးကို အာမခံခ်က္ ေပးရန္ လိုပါတယ္” ဟု ေျပာၾကားပါတယ္”

Linko
Ref:tass
ဆူးစ္၊ႏိုဝင္ဘာ ၁၇