ဘုရားကျောင်းနှင့် သမ္မာကျမ်းကို ထရမ့် အလွဲသုံးစားလုပ်ကြောင်း ခရစ်ယာန်ဂိုဏ်းချုပ်ပြော

ဘုရားကျောင်းနှင့် သမ္မာကျမ်းကို ထရမ့် အလွဲသုံးစားလုပ်ကြောင်း ခရစ်ယာန်ဂိုဏ်းချုပ်ပြော

ဘုရားသခင်၏ သင်ကြားမှုများနှင့်ဆန့်ကျင်သည့် သတင်းစကားကို ဖြန့်ချီရန်အတွက် သူမ၏ ဘုရားကျောင်းသို့ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ သမ္မတထရမ့်ရောက်လာသောကြောင့် လွန်စွာဒေါသထွက်ရကြောင်း Episcopal Diocese of Washington ဘုရားကျောင်းမှ ဂိုဏ်းချုပ် Mariann Edgar Budde ပြောသည်။

ထရမ့်သည် အမေရိကန်သမ္မတများ ရာစုနှစ်နှင့်ချီဝတ်ပြုသော ဘုရားကျောင်းဖြစ်သည့် St. John's Episcopal Church သို့ အိမ်ဖြူတော်မှ လမ်းလျှောက်သွားပြီးနောက် သူမက ထိုသို့ ပြင်းထန်စွာဝေဖန်လိုက်ခြင်းဖြစ်သည်။

ထရမ့် ထိုဘုရားကျောင်းသို့ သွားရောက်နိုင်ရန် အိမ်ဖြူတော်ဂိတ်ပေါက်ဝမှ ငြိမ်းချမ်းစွာဆန္ဒပြသူများကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆံများဖြင့် လူစုခွဲပေးရသည်။

“ကျမဒေါသထွက်တယ်။သူဘုရားကျောင်းကိုလာပြီး ဝတ်တောင်မှမပြုသွားဘူး။အခု ပြည်သူတွေခံစားနေရတဲ့ ပြင်းထန်တဲ့ဝေဒနာကိုတောင်မှ ဝန်ခံအသိအမှတ်ပြုမသွားဘူး” ဟု Budde က CNN သို့ပြောသည်။

“အထူးသဖြင့် ကျမနိုင်ငံက အသားရောင်ခွဲခြားခံရသူတွေရဲ့ ဝေဒနာတွေကို သူအသိအမှတ်မပြုဘူး။အာဏာရှိတဲ့သူတွေက သူတို့ရဲ့စကားတွေကို အသိအမှတ်ပြုပါမလားလို့ သိချင်နေကြတယ်။ကျမတို့နိုင်ငံက နှစ်ပေါင်း ၄၀၀ ရှိတဲ့ လူမျိုးရေးခွဲခြားမှုနဲ့ လူဖြူကြီးစိုးမှုကို အဆုံးသတ်ဖို့ သူတို့တောင်းဆိုနေကြတယ်။ဘုရားသခင်နဲ့ သူ့ရဲ့မေတ္တာလမ်းကိုလျှောက်တဲ့ ကျမတို့ ဝါရှင်တန် သာသနာ့နယ်မြေကလူတွေဟာ ဒီသမ္မတရဲ့ ဒေါသစကားနဲ့ မဆိုင်ဘူးဆိုတာ ကမ္ဘာက သိစေချင်တယ်။ကျမတို့တွေဟာ စွန့်လွှတ်အနစ်နာခံတဲ့မေတ္တာနဲ့ အကြမ်းမဖက်တဲ့ဘဝကို လျှောက်လှမ်းသူရဲ့ နောက်လိုက်တွေဖြစ်တယ်” ဟုလည်း သူမက ဆက်လက်ပြောကြားသည်။

“ကျမတို့က ဂျော့ဖလွိုက် သေဆုံးမှုအတွက် တရားမျှတမှု တောင်းဆိုသူတွေနဲ့ အခြားမရေတွက်နိုင်တဲ့သူတွေနဲ့အတူ ရပ်တည်တယ်။ကျမမျက်စေ့ရှေ့မှာ မြင်နေရတာတွေကို ကျမယုံတောင်မယုံနိုင်အောင်ဖြစ်ရတယ်” ဟု သူမက ဆက်လက်ပြောကြားသည်။

ထရမ့်သည် ဘုရားကျောင်းတွင် မိနစ်ပိုင်းသာနေပြီး အိမ်ဖြူတော်သို့ ပြန်သွားခဲ့သည်။

“ကျနော်တို့နိုင်ငံဟာ ကမ္ဘာမှာ အကြီးကျယ်ဆုံးနိုင်ငံဖြစ်တယ်” ဟု ထရမ့် က ဘုရားကျောင်းပြင်ပတွင် ပြောသည်။

ဘုရားကျောင်းကို နောက်ခံအဖြစ် အသုံးချခြင်းအပြင် ထရမ့် က ဓါတ်ပုံရိုက်ခံစဉ် သမ္မာကျမ်းစာအုပ် ကိုင်ထားခြင်းကိုလည်း သူမကဝေဖန်သည်။

“ကျမရှင်းရှင်းပြောမယ်။သမ္မတဟာ ခရစ်ယာန်အစဉ်အလာက အမြင့်မြတ်ဆုံးဖြစ်တဲ့ ကျမ်းစာအုပ်ကိုလည်း ခွင့်ပြုချက်မရဘဲကိုင်ပြီး ဘုရားသခင်သင်ကြားချက်နဲ့ဆန့်ကျင်တဲ့ သတင်းစကားကိုပြောတယ်” ဟုလည်း သူမက ဆက်ပြောသည်။

“မြို့တော်ဝန်တွေ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ အကြမ်းဖက်မှုတွေငြိမ်သွားအောင် တရားဥပဒေစိုးမိုးမှု ထူထောင်ရမယ်။မြို့တစ်မြို့ ဒါမှမဟုတ် ပြည်နယ်တစ်ခုက ဒေသခံတွေရဲ့ အသက်အိုးအိမ်ကိုကာကွယ်ဖို့ လုပ်ဆောင်ဖို့ပျက်ကွက်ရင် စစ်တပ်ကိုချထားပြီး ပြဿနာကို အမြန်ဆုံးရှင်းရမယ်” ဟု ထရမ့် က ပြောသည်။

ဘုရားကျောင်းရှေ့သို့ ထရမ့် ရောက်လာခြင်းနှင့် နိုင်ငံတဝှမ်း ဆန္ဒပြပွဲများကိုတုံ့ပြန်ခြင်း နှစ်ခုစလုံးအားလက်မခံကြောင်းလည်း သူမကပြောသည်။

“ကျမ ပြောချင်တာကတော့ ဘာသာတရားယုံကြည်သူတွေအတွက် မြင့်မြတ်တဲ့သင်္ကေတတွေကို ကျမတို့ရပ်တည်ချက်နဲ့ ဆန့်ကျင်တဲ့စကားတွေ၊ အခုဖြစ်နေတဲ့ အကျပ်အတည်းနဲ့ပတ်သက်တဲ့ သဘောထားတွေ မျှတကြောင်းပြဖို့ညအလွဲသုံးစားလုပ်တဲ့ကိစ္စပဲ” ဟု သူမကပြောကြားခဲ့ပါတယ်။

Linko
Ref : CNN
ဝါရှင်တန်၊ ဇွန် - ၂

( Zawgyi )

ဘုရားသခင္၏ သင္ၾကားမႈမ်ားႏွင့္ဆန႔္က်င္သည့္ သတင္းစကားကို ျဖန္႔ခ်ီရန္အတြက္ သူမ၏ ဘုရားေက်ာင္းသို႔ ႀကိဳတင္အေၾကာင္းၾကားျခင္းမရွိဘဲ သမၼတထရမ့္ေရာက္လာေသာေၾကာင့္ လြန္စြာေဒါသထြက္ရေၾကာင္း Episcopal Diocese of Washington ဘုရားေက်ာင္းမွ ဂိုဏ္းခ်ဳပ္ Mariann Edgar Budde ေျပာသည္။

ထရမ့္သည္ အေမရိကန္သမၼတမ်ား ရာစုႏွစ္ႏွင့္ခ်ီဝတ္ျပဳေသာ ဘုရားေက်ာင္းျဖစ္သည့္ St. John's Episcopal Church သို႔ အိမ္ျဖဴေတာ္မွ လမ္းေလွ်ာက္သြားၿပီးေနာက္ သူမက ထိုသို႔ ျပင္းထန္စြာေဝဖန္လိုက္ျခင္းျဖစ္သည္။

ထရမ့္ ထိုဘုရားေက်ာင္းသို႔ သြားေရာက္ႏိုင္ရန္ အိမ္ျဖဴေတာ္ဂိတ္ေပါက္ဝမွ ၿငိမ္းခ်မ္းစြာဆႏၵျပသူမ်ားကို ရဲတပ္ဖြဲ႕က မ်က္ရည္ယိုဗုံးမ်ား၊ ရာဘာက်ည္ဆံမ်ားျဖင့္ လူစုခြဲေပးရသည္။

“က်မေဒါသထြက္တယ္။သူဘုရားေက်ာင္းကိုလာၿပီး ဝတ္ေတာင္မွမျပဳသြားဘူး။အခု ျပည္သူေတြခံစားေနရတဲ့ ျပင္းထန္တဲ့ေဝဒနာကိုေတာင္မွ ဝန္ခံအသိအမွတ္ျပဳမသြားဘူး” ဟု Budde က CNN သို႔ေျပာသည္။

“အထူးသျဖင့္ က်မႏိုင္ငံက အသားေရာင္ခြဲျခားခံရသူေတြရဲ႕ ေဝဒနာေတြကို သူအသိအမွတ္မျပဳဘူး။အာဏာရွိတဲ့သူေတြက သူတို႔ရဲ႕စကားေတြကို အသိအမွတ္ျပဳပါမလားလို႔ သိခ်င္ေနၾကတယ္။က်မတို႔ႏိုင္ငံက ႏွစ္ေပါင္း ၄၀၀ ရွိတဲ့ လူမ်ိဳးေရးခြဲျခားမႈနဲ႔ လူျဖဴႀကီးစိုးမႈကို အဆုံးသတ္ဖို႔ သူတို႔ေတာင္းဆိုေနၾကတယ္။ဘုရားသခင္နဲ႔ သူ႔ရဲ႕ေမတၱာလမ္းကိုေလွ်ာက္တဲ့ က်မတို႔ ဝါရွင္တန္ သာသနာ့နယ္ေျမကလူေတြဟာ ဒီသမၼတရဲ႕ ေဒါသစကားနဲ႔ မဆိုင္ဘူးဆိုတာ ကမာၻက သိေစခ်င္တယ္။က်မတို႔ေတြဟာ စြန႔္လႊတ္အနစ္နာခံတဲ့ေမတၱာနဲ႔ အၾကမ္းမဖက္တဲ့ဘဝကို ေလွ်ာက္လွမ္းသူရဲ႕ ေနာက္လိုက္ေတြျဖစ္တယ္” ဟုလည္း သူမက ဆက္လက္ေျပာၾကားသည္။

“က်မတို႔က ေဂ်ာ့ဖလြိဳက္ ေသဆုံးမႈအတြက္ တရားမွ်တမႈ ေတာင္းဆိုသူေတြနဲ႔ အျခားမေရတြက္ႏိုင္တဲ့သူေတြနဲ႔အတူ ရပ္တည္တယ္။က်မမ်က္ေစ့ေရွ႕မွာ ျမင္ေနရတာေတြကို က်မယုံေတာင္မယုံႏိုင္ေအာင္ျဖစ္ရတယ္” ဟု သူမက ဆက္လက္ေျပာၾကားသည္။

ထရမ့္သည္ ဘုရားေက်ာင္းတြင္ မိနစ္ပိုင္းသာေနၿပီး အိမ္ျဖဴေတာ္သို႔ ျပန္သြားခဲ့သည္။

“က်ေနာ္တို႔ႏိုင္ငံဟာ ကမာၻမွာ အႀကီးက်ယ္ဆုံးႏိုင္ငံျဖစ္တယ္” ဟု ထရမ့္ က ဘုရားေက်ာင္းျပင္ပတြင္ ေျပာသည္။

ဘုရားေက်ာင္းကို ေနာက္ခံအျဖစ္ အသုံးခ်ျခင္းအျပင္ ထရမ့္ က ဓါတ္ပုံ႐ိုက္ခံစဥ္ သမၼာက်မ္းစာအုပ္ ကိုင္ထားျခင္းကိုလည္း သူမကေဝဖန္သည္။

“က်မရွင္းရွင္းေျပာမယ္။သမၼတဟာ ခရစ္ယာန္အစဥ္အလာက အျမင့္ျမတ္ဆုံးျဖစ္တဲ့ က်မ္းစာအုပ္ကိုလည္း ခြင့္ျပဳခ်က္မရဘဲကိုင္ၿပီး ဘုရားသခင္သင္ၾကားခ်က္နဲ႔ဆန႔္က်င္တဲ့ သတင္းစကားကိုေျပာတယ္” ဟုလည္း သူမက ဆက္ေျပာသည္။

“ၿမိဳ႕ေတာ္ဝန္ေတြ အုပ္ခ်ဳပ္ေရးမႉးေတြအေနနဲ႔ အၾကမ္းဖက္မႈေတြၿငိမ္သြားေအာင္ တရားဥပေဒစိုးမိုးမႈ ထူေထာင္ရမယ္။ၿမိဳ႕တစ္ၿမိဳ႕ ဒါမွမဟုတ္ ျပည္နယ္တစ္ခုက ေဒသခံေတြရဲ႕ အသက္အိုးအိမ္ကိုကာကြယ္ဖို႔ လုပ္ေဆာင္ဖို႔ပ်က္ကြက္ရင္ စစ္တပ္ကိုခ်ထားၿပီး ျပႆနာကို အျမန္ဆုံးရွင္းရမယ္” ဟု ထရမ့္ က ေျပာသည္။

ဘုရားေက်ာင္းေရွ႕သို႔ ထရမ့္ ေရာက္လာျခင္းႏွင့္ ႏိုင္ငံတဝွမ္း ဆႏၵျပပြဲမ်ားကိုတုံ႔ျပန္ျခင္း ႏွစ္ခုစလုံးအားလက္မခံေၾကာင္းလည္း သူမကေျပာသည္။

“က်မ ေျပာခ်င္တာကေတာ့ ဘာသာတရားယုံၾကည္သူေတြအတြက္ ျမင့္ျမတ္တဲ့သေကၤတေတြကို က်မတို႔ရပ္တည္ခ်က္နဲ႔ ဆန႔္က်င္တဲ့စကားေတြ၊ အခုျဖစ္ေနတဲ့ အက်ပ္အတည္းနဲ႔ပတ္သက္တဲ့ သေဘာထားေတြ မွ်တေၾကာင္းျပဖို႔ညအလြဲသုံးစားလုပ္တဲ့ကိစၥပဲ” ဟု သူမကေျပာၾကားခဲ့ပါတယ္။

Linko
Ref : CNN
ဝါရွင္တန္၊ ဇြန္ - ၂