မာဒီးရီးယားကျွန်းတွင် ခရီးသည်တင်ဘတ်စ်ကား တိမ်းမှောက်သဖြင့် ဂျာမန်ခရီးသွား ၂၉ ဦးသေဆုံး

မာဒီးရီးယားကျွန်းတွင် ခရီးသည်တင်ဘတ်စ်ကား တိမ်းမှောက်သဖြင့် ဂျာမန်ခရီးသွား ၂၉ ဦးသေဆုံး

အနောက်မြောက်အာဖရိက ရှိ ပေါ်တူဂီပိုင် မာဒီးရီးယားကျွန်းမှာ ဂျာမန်ကမ္ဘာလှည့်ခရီးသည်များ တင်ဆောင် လာသည့် ဘတ်စ်ကားတစ်စီး တောင်စောင်းအတိုင်းမောင်းနှင်လာစဉ် လမ်းချော်ကာ ကားလမ်း အောက်ဘက်ရှိ အိမ်ပေါ်မှာ ချော်ကျခဲ့သဖြင့် ကားတိမ်းမှောက်ကာ ကားပေါ်ပါ ဂျာမန်ခရီးသည်များအနက် ၂၉ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒရုန်းနဲ့ရိုက်ထားတဲ့ ဗီဒီယိုဖိုင်မှာတော့ ကားက တောင်တက်ကားလမ်းဆင်ခြေလျောမှ လမ်းချော်ကျ ကာ တောင်စောင်းရှိ အိမ်တစ်လုံး၏ အမိုးပေါ်သို့ တင်နေတာကို တွေ့ရပါတယ်။ လမ်းပေါ်က ကျလာတာဲ့ ကားက တောင်စောင်းရှိ သစ်ပင်ချုံပင်တွေကြောင့် ကျတာ ရပ်တန့်ခဲ့ပြီနောက် ကားထဲက ဒဏ်ရာရသူတွေ၊ အကျီမှာ သွေးစိုရွဲနေတဲ့ ထိခိုက်သူတွေကို ကယ်ဆယ်ရေးသမားတွေက ဆွဲထုတ်ကာ ကူညီကယ် ဆယ်ခဲ့ပါတယ်။ဒီထဲမှာ ပြင်ပြင်း ထန်ထန်ထိခိုက်ထားသူတွေလည်း ပါရှိခဲ့ပါတယ်။

ဒေသခံသတင်းတွေမှာတော့ သေဆုံးသူအများစုက အသက် ၄၀ နဲ့ ၅၀ ကြားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ နွေး သမပိုင်းရာသီဥတုနဲ့ ကြမ်းတမ်းတဲ့ မီးတောင်မြေပြင် အနေအထားတွေကြောင့် မော်ရိုကို ကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ အတ္တလန္တိတ်ကျွန်းတစ်ခုဖြစ်တဲ့ မာဒီးရီးယားကျွန်းကိုနှစ်စဉ် ကမ္ဘာလှည့်ခရီးသည့် တစ်သန်းခန့်လာရောက်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဂျာမန်အစိုးရပြောရေးဆိုခွင့်ရှိသူ ကတော့ “ မာဒီရီးယားကလာတဲ့ သတင်းကတော့ ထိတ်လန့်စရာသတင်း”လို့ တွစ်တာမှာ ရေးခဲ့ပါတယ်။အတ္တလန္တိတ် ပုလဲနဲ့ အတ္တလန္တိတ်ရေပေါ်ဥယျာဉ်လို့ နာမည်ကျော်တဲ့ ဒီကျွန်းကို ဗြိတိန်ခရီးသွားတွေပြီးရင် ဂျာမန် ခရီးသွားတွေ အများ ဆုံးလာရောက်ကြတယ်လို့  မာဒီးရီးယားခရီးသွားအာဏာပိုင်အဖွဲ့ကပြောပါတယ်။အဆိုပါကျွန်းမှာ နေထိုင်သူ ၂၇၀၀၀၀ ကျော် နေထိုင်ကြ တယ်လို့ ဆိုပါတယ်။

Linko
Ref: timeslive
မာဒီးရီးယား၊ ဧပြီ ၁၈

(   Zawgyi  )

 အေနာက္ေျမာက္အာဖရိက ရွိ ေပၚတူဂီပိုင္ မာဒီးရီးယားကြၽန္းမွာ ဂ်ာမန္ကမာၻလွည့္ခရီးသည္မ်ား တင္ေဆာင္ လာသည့္ ဘတ္စ္ကားတစ္စီး ေတာင္ေစာင္းအတိုင္းေမာင္းႏွင္လာစဥ္ လမ္းေခ်ာ္ကာ ကားလမ္း ေအာက္ဘက္ရွိ အိမ္ေပၚမွာ ေခ်ာ္က်ခဲ့သျဖင့္ ကားတိမ္းေမွာက္ကာ ကားေပၚပါ ဂ်ာမန္ခရီးသည္မ်ားအနက္ ၂၉ ဦးေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

ဒ႐ုန္းနဲ႔႐ိုက္ထားတဲ့ ဗီဒီယိုဖိုင္မွာေတာ့ ကားက ေတာင္တက္ကားလမ္းဆင္ေျခေလ်ာမွ လမ္းေခ်ာ္က် ကာ ေတာင္ေစာင္းရွိ အိမ္တစ္လုံး၏ အမိုးေပၚသို႔ တင္ေနတာကို ေတြ႕ရပါတယ္။ လမ္းေပၚက က်လာတာဲ့ ကားက ေတာင္ေစာင္းရွိ သစ္ပင္ခ်ဳံပင္ေတြေၾကာင့္ က်တာ ရပ္တန႔္ခဲ့ၿပီေနာက္ ကားထဲက ဒဏ္ရာရသူေတြ၊ အက်ီမွာ ေသြးစို႐ြဲေနတဲ့ ထိခိုက္သူေတြကို ကယ္ဆယ္ေရးသမားေတြက ဆြဲထုတ္ကာ ကူညီကယ္ ဆယ္ခဲ့ပါတယ္။ဒီထဲမွာ ျပင္ျပင္း ထန္ထန္ထိခိုက္ထားသူေတြလည္း ပါရွိခဲ့ပါတယ္။

ေဒသခံသတင္းေတြမွာေတာ့ ေသဆုံးသူအမ်ားစုက အသက္ ၄၀ နဲ႔ ၅၀ ၾကားေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။ ေႏြး သမပိုင္းရာသီဥတုနဲ႔ ၾကမ္းတမ္းတဲ့ မီးေတာင္ေျမျပင္ အေနအထားေတြေၾကာင့္ ေမာ္႐ိုကို ကမ္းလြန္ပင္လယ္ျပင္မွာရွိတဲ့ အတၱလႏၲိတ္ကြၽန္းတစ္ခုျဖစ္တဲ့ မာဒီးရီးယားကြၽန္းကိုႏွစ္စဥ္ ကမာၻလွည့္ခရီးသည့္ တစ္သန္းခန႔္လာေရာက္ေလ့ရွိတယ္လို႔ ဆိုပါတယ္။

ဂ်ာမန္အစိုးရေျပာေရးဆိုခြင့္ရွိသူ ကေတာ့ “ မာဒီရီးယားကလာတဲ့ သတင္းကေတာ့ ထိတ္လန႔္စရာသတင္း”လို႔ တြစ္တာမွာ ေရးခဲ့ပါတယ္။အတၱလႏၲိတ္ ပုလဲနဲ႔ အတၱလႏၲိတ္ေရေပၚဥယ်ာဥ္လို႔ နာမည္ေက်ာ္တဲ့ ဒီကြၽန္းကို ၿဗိတိန္ခရီးသြားေတြၿပီးရင္ ဂ်ာမန္ ခရီးသြားေတြ အမ်ား ဆုံးလာေရာက္ၾကတယ္လို႔  မာဒီးရီးယားခရီးသြားအာဏာပိုင္အဖြဲ႕ကေျပာပါတယ္။အဆိုပါကြၽန္းမွာ ေနထိုင္သူ ၂၇၀၀၀၀ ေက်ာ္ ေနထိုင္ၾက တယ္လို႔ ဆိုပါတယ္။

Linko
Ref: timeslive
မာဒီးရီးယား၊ ဧၿပီ ၁၈