မန်နေဂျာကို မကျေနပ်လို့ ဝန်ထမ်းက ပစ်သတ်မှု မစ္စစ္စပီပြည်နယ် Walmart ဆိုင်ခွဲတွင် ဖြစ်ပွား

မန်နေဂျာကို မကျေနပ်လို့  ဝန်ထမ်းက ပစ်သတ်မှု မစ္စစ္စပီပြည်နယ် Walmart ဆိုင်ခွဲတွင် ဖြစ်ပွား

အမေရိကန်ပြည်ထောင်စု၊ မစ္စစ္စပီပြည်နယ် မြောက်ပိုင်း Southaven မြို့က Walmart ဆိုင်ခွဲတစ်ခုမှာ ဇူလိုင်လ ၃၀ ရက် နံနက်က ပစ်ခတ်မှုဖြစ်ခဲ့လို့ လူ ၂ ဦးသေ၊ ၂ ဦး ဒဏ်ရာရရှိပါတယ်။

သေနတ်သမားဟာ ဆိုင်ဝန်ထမ်းတစ်ဦးဖြစ်ပြီး၊ အလုပ်ရှင်ကို မကျေနပ်လို့ အခုလိုပစ်ခတ်ခဲ့တာလို့လည်း ဆိုပါတယ်။

အသက် ၃၉နှစ်အရွယ် အဲဒီဒေသမှာနေတဲ့ Martez Tarrell Abram ဆိုသူ သေနတ်သမားက လုပ်ဖော်ကိုင်ဖက်နှစ်ဦးကို အသေပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။အခင်းဖြစ်ချိန်က မနက် ၆ နာရီ ၃၀ မိနစ် ဝန်းကျင်ဖြစ်ပြီး၊ အဲဒီနေရာကို ရဲတွေအမြောက်အများ ရောက်ရှိလာပါတယ်။ပစ်ခတ်မှုဖြစ်ပြီး မနက်မှာပဲ ရဲတွေက သေနတ်သမားကို ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ဆိုင်ဝန်ထမ်းတွေကို မပစ်ခတ်ခင် ရဲတစ်ဦး ပစ်ခတ်ခံခဲ့ရပေမဲ့ ကျည်ကာအင်္ကျီ ဝတ်ထားတာကြောင့် အသေးစားဒဏ်ရာလောက်ပဲ ရခဲ့တယ်လို့ ဆိုပါတယ်။သေနတ်နဲ့ပစ်သတ်ခံရသူ ၂ ဦးစလုံးက Walmart ဝန်ထမ်းတွေဖြစ်ပြီး၊ ဆိုင်မန်နေဂျာနဲ့ ဝန်ထမ်းတစ်ဦး သေဆုံးခဲ့တာ ဖြစ်တယ်လို့ မြို့တော်ဝန်က အတည်ပြုပြောပါတယ်။

သေနတ်သမား Abram ဟာ Walmart ဆိုင်ဝန်ထမ်းတစ်ဦးဖြစ်ပြီး၊ လုပ်ဖော်ကိုင်ဖက်တစ်ဦးကို ဓားထုတ်ခြိမ်းခြောက်ခဲ့လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သူ့ကို အလုပ်ကနေ ခဏနားထားတာပါ။သူ့ရဲ့ပုံစံကလည်း အလုပ်ရှင်ကို မကျေမနပ်ပုံစံ ပေါက်နေတယ်လို့ ဆိုပါတယ်။အသက် ၄၀ အရွယ် ဆိုင်မန်နေဂျာ သေဆုံးနေပုံက မြင်မကောင်းဘူးလို့လည်း ဆိုင်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

သေနတ်သမားနေတဲ့ တိုက်ခန်းကို ရှာဖွေရာမှာ သေနတ်တွေတွေ့ခဲ့ပြီး၊ အဲဒီသေနတ်တွေက တရားဝင်ဝယ်ထားတဲ့ သေနတ်တွေလို့ ပြောပါတယ်။ဒီအမှုမဖြစ်ခင် အရင်က ပြစ်မှုမှတ်တမ်း ရှိမထားဘူးလို့လည်း သိရပါတယ်။သေနတ်သမားကိုတော့ ဆေးရုံမှာ ခွဲစိတ်ကုသမှု လုပ်ပေးနေတယ်လို့ သိရပါတယ်။

အခင်းဖြစ်ချိန် အဲဒီဆိုင်ခွဲမှာ ဝန်ထမ်း ၆၀ ခန့် အလုပ်လုပ်နေပါတယ်။ရဲတွေက သူတို့ကို ခေါ်ယူစစ်ဆေးတာတွေ လုပ်နေပါတယ်။

Walmart စီအီးအို Greg Foran ကတော့ ‘ဝန်ထမ်းကောင်း ၂ ဦး လက်လွှတ်ဆုံးရှုံးရတဲ့အတွက် Walmart မိသားစုတစ်ခုလုံး စိတ်ထိခိုက်ရတယ်’ လို့ ဝမ်းနည်းစကားဆိုခဲ့ပြီး၊ တရားခံဖမ်းမိတဲ့အတွက် စိတ်သက်သာရတယ်ဆိုတာနဲ့ ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးမှုတွေလုပ်မှာဖြစ်သလို၊ ဝန်ထမ်းတွေကိုလည်း ဆက်လက်ပံ့ပိုးပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

ရည်မွန်
Ref : AP
မစ္စစ္စပီ၊ ဇူလိုင် - ၃၁

( Zawgyi )

အေမရိကန္ျပည္ေထာင္စု၊ မစၥစၥပီျပည္နယ္ ေျမာက္ပိုင္း Southaven ၿမိဳ႕က Walmart ဆိုင္ခြဲတစ္ခုမွာ ဇူလိုင္လ ၃၀ ရက္ နံနက္က ပစ္ခတ္မႈျဖစ္ခဲ့လို႔ လူ ၂ ဦးေသ၊ ၂ ဦး ဒဏ္ရာရရွိပါတယ္။

ေသနတ္သမားဟာ ဆိုင္ဝန္ထမ္းတစ္ဦးျဖစ္ၿပီး၊ အလုပ္ရွင္ကို မေက်နပ္လို႔ အခုလိုပစ္ခတ္ခဲ့တာလို႔လည္း ဆိုပါတယ္။

အသက္ ၃၉ႏွစ္အ႐ြယ္ အဲဒီေဒသမွာေနတဲ့ Martez Tarrell Abram ဆိုသူ ေသနတ္သမားက လုပ္ေဖာ္ကိုင္ဖက္ႏွစ္ဦးကို အေသပစ္သတ္ခဲ့တာ ျဖစ္ပါတယ္။အခင္းျဖစ္ခ်ိန္က မနက္ ၆ နာရီ ၃၀ မိနစ္ ဝန္းက်င္ျဖစ္ၿပီး၊ အဲဒီေနရာကို ရဲေတြအေျမာက္အမ်ား ေရာက္ရွိလာပါတယ္။ပစ္ခတ္မႈျဖစ္ၿပီး မနက္မွာပဲ ရဲေတြက ေသနတ္သမားကို ပစ္ခတ္ဖမ္းဆီးႏိုင္ခဲ့ပါတယ္။ဆိုင္ဝန္ထမ္းေတြကို မပစ္ခတ္ခင္ ရဲတစ္ဦး ပစ္ခတ္ခံခဲ့ရေပမဲ့ က်ည္ကာအက်ႌ ဝတ္ထားတာေၾကာင့္ အေသးစားဒဏ္ရာေလာက္ပဲ ရခဲ့တယ္လို႔ ဆိုပါတယ္။ေသနတ္နဲ႔ပစ္သတ္ခံရသူ ၂ ဦးစလုံးက Walmart ဝန္ထမ္းေတြျဖစ္ၿပီး၊ ဆိုင္မန္ေနဂ်ာနဲ႔ ဝန္ထမ္းတစ္ဦး ေသဆုံးခဲ့တာ ျဖစ္တယ္လို႔ ၿမိဳ႕ေတာ္ဝန္က အတည္ျပဳေျပာပါတယ္။

ေသနတ္သမား Abram ဟာ Walmart ဆိုင္ဝန္ထမ္းတစ္ဦးျဖစ္ၿပီး၊ လုပ္ေဖာ္ကိုင္ဖက္တစ္ဦးကို ဓားထုတ္ၿခိမ္းေျခာက္ခဲ့လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ သူ႔ကို အလုပ္ကေန ခဏနားထားတာပါ။သူ႔ရဲ႕ပုံစံကလည္း အလုပ္ရွင္ကို မေက်မနပ္ပုံစံ ေပါက္ေနတယ္လို႔ ဆိုပါတယ္။အသက္ ၄၀ အ႐ြယ္ ဆိုင္မန္ေနဂ်ာ ေသဆုံးေနပုံက ျမင္မေကာင္းဘူးလို႔လည္း ဆိုင္ဝန္ထမ္းတစ္ဦးက ေျပာပါတယ္။

ေသနတ္သမားေနတဲ့ တိုက္ခန္းကို ရွာေဖြရာမွာ ေသနတ္ေတြေတြ႕ခဲ့ၿပီး၊ အဲဒီေသနတ္ေတြက တရားဝင္ဝယ္ထားတဲ့ ေသနတ္ေတြလို႔ ေျပာပါတယ္။ဒီအမႈမျဖစ္ခင္ အရင္က ျပစ္မႈမွတ္တမ္း ရွိမထားဘူးလို႔လည္း သိရပါတယ္။ေသနတ္သမားကိုေတာ့ ေဆး႐ုံမွာ ခြဲစိတ္ကုသမႈ လုပ္ေပးေနတယ္လို႔ သိရပါတယ္။

အခင္းျဖစ္ခ်ိန္ အဲဒီဆိုင္ခြဲမွာ ဝန္ထမ္း ၆၀ ခန႔္ အလုပ္လုပ္ေနပါတယ္။ရဲေတြက သူတို႔ကို ေခၚယူစစ္ေဆးတာေတြ လုပ္ေနပါတယ္။

Walmart စီအီးအို Greg Foran ကေတာ့ ‘ဝန္ထမ္းေကာင္း ၂ ဦး လက္လႊတ္ဆုံးရႈံးရတဲ့အတြက္ Walmart မိသားစုတစ္ခုလုံး စိတ္ထိခိုက္ရတယ္’ လို႔ ဝမ္းနည္းစကားဆိုခဲ့ၿပီး၊ တရားခံဖမ္းမိတဲ့အတြက္ စိတ္သက္သာရတယ္ဆိုတာနဲ႔ ဥပေဒနဲ႔အညီ စုံစမ္းစစ္ေဆးမႈေတြလုပ္မွာျဖစ္သလို၊ ဝန္ထမ္းေတြကိုလည္း ဆက္လက္ပံ့ပိုးေပးမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ရည္မြန္
Ref : AP
မစၥစၥပီ၊ ဇူလိုင္ - ၃၁