ဘိုလီးဗီးယား အထက်လွှတ်တော်အမတ်က ယာယီသမ္မတအဖြစ် ကြေညာ

ဘိုလီးဗီးယား အထက်လွှတ်တော်အမတ်က ယာယီသမ္မတအဖြစ် ကြေညာ

ဘိုလီးဗီးယားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲအပြီး ဆန္ဒပြမှုများကြောင့် သမ္မတ အီဗိုမော်ရေးစ်နှင့် ဒုသမ္မတ တို့ ရာထူးမှ နုတ်ထွက်သွားအပြီးတွင် အထက်လွှတ်တော် အမျိုးသမီး အတိုက်အခံအမတ်ယန်နေးအာနက်ဇ်က ကြားဖြတ်သမ္မတအဖြစ် နိုဝင်ဘာ ၁၂ ရက်က ကြေညာလိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူမအနေဖြင့် ယာယီသမ္မတအဖြစ် ထမ်းဆောင်ခြင်း ဖြစ်ကြောင်းနှင့် နိုင်ငံ၏ ရွေးကောက်ပွဲကိုလည်း မကြာမီ ပြန်လည်ကျင်းပပေးမည်ဟု ကြေညာလိုက်ပါတယ်။သူမအား ယာယီသမ္မတအဖြစ် ခန့်အပ်ခြင်းကို ဘိုလီးဗီးယား ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကလည်း ထောက်ခံခဲ့ပါတယ်။

အဆိုပါ ကြေညာချက်ကို မော်ရေးစ်၏ ပါတီမှ လွှတ်တော်အမတ်များက ကန့်ကွက်ခဲ့ကြသလို သမ္မတဟောင်း မော်ရေးစ်က အာနက်ဇ်သည် အာဏာသိမ်း လက်ယာယိမ်း မကောင်းဆိုးဝါးအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ယခုအခါ မော်ရေးစ်သည် မက္ကဆီကို နိုင်ငံသို့ ထွက်ပြေးသွားပြီး မိမိ၏အသက်အန္တရာယ်အတွက် မလုံခြုံဟုဆိုကာ ခိုလှုံခွင့် တောင်းခံထားပါတယ်။“သမ္မတနဲ့ ဒုသမ္မတတို့ မရှိတော့တာကြောင့် အထက်လွှတ်တော်ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ကျွန်မအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပါမယ်” ဟု အာနက်ဇ်က ပြောပါတယ်။

Linko
Ref:BBC
ဆူးစ်၊နိုဝင်ဘာ ၁၃

(  Zawgyi  )

 ဘိုလီးဗီးယားႏိုင္ငံတြင္ ျပဳလုပ္ခဲ့သည့္ ေ႐ြးေကာက္ပြဲအၿပီး ဆႏၵျပမႈမ်ားေၾကာင့္ သမၼတ အီဗိုေမာ္ေရးစ္ႏွင့္ ဒုသမၼတ တို႔ ရာထူးမွ ႏုတ္ထြက္သြားအၿပီးတြင္ အထက္လႊတ္ေတာ္ အမ်ိဳးသမီး အတိုက္အခံအမတ္ယန္ေနးအာနက္ဇ္က ၾကားျဖတ္သမၼတအျဖစ္ ႏိုဝင္ဘာ ၁၂ ရက္က ေၾကညာလိုက္ပါတယ္။

ဖြဲ႕စည္းပုံအေျခခံဥပေဒအရ သူမအေနျဖင့္ ယာယီသမၼတအျဖစ္ ထမ္းေဆာင္ျခင္း ျဖစ္ေၾကာင္းႏွင့္ ႏိုင္ငံ၏ ေ႐ြးေကာက္ပြဲကိုလည္း မၾကာမီ ျပန္လည္က်င္းပေပးမည္ဟု ေၾကညာလိုက္ပါတယ္။သူမအား ယာယီသမၼတအျဖစ္ ခန႔္အပ္ျခင္းကို ဘိုလီးဗီးယား ဖြဲ႕စည္းပုံ အေျခခံဥပေဒခုံ႐ုံးကလည္း ေထာက္ခံခဲ့ပါတယ္။

အဆိုပါ ေၾကညာခ်က္ကို ေမာ္ေရးစ္၏ ပါတီမွ လႊတ္ေတာ္အမတ္မ်ားက ကန႔္ကြက္ခဲ့ၾကသလို သမၼတေဟာင္း ေမာ္ေရးစ္က အာနက္ဇ္သည္ အာဏာသိမ္း လက္ယာယိမ္း မေကာင္းဆိုးဝါးအျဖစ္ သတ္မွတ္ခဲ့ပါတယ္။

ယခုအခါ ေမာ္ေရးစ္သည္ မကၠဆီကို ႏိုင္ငံသို႔ ထြက္ေျပးသြားၿပီး မိမိ၏အသက္အႏၲရာယ္အတြက္ မလုံၿခဳံဟုဆိုကာ ခိုလႈံခြင့္ ေတာင္းခံထားပါတယ္။“သမၼတနဲ႔ ဒုသမၼတတို႔ မရွိေတာ့တာေၾကာင့္ အထက္လႊတ္ေတာ္ရဲ႕ ဥကၠ႒ျဖစ္တဲ့ ကြၽန္မအေနနဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ သမၼတအျဖစ္ တာဝန္ထမ္းေဆာင္ပါမယ္” ဟု အာနက္ဇ္က ေျပာပါတယ္။

Linko
Ref:BBC
ဆူးစ္၊ႏိုဝင္ဘာ ၁၃