မက္ကဆီကို မူးယစ်ရာဇာ El Chapo နေတဲ့ မြို့မှာ သေနတ်သမားတွေက ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခိုက်

မက္ကဆီကို မူးယစ်ရာဇာ El Chapo နေတဲ့ မြို့မှာ သေနတ်သမားတွေက ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခိုက်

ဖမ်းဆီးခံ မက္ကဆီကို မူးယစ်ရာဇာ El Chapo နေတဲ့ မက္ကဆီကို၊ Sinaloa ပြည်နယ် Culiacan မြို့မှာ မနေ့က သေနတ်သမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ခဲ့ပြီး၊ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူ အရေအတွက် တိတိကျကျ ထုတ်ပြန်တာတော့ မရှိပါဘူး။အဲဒီပစ်ခတ်မှုကြောင့် လမ်းပေါ်မှာ မီးလောင်ယာဉ်တွေ ပြန့်ကျဲနေသလို၊ ဒေသခံတွေက အကာအကွယ်ယူ ပုန်းအောင်းတဲ့ မြင်ကွင်းတွေလည်း တွေ့မြင်ရပါတယ်။

မက္ကဆီကို ရုပ်သံတစ်ခုကလွှင့်တဲ့ ဓာတ်ပုံတွေမှာ သေနတ်သမားတွေက ရဲတပ်ဖွဲ့ဝင်တွေကို အကြီးစားစက်သေနတ်တွေနဲ့ ပစ်ခတ်နေတာ တွေ့ရပါတယ်။ El Chapo ရဲ့ သားဖြစ်သူ Ovidio Gunzman ကို ဖမ်းဆီးရာကနေ သေနတ်သမားတွေနဲ့ ရဲတပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ခဲ့တာပါ။ Ovidio ဟာ ၂၀၁၇ ခုနှစ် ဖခင်ဖြစ်သူ အမေရိကန်ကို လွှဲအပ်ခံရပြီးနောက်ပိုင်း မူးယစ်ဂိုဏ်းထိန်းချုပ်သူတစ်ဦး ဖြစ်လာခဲ့ပါတယ်။ El Chapo ရဲ့ သားတစ်ဦး အသတ်ခံရလို့ သေပြီဆိုတဲ့ သတင်းတွေလည်း ရှိနေပေမဲ့ အာဏာပိုင်တွေဘက်ကတော့ အတည်ပြုတာနဲ့ ငြင်းဆိုတာမျိုး မရှိသေးပါဘူး။

သမ္မတ Andres Manuel Lopez Obrador ကတော့ လုံခြုံရေးဆိုင်ရာ ဝန်ကြီးအဖွဲ့အစည်းအဝေး ကျင်းပမယ်လို့ပြောပြီး၊ နောက်ပိုင်း အသေးစိတ်ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၇ ရက် Culiacan မြို့ ပစ်ခတ်မှု ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်မှာ အဲဒီမြို့ရဲ့ Aguaruto အကျဉ်းထောင်က အကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေး သတင်းရပ်ကွက်က ပြောပါတယ်။

အောက်တိုဘာ ၁၇ နေ့လယ်မှာ ပြည်နယ်အစိုးရရှေ့နေရုံးအနီးမှာ ထရပ်ကားတွေနဲ့လာတဲ့ မျက်နှာဖုံးစွပ် သေနတ်သမားတွေက ရဲတွေကို စတင်ပစ်ခတ်ခဲ့တာပါ။အဲဒီနောက် မြို့ရဲ့ အခြားနေရာတွေအထိ ပစ်ခတ်မှုပျံ့နှံ့ခဲ့ပါတယ်။သေနတ်သမားတွေက လမ်းတွေနဲ့ အဝေးပြေးလမ်းတွေကို ပိတ်ထားတာကြောင့် တစ်မြို့လုံး ရှေ့မတိုးနောက်မဆုတ် အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ပြည်နယ်အစိုးရက ဒေသပြန်လည်တည်ငြိမ်အေးချမ်းရေးအတွက် လုပ်ဆောင်နေတယ်လို့ ကြေညာထားပြီး၊ ပစ်ခတ်မှုဖြစ်တဲ့ ဒေသအနီးတဝိုက် နေသူတွေကို လမ်းပေါ်မထွက်ဖို့ သတိပေးထားပါတယ်။

ရည်မွန်
မက္ကစီကိုစီးတီး၊ အောက်တိုဘာ - ၁၈
Ref : AFP

( Zawgyi )

ဖမ္းဆီးခံ မကၠဆီကို မူးယစ္ရာဇာ El Chapo ေနတဲ့ မကၠဆီကို၊ Sinaloa ျပည္နယ္ Culiacan ၿမိဳ႕မွာ မေန႔က ေသနတ္သမားေတြနဲ႔ လုံၿခဳံေရးတပ္ဖြဲ႕အၾကား ပစ္ခတ္မႈျဖစ္ခဲ့ၿပီး၊ ရဲတပ္ဖြဲ႕ဝင္ေတြ ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ သတင္းေတြက ဆိုပါတယ္။

ထိခိုက္ဒဏ္ရာရသူ အေရအတြက္ တိတိက်က် ထုတ္ျပန္တာေတာ့ မရွိပါဘူး။အဲဒီပစ္ခတ္မႈေၾကာင့္ လမ္းေပၚမွာ မီးေလာင္ယာဥ္ေတြ ျပန္႔က်ဲေနသလို၊ ေဒသခံေတြက အကာအကြယ္ယူ ပုန္းေအာင္းတဲ့ ျမင္ကြင္းေတြလည္း ေတြ႕ျမင္ရပါတယ္။

မကၠဆီကို ႐ုပ္သံတစ္ခုကလႊင့္တဲ့ ဓာတ္ပုံေတြမွာ ေသနတ္သမားေတြက ရဲတပ္ဖြဲ႕ဝင္ေတြကို အႀကီးစားစက္ေသနတ္ေတြနဲ႔ ပစ္ခတ္ေနတာ ေတြ႕ရပါတယ္။ El Chapo ရဲ႕ သားျဖစ္သူ Ovidio Gunzman ကို ဖမ္းဆီးရာကေန ေသနတ္သမားေတြနဲ႔ ရဲတပ္ဖြဲ႕အၾကား ပစ္ခတ္မႈျဖစ္ခဲ့တာပါ။ Ovidio ဟာ ၂၀၁၇ ခုႏွစ္ ဖခင္ျဖစ္သူ အေမရိကန္ကို လႊဲအပ္ခံရၿပီးေနာက္ပိုင္း မူးယစ္ဂိုဏ္းထိန္းခ်ဳပ္သူတစ္ဦး ျဖစ္လာခဲ့ပါတယ္။ El Chapo ရဲ႕ သားတစ္ဦး အသတ္ခံရလို႔ ေသၿပီဆိုတဲ့ သတင္းေတြလည္း ရွိေနေပမဲ့ အာဏာပိုင္ေတြဘက္ကေတာ့ အတည္ျပဳတာနဲ႔ ျငင္းဆိုတာမ်ိဳး မရွိေသးပါဘူး။

သမၼတ Andres Manuel Lopez Obrador ကေတာ့ လုံၿခဳံေရးဆိုင္ရာ ဝန္ႀကီးအဖြဲ႕အစည္းအေဝး က်င္းပမယ္လို႔ေျပာၿပီး၊ ေနာက္ပိုင္း အေသးစိတ္ထုတ္ျပန္မယ္လို႔ ဆိုပါတယ္။

ေအာက္တိုဘာ ၁၇ ရက္ Culiacan ၿမိဳ႕ ပစ္ခတ္မႈ ႐ုန္းရင္းဆန္ခတ္ျဖစ္ေနစဥ္မွာ အဲဒီၿမိဳ႕ရဲ႕ Aguaruto အက်ဥ္းေထာင္က အက်ဥ္းသားေတြ ထြက္ေျပးလြတ္ေျမာက္ခဲ့တယ္လို႔ ျပည္နယ္အုပ္ခ်ဳပ္ေရး သတင္းရပ္ကြက္က ေျပာပါတယ္။

ေအာက္တိုဘာ ၁၇ ေန႔လယ္မွာ ျပည္နယ္အစိုးရေရွ႕ေန႐ုံးအနီးမွာ ထရပ္ကားေတြနဲ႔လာတဲ့ မ်က္ႏွာဖုံးစြပ္ ေသနတ္သမားေတြက ရဲေတြကို စတင္ပစ္ခတ္ခဲ့တာပါ။အဲဒီေနာက္ ၿမိဳ႕ရဲ႕ အျခားေနရာေတြအထိ ပစ္ခတ္မႈပ်ံ႕ႏွံ႔ခဲ့ပါတယ္။ေသနတ္သမားေတြက လမ္းေတြနဲ႔ အေဝးေျပးလမ္းေတြကို ပိတ္ထားတာေၾကာင့္ တစ္ၿမိဳ႕လုံး ေရွ႕မတိုးေနာက္မဆုတ္ အေျခအေနနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

ျပည္နယ္အစိုးရက ေဒသျပန္လည္တည္ၿငိမ္ေအးခ်မ္းေရးအတြက္ လုပ္ေဆာင္ေနတယ္လို႔ ေၾကညာထားၿပီး၊ ပစ္ခတ္မႈျဖစ္တဲ့ ေဒသအနီးတဝိုက္ ေနသူေတြကို လမ္းေပၚမထြက္ဖို႔ သတိေပးထားပါတယ္။

ရည္မြန္
မကၠစီကိုစီးတီး၊ ေအာက္တိုဘာ - ၁၈
Ref : AFP