ဘိုးရင်းကုမ္ပဏီက 737 MAX J ဂျက်လေယာဉ် ဆော့ဖ်ဝဲများ ပြန်လည်ပြင်ဆင်ပြီးကြောင်း ကြေညာ

 
ဘိုးရင်းကုမ္ပဏီက 737 MAX J ဂျက်လေယာဉ် ဆော့ဖ်ဝဲများ ပြန်လည်ပြင်ဆင်ပြီးကြောင်း ကြေညာ

ပျက်ကျမှု ဖြစ်စဉ် ၂ ခုတွင် လူပေါင်း ၃၄၆ ဦး သေဆုံးစေခဲ့သည့် 737 MAX Jလေယာဉ်များတွင် ထိန်းချုပ်မောင်းနှင်သောMCASဆော့ဖ်ဝဲကို ပြန်လည် ပြင်ဆင်မွမ်းပြီးပြီဟု ဘိုးရင်းကုမ္ပဏီက  သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ထုတ်ပြန်လိုက်ပါတယ်။

“737 MAX ဆော့ဖ်ဝဲ အဆင့်မြှင့်တင်မှုကို သဏ္ဍာန်တူမောင်းနှင်ခြင်း၊ ကုမ္ပဏီ၏ အင်ဂျင်နီယာအဖွဲ့က စမ်းသပ်မောင်းနှင်မှုတို့ လုပ်ဆောင်ပြီးသွား ပါပြီ။ MCAS ဆော့ဖ်ဝဲ အသစ်နဲ့ 737 MAX ကို ပျံသန်းမှု ၂၀၇ ကြိမ်မှာ ကြာမြင့်ချိန် ၃၆၀ နာရီစမ်းသပ်မောင်းနှင် ပြီးပါပြီ” ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လေယာဉ်မှူးတွေက လေယာဉ်ရဲ့ ထိန်းချုပ်စနစ်တွေအပေါ် မည်ကဲ့သို့တုံ့ပြန်ဆောင်ရွက်ရန်နဲ့  ပျံသန်းမှု ပုံစံအမျိုးမျိုးမှာ စနစ်က ပြသမယ့် အခြေအနေတွေအပေါ် ိ ပြည်ထောင်စု လေကြောင်း အုပ်ချုပ်ရေးအဖွဲ့ (FAA) က တောင်းဆိုချက်တွေကို ပြန်လည်ဖြေရှင်းပေးနိုင်ဖို့ ထပ်မံထည့်သွင်းရမယ့် အချက်အလက်တွေကို ဘိုးရင်းက ပေးအပ်တော့မှာ ဖြစ်ပါတယ်။

“အာဏာပိုင်တွေက တောင်းဆိုထားတာတွေကို အဆင်သင့်လုပ်ပေးပြီးတာနဲ့ စမ်းသပ်ပျံသန်းဖို့ အသိအမှတ်ပြုလက်မှတ် ရရှိရေး၊ နောက်ဆုံး အတည်ပြုလက်မှတ် ရယူနိုင်ရေးတို့အတွက် ပြည်ထောင်စု လေကြောင်းအုပ်ချုပ်ရေးအဖွဲ့(FAA) နဲ့ လက်တွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု သတင်းထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

အောက်တိုဘာလအတွင်းက အင်ဒိုနီးရှားနဲ့ မတ်လအတွင်းက အီသီယိုးပီးယားတို့မှာ ပျံသန်းရေး ထိန်းချုပ်စနစ် ချု့ိယွင်းမှုကြောင့် 737 MAX လေယာဉ်များ ပျက်ကျပြီးနောက် FAA က အဆိုပါ လေယာဉ်များကို ဘေးအန္တရာယ်ကင်းရှင်းမှုအတွက် အသိအမှတ်ပြုမှု ရပ်ဆိုင်းခဲ့ပါတယ်။
အင်ဒိုနီးရှားမှာ ပျက်ကျတဲ့ ဖြစ်အပြီးမှာ American Airlines  မှ လေယာဉ်မှူးများက ဘိုးရင်းကုမ္ပဏီကို 737 MAX ဂျက်လေယာဉ်များအား ပြန်လည်ပြုပြင် မွမ်းမံဖို့ တောင်းဆိုခဲ့ကြပါတယ်။ တံခါးပိတ်အစည်းအဝေး တစ်ခုမှာတော့ ဘိုးရင်းအနေနဲ့ 737 MAX လေယာဉ်တွေကို ပျံသန်းမှု ရပ်ဆိုင်းဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တွန်းအားပေးဖို့ ဘိုးရင်းကို တောင်းဆိုခဲ့ကြောင်း မီဒီယာသတင်းများမှာ မေ ၁၅ ရက်က ဖော်ပြခဲ့ပါတယ်။

Linko
Ref: Sputnik
ဝါရှင်တန်၊မေ ၁၇

(   Zawgyi   )

 ပ်က္က်မႈ ျဖစ္စဥ္ ၂ ခုတြင္ လူေပါင္း ၃၄၆ ဦး ေသဆုံးေစခဲ့သည့္ 737 MAX Jေလယာဥ္မ်ားတြင္ ထိန္းခ်ဳပ္ေမာင္းႏွင္ေသာMCASေဆာ့ဖ္ဝဲကို ျပန္လည္ ျပင္ဆင္မြမ္းၿပီးၿပီဟု ဘိုးရင္းကုမၸဏီက  သတင္းစာရွင္းလင္းပြဲတစ္ခုမွာ ထုတ္ျပန္လိုက္ပါတယ္။

“737 MAX ေဆာ့ဖ္ဝဲ အဆင့္ျမႇင့္တင္မႈကို သ႑ာန္တူေမာင္းႏွင္ျခင္း၊ ကုမၸဏီ၏ အင္ဂ်င္နီယာအဖြဲ႕က စမ္းသပ္ေမာင္းႏွင္မႈတို႔ လုပ္ေဆာင္ၿပီးသြား ပါၿပီ။ MCAS ေဆာ့ဖ္ဝဲ အသစ္နဲ႔ 737 MAX ကို ပ်ံသန္းမႈ ၂၀၇ ႀကိမ္မွာ ၾကာျမင့္ခ်ိန္ ၃၆၀ နာရီစမ္းသပ္ေမာင္းႏွင္ ၿပီးပါၿပီ” ဟု အဆိုပါ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ေလယာဥ္မႉးေတြက ေလယာဥ္ရဲ႕ ထိန္းခ်ဳပ္စနစ္ေတြအေပၚ မည္ကဲ့သို႔တုံ႔ျပန္ေဆာင္႐ြက္ရန္နဲ႔  ပ်ံသန္းမႈ ပုံစံအမ်ိဳးမ်ိဳးမွာ စနစ္က ျပသမယ့္ အေျခအေနေတြအေပၚ ိ ျပည္ေထာင္စု ေလေၾကာင္း အုပ္ခ်ဳပ္ေရးအဖြဲ႕ (FAA) က ေတာင္းဆိုခ်က္ေတြကို ျပန္လည္ေျဖရွင္းေပးႏိုင္ဖို႔ ထပ္မံထည့္သြင္းရမယ့္ အခ်က္အလက္ေတြကို ဘိုးရင္းက ေပးအပ္ေတာ့မွာ ျဖစ္ပါတယ္။

“အာဏာပိုင္ေတြက ေတာင္းဆိုထားတာေတြကို အဆင္သင့္လုပ္ေပးၿပီးတာနဲ႔ စမ္းသပ္ပ်ံသန္းဖို႔ အသိအမွတ္ျပဳလက္မွတ္ ရရွိေရး၊ ေနာက္ဆုံး အတည္ျပဳလက္မွတ္ ရယူႏိုင္ေရးတို႔အတြက္ ျပည္ေထာင္စု ေလေၾကာင္းအုပ္ခ်ဳပ္ေရးအဖြဲ႕(FAA) နဲ႔ လက္တြဲေဆာင္႐ြက္သြားမွာျဖစ္ပါတယ္” ဟု သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပ ထားပါတယ္။

ေအာက္တိုဘာလအတြင္းက အင္ဒိုနီးရွားနဲ႔ မတ္လအတြင္းက အီသီယိုးပီးယားတို႔မွာ ပ်ံသန္းေရး ထိန္းခ်ဳပ္စနစ္ ခ်ဳ႕ိယြင္းမႈေၾကာင့္ 737 MAX ေလယာဥ္မ်ား ပ်က္က်ၿပီးေနာက္ FAA က အဆိုပါ ေလယာဥ္မ်ားကို ေဘးအႏၲရာယ္ကင္းရွင္းမႈအတြက္ အသိအမွတ္ျပဳမႈ ရပ္ဆိုင္းခဲ့ပါတယ္။
အင္ဒိုနီးရွားမွာ ပ်က္က်တဲ့ ျဖစ္အၿပီးမွာ American Airlines  မွ ေလယာဥ္မႉးမ်ားက ဘိုးရင္းကုမၸဏီကို 737 MAX ဂ်က္ေလယာဥ္မ်ားအား ျပန္လည္ျပဳျပင္ မြမ္းမံဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။ တံခါးပိတ္အစည္းအေဝး တစ္ခုမွာေတာ့ ဘိုးရင္းအေနနဲ႔ 737 MAX ေလယာဥ္ေတြကို ပ်ံသန္းမႈ ရပ္ဆိုင္းဖို႔ သက္ဆိုင္ရာ အာဏာပိုင္ေတြကို တြန္းအားေပးဖို႔ ဘိုးရင္းကို ေတာင္းဆိုခဲ့ေၾကာင္း မီဒီယာသတင္းမ်ားမွာ ေမ ၁၅ ရက္က ေဖာ္ျပခဲ့ပါတယ္။

Linko
Ref: Sputnik
ဝါရွင္တန္၊ေမ ၁၇