မက္ကဆီကို ပင်လယ်ကွေ့ကြမ်းပြင်၌ မိချောင်းခေါင်းတိုများကို စားသည့် သတ္တဝါမျိုးစိတ်သစ်များကို တွေ့ရှိ

မက္ကဆီကို ပင်လယ်ကွေ့ကြမ်းပြင်၌ မိချောင်းခေါင်းတိုများကို စားသည့် သတ္တဝါမျိုးစိတ်သစ်များကို တွေ့ရှိ

သုတေသနပညာရှင်များက မက္ကဆီကို ပင်လယ်ကွေ့၏ ရေအနက် တစ်မိုင်ခန့်သို့ မိချောင်းခေါင်းတို အသေ ၃ ကောင်အား ပစ်ထားခြင်းဖြင့် ၎င်းတို့အား စားသုံးသည့် ရေအောက်သတ္တဝါမျိုးစိတ်သစ်များကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီဇင်ဘာလအတွင်းက ထွက်ရှိခဲ့သည့် PLOS ONE သိပ္ပံဂျာနယ်တွင် အဆိုပါ မိချောင်းတိုများအား စားသုံးသည့် သတ္တဝါမျိုးစိတ်သစ်များကို ဖော်ပြထားသည့်အပြင် သမုဒ္ဒရာအတွင်း ကမ္ဘာ့မြေမျက်နှာပြင်၌ ကာဗွန်များ မည်ကဲ့သို့ အသစ်တစ်ဖန် ပြန်လည်ပေါ်ပေါက်ခြင်း အပါအဝင် ရေအောက်စားသောက်မှုနည်းလမ်းကို ရေးသားထားပါတယ်။

မိချောင်းခေါင်းတိုများကို တက္ကဆတ်ပြည်နယ်မှ တောင်ကယ်ရိုလိုင်းနားပြည်နယ် ကမ်းရိုးတန်းတစ်လျှောက်တွင် တွေ့ရတတ်ပြီး တစ်ခါတစ်ရံတွင် ရေငံပိုင်များတွင်လည်း ရှိတတ်ပြီး သေဆုံးသည့်အခါ သမုဒ္ဒရာရေပြင်အောက်ကို နစ်မြုပ်သွားပါတယ်။

လူစီယားနားပြည်နယ်တွင် အဆိုပါ မိချောင်းခေါင်းတိုများအား ကာကွယ်စောင့်ရှောက်ထားသောကြောင့် စမ်းသပ်မှုကို ပြုလုပ်သည့် ဒေါက်တာမက်ကလိန်း၏ အဖွဲ့အနေဖြင့် သေဆုံးသွားသည့် မိချောင်းခေါင်းတို ၃ ကောင်ကို အသုံးပြုခွင့်အား အာဏာပိုင်များထံမှ ခွင့်ပြုချက်တောင်းခံခဲ့ရပါတယ်။

သာမန်အားဖြင့် မိချောင်းခေါင်းတိုများ၏ အပေါ်ယံအရေပြားကို ထိုးဖောက်စားသောက်ရန် မလွယ်ကူသော်လည်း ဘောလုံးတစ်လုံးစာအရွယ်ရှိ အိုက်ဆိုပေါ့ခေါ် ရေအောက်သတ္တဝါများက တွယ်ကပ်စားသုံးခြင်းကို တွေ့ရပါတယ်။

၈ ရက်ခန့်အကြာတွင် အခြားမိချောင်းခေါင်းတို တစ်ကောင်အား မတွေ့ရသောကြောင့် နေရာမှား၍ ရှာဖွေသည်ဟု ထင်ခဲ့သော်လည်း ချည်ထားသည့် ကြိုးပြတ်ကာ အလေးချိန် ၄၅ ပေါင်ရှိ အဆိုပါသတ္တဝါကို  ပေ ၃၀ အကွာသို့ ဆွဲသွားသည့်ပုံစံဖြင့် တွေ့ခဲ့ရသဖြင့် အဆိုပါ ရေအနက်သို့ ရောက်နိုင်သည့် ငါးမန်းများကြောင့် ဖြစ်နိုင်ကြောင်း ကောက်ချက်ချခဲ့ပါတယ်။

တတိယ မိချောင်းခေါင်းတိုသည်  ချထားပြီး ၅၁ ရက်အကြာတွင် အသားများ လုံးဝမရှိတော့ဘဲ အရိုးများပေါ်တွင် Osedax  သားစား တီကောင်များကို တွေ့ခဲ့ရပါတယ်။အဆိုပါ တီကောင်များသည် ဝေလငါး အသေများ၏ အရိုးတွင်းတွေ့ရသည့် တီကောင်များနှင့်မတူဘဲ မက္ကဆီကို ပင်လယ်ကွေ့အတွင်း ပထမဆုံးတွေ့ရသည့် တီကောင်များဖြစ်ကြောင်း သုတေသနအဖွဲ့မှ ဒေါက်တာမက်ကလိန်း က ပြောပါတယ်။

ယင်းတီကောင်မျိုးစိတ်နှင့် ပတ်သက်၍လည်း သုတေသနများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောကြားပါတယ်။

Linko
Ref : The Globe and Mail
မက္ကဆီကို၊ ဇန်နဝါရီ - ၂၁

( Zawgyi )

သုေတသနပညာရွင္မ်ားက မကၠဆီကို ပင္လယ္ေကြ႕၏ ေရအနက္ တစ္မိုင္ခန႔္သို႔ မိေခ်ာင္းေခါင္းတို အေသ ၃ ေကာင္အား ပစ္ထားျခင္းျဖင့္ ၎တို႔အား စားသုံးသည့္ ေရေအာက္သတၱဝါမ်ိဳးစိတ္သစ္မ်ားကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

ဒီဇင္ဘာလအတြင္းက ထြက္ရွိခဲ့သည့္ PLOS ONE သိပၸံဂ်ာနယ္တြင္ အဆိုပါ မိေခ်ာင္းတိုမ်ားအား စားသုံးသည့္ သတၱဝါမ်ိဳးစိတ္သစ္မ်ားကို ေဖာ္ျပထားသည့္အျပင္ သမုဒၵရာအတြင္း ကမာၻ႔ေျမမ်က္ႏွာျပင္၌ ကာဗြန္မ်ား မည္ကဲ့သို႔ အသစ္တစ္ဖန္ ျပန္လည္ေပၚေပါက္ျခင္း အပါအဝင္ ေရေအာက္စားေသာက္မႈနည္းလမ္းကို ေရးသားထားပါတယ္။

မိေခ်ာင္းေခါင္းတိုမ်ားကို တကၠဆတ္ျပည္နယ္မွ ေတာင္ကယ္႐ိုလိုင္းနားျပည္နယ္ ကမ္း႐ိုးတန္းတစ္ေလွ်ာက္တြင္ ေတြ႕ရတတ္ၿပီး တစ္ခါတစ္ရံတြင္ ေရငံပိုင္မ်ားတြင္လည္း ရွိတတ္ၿပီး ေသဆုံးသည့္အခါ သမုဒၵရာေရျပင္ေအာက္ကို နစ္ျမဳပ္သြားပါတယ္။

လူစီယားနားျပည္နယ္တြင္ အဆိုပါ မိေခ်ာင္းေခါင္းတိုမ်ားအား ကာကြယ္ေစာင့္ေရွာက္ထားေသာေၾကာင့္ စမ္းသပ္မႈကို ျပဳလုပ္သည့္ ေဒါက္တာမက္ကလိန္း၏ အဖြဲ႕အေနျဖင့္ ေသဆုံးသြားသည့္ မိေခ်ာင္းေခါင္းတို ၃ ေကာင္ကို အသုံးျပဳခြင့္အား အာဏာပိုင္မ်ားထံမွ ခြင့္ျပဳခ်က္ေတာင္းခံခဲ့ရပါတယ္။

သာမန္အားျဖင့္ မိေခ်ာင္းေခါင္းတိုမ်ား၏ အေပၚယံအေရျပားကို ထိုးေဖာက္စားေသာက္ရန္ မလြယ္ကူေသာ္လည္း ေဘာလုံးတစ္လုံးစာအ႐ြယ္ရွိ အိုက္ဆိုေပါ့ေခၚ ေရေအာက္သတၱဝါမ်ားက တြယ္ကပ္စားသုံးျခင္းကို ေတြ႕ရပါတယ္။

၈ ရက္ခန႔္အၾကာတြင္ အျခားမိေခ်ာင္းေခါင္းတို တစ္ေကာင္အား မေတြ႕ရေသာေၾကာင့္ ေနရာမွား၍ ရွာေဖြသည္ဟု ထင္ခဲ့ေသာ္လည္း ခ်ည္ထားသည့္ ႀကိဳးျပတ္ကာ အေလးခ်ိန္ ၄၅ ေပါင္ရွိ အဆိုပါသတၱဝါကို  ေပ ၃၀ အကြာသို႔ ဆြဲသြားသည့္ပုံစံျဖင့္ ေတြ႕ခဲ့ရသျဖင့္ အဆိုပါ ေရအနက္သို႔ ေရာက္ႏိုင္သည့္ ငါးမန္းမ်ားေၾကာင့္ ျဖစ္ႏိုင္ေၾကာင္း ေကာက္ခ်က္ခ်ခဲ့ပါတယ္။

တတိယ မိေခ်ာင္းေခါင္းတိုသည္  ခ်ထားၿပီး ၅၁ ရက္အၾကာတြင္ အသားမ်ား လုံးဝမရွိေတာ့ဘဲ အ႐ိုးမ်ားေပၚတြင္ Osedax  သားစား တီေကာင္မ်ားကို ေတြ႕ခဲ့ရပါတယ္။အဆိုပါ တီေကာင္မ်ားသည္ ေဝလငါး အေသမ်ား၏ အ႐ိုးတြင္းေတြ႕ရသည့္ တီေကာင္မ်ားႏွင့္မတူဘဲ မကၠဆီကို ပင္လယ္ေကြ႕အတြင္း ပထမဆုံးေတြ႕ရသည့္ တီေကာင္မ်ားျဖစ္ေၾကာင္း သုေတသနအဖြဲ႕မွ ေဒါက္တာမက္ကလိန္း က ေျပာပါတယ္။

ယင္းတီေကာင္မ်ိဳးစိတ္ႏွင့္ ပတ္သက္၍လည္း သုေတသနမ်ား ဆက္လက္လုပ္ေဆာင္သြားမည္ဟု ၎က ေျပာၾကားပါတယ္။

Linko
Ref : The Globe and Mail
မကၠဆီကို၊ ဇန္နဝါရီ - ၂၁