မင်ဒါနာအိုငလျင်ကြောင့် ခုနှစ်ဦးသေဆု့းခဲ့ကာ လူ ၈၀၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့

မင်ဒါနာအိုငလျင်ကြောင့် ခုနှစ်ဦးသေဆု့းခဲ့ကာ လူ ၈၀၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့

ဖိလစ်ပိုင်နိုင်ငံ၊ မင်ဒါနာအိုတွင် အောက်တိုဘာ ၂၉ ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းအား ၆.၆ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့မှု၏ နောက်ဆုံး အခြေအနေကို  အမျိုးသားသဘာဝဘေးအန္တရာယ် လျော့ပါးရေးနှင့်စီမံခန့် ခွဲမှုကောင်စီ (NDRRMC) က အောက်တိုဘာ ၃၀ ရက်က ထုတ်ပြန်ခဲ့ရာမှာ မိသားစုပေါင်း ၁,၆၈၁ စု (သို့မဟုတ်) လူပေါင်း ၈,၄၀၂ ဦးအိုးမဲအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့နံနက် ၆ နာရီက ထုတ်ပြန်သည့် NDRRMC ထုတ်ပြန်ချက်မှာတော့ ကီဒါပါဝမ်၊ မလမ်နဲ့ တူလူ နမ် တို့မှာ လည်းခံစားခဲ့ရတယ်ဆိုကာ ငလျင်ရိုက်ခတ်မှုဗဟိုချက်မှာ ကိုတာဘာတို ဖြစ်တယ်လို့ ဆိုပါတယ်။ကယ်ဆယ်ရေးစခန်း များ တွင် ငလျင်ထိခိုက်ခံစားရသူ ၃၅၀၅ ဦးကို နေရာချထားပြီး ကယ်ဆယ်ရေးစခန်းပြင်ပမှာ လည်းနေရာချထားရမှုတွေရှိတယ်လို့ ဆိုပါတယ်။

အေဂျင်စီက ငလျင်ဒဏ်သင့်မိသားစု သုံးသိန်းကျော်အတွက် အစားအစာနဲ့ ထောက်ပံ့ရေးပစ္စည်း အလုံအလောက် ရှိတယ်လို့ ဆိုပါတယ်။ ငလျင်လှုပ်ခတ်ခြင်းကြောင့် ဖြစ်ခဲ့တဲ့ ထိတ်လန့်တုန်လှုပ်ခြင်းကြောင့် နှလုံးရောဂါနှင့် သွေး တိုးရောဂါရှိသူ အသက် ၃၆ နှစ်အရွယ် ဂျာမီးဆာနိုနဲ့ ၇၄ နှစ်အရွယ် ဂျိုစီလူတာရီဂီဒေါတို့နှစ်ဦး သေဆုံးခဲ့ရတယ် လို့ ဒါဗာအို ရဲတပ်ဖွဲ့မှူးဗိုလ်မှူးကြီး အဲလ်ဘတ်တို လူပက်ဇ်ကဆိုပါတယ်။ဒါအပြင် မာဂါဆေဆေရှိ ဘာရန်ဂေတာဂေတေမြို့ခံ ဘာနီတာဆာဘန်မှာ မြေပြိုကျမှုကြောင့် သေဆုံးခဲ့ရတယ် ဆိုပါတယ်။

NDRRMC ထုတ်ပြန်ချက်မှာတော့ ငလျင်ဗဟိုချက်အနီး ဘာရန်ဂေတာဂေတေမြို့မှာမြေပြိုမှုကြောင့် လူနှစ်ဦးပျောက်ဆုံးနေပြီး ရဲတပ်ဖွဲ့ ကပျောက်ဆုံး သူနှစ်ဦးမှာ ဂီးလ်ဘတ်စူပါလေးနှင့်မီဂီအက်တစ်တို့ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ငလျင်ကြောင့် လူပေါင်း ၃၉၄ ဦး ထိခိုက်ခဲ့ကာ အများစုမှာ ငလျင်ဗဟိုချက် ကိုတာဘာတိုမှ ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ဆုံးရတဲ့ သတင်းအရ သေဆုံးသူ ၇ ဦးထိရှိ လာပြီဖြစ်ပါတယ်။

Linko
Ref: rappler.com
ဒါဗင်အို၊ အောက်တိုဘာ ၃၀

(  Zawgyi  )

 ဖိလစ္ပိုင္ႏိုင္ငံ၊ မင္ဒါနာအိုတြင္ ေအာက္တိုဘာ ၂၉ ရက္က လႈပ္ခတ္ခဲ့သည့္ ျပင္းအား ၆.၆ အဆင့္ရွိ ငလ်င္တစ္ခုလႈပ္ခတ္ခဲ့မႈ၏ ေနာက္ဆုံး အေျခအေနကို  အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ ေလ်ာ့ပါးေရးႏွင့္စီမံခန႔္ ခြဲမႈေကာင္စီ (NDRRMC) က ေအာက္တိုဘာ ၃၀ ရက္က ထုတ္ျပန္ခဲ့ရာမွာ မိသားစုေပါင္း ၁,၆၈၁ စု (သို႔မဟုတ္) လူေပါင္း ၈,၄၀၂ ဦးအိုးမဲအိမ္မဲ့ ျဖစ္ခဲ့ရတယ္လို႔ ဆိုပါတယ္။

ဗုဒၶဟူးေန႔နံနက္ ၆ နာရီက ထုတ္ျပန္သည့္ NDRRMC ထုတ္ျပန္ခ်က္မွာေတာ့ ကီဒါပါဝမ္၊ မလမ္နဲ႔ တူလူ နမ္ တို႔မွာ လည္းခံစားခဲ့ရတယ္ဆိုကာ ငလ်င္႐ိုက္ခတ္မႈဗဟိုခ်က္မွာ ကိုတာဘာတို ျဖစ္တယ္လို႔ ဆိုပါတယ္။ကယ္ဆယ္ေရးစခန္း မ်ား တြင္ ငလ်င္ထိခိုက္ခံစားရသူ ၃၅၀၅ ဦးကို ေနရာခ်ထားၿပီး ကယ္ဆယ္ေရးစခန္းျပင္ပမွာ လည္းေနရာခ်ထားရမႈေတြရွိတယ္လို႔ ဆိုပါတယ္။

ေအဂ်င္စီက ငလ်င္ဒဏ္သင့္မိသားစု သုံးသိန္းေက်ာ္အတြက္ အစားအစာနဲ႔ ေထာက္ပံ့ေရးပစၥည္း အလုံအေလာက္ ရွိတယ္လို႔ ဆိုပါတယ္။ ငလ်င္လႈပ္ခတ္ျခင္းေၾကာင့္ ျဖစ္ခဲ့တဲ့ ထိတ္လန႔္တုန္လႈပ္ျခင္းေၾကာင့္ ႏွလုံးေရာဂါႏွင့္ ေသြး တိုးေရာဂါရွိသူ အသက္ ၃၆ ႏွစ္အ႐ြယ္ ဂ်ာမီးဆာႏိုနဲ႔ ၇၄ ႏွစ္အ႐ြယ္ ဂ်ိဳစီလူတာရီဂီေဒါတို႔ႏွစ္ဦး ေသဆုံးခဲ့ရတယ္ လို႔ ဒါဗာအို ရဲတပ္ဖြဲ႕မႉးဗိုလ္မႉးႀကီး အဲလ္ဘတ္တို လူပက္ဇ္ကဆိုပါတယ္။ဒါအျပင္ မာဂါေဆေဆရွိ ဘာရန္ေဂတာေဂေတၿမိဳ႕ခံ ဘာနီတာဆာဘန္မွာ ေျမၿပိဳက်မႈေၾကာင့္ ေသဆုံးခဲ့ရတယ္ ဆိုပါတယ္။

NDRRMC ထုတ္ျပန္ခ်က္မွာေတာ့ ငလ်င္ဗဟိုခ်က္အနီး ဘာရန္ေဂတာေဂေတၿမိဳ႕မွာေျမၿပိဳမႈေၾကာင့္ လူႏွစ္ဦးေပ်ာက္ဆုံးေနၿပီး ရဲတပ္ဖြဲ႕ ကေပ်ာက္ဆုံး သူႏွစ္ဦးမွာ ဂီးလ္ဘတ္စူပါေလးႏွင့္မီဂီအက္တစ္တို႔ျဖစ္တယ္လို႔ အတည္ျပဳခဲ့ပါတယ္။ ငလ်င္ေၾကာင့္ လူေပါင္း ၃၉၄ ဦး ထိခိုက္ခဲ့ကာ အမ်ားစုမွာ ငလ်င္ဗဟိုခ်က္ ကိုတာဘာတိုမွ ျဖစ္တယ္လို႔ ဆိုပါတယ္။ ေနာက္ဆုံးရတဲ့ သတင္းအရ ေသဆုံးသူ ၇ ဦးထိရွိ လာၿပီျဖစ္ပါတယ္။

Linko
Ref: rappler.com
ဒါဗင္အို၊ ေအာက္တိုဘာ ၃၀