မိုက်ကယ်ဂျက်ဆင် ကွယ်လွန်မှု ၁၀ နှစ်ပြည့် အခမ်းအနား လော့စ်အိန်ဂျလိစ်တွင် ကျင်းပ

မိုက်ကယ်ဂျက်ဆင် ကွယ်လွန်မှု ၁၀ နှစ်ပြည့် အခမ်းအနား လော့စ်အိန်ဂျလိစ်တွင် ကျင်းပ

မိုက်ကယ်ဂျက်ဆင် ကွယ်လွန်တဲ့ ၁၀ နှစ်ပြည့် နှစ်ပတ်လည်ဖြစ်တဲ့ ဇွန် ၂၅ ရက် နေ့လယ် ၂ နာရီ ၂၆ မိနစ်တိတိမှာ လော့စ်အန်ဂျလိစ် မြောက်ပိုင်းက ဂလန်ဒေးလ်က ကွယ်လွန်သူ Pop ဂီတ ဘုရင်ကြီးကို မြှုပ်နှံထားရာ Forest Lawn သုဿန်မှာ ပရိသတ် ရာဂဏန်းခန့် စုစည်းပြီး ဝမ်းနည်းမှု အထိမ်းအမှတ်အဖြစ် ၁ မိနစ် ငြိမ်သက်ခဲ့ကြပါတယ်။

အစီအစဉ်တင်ဆက်သူက သူ့ရဲ့  “Heal the World” သီချင်းကို ပြန်အနက်ဖွင့်ဆိုခဲ့ချိန်မှာ မိုက်ကယ်ဂျက်ဆင် ချစ်သူတချို့က ငိုကြွေးမြည်တမ်းခဲ့သလို မျက်ရည်သုတ်ခဲ့သူတွေနဲ့ ကြေကွဲတမ်းတခဲ့ကြပါတယ်။

ပရိတ်သတ်အချို့က ဂျက်ဆင် နဲ့ တူအောင် ဝတ်ဆင်သူ ဝတ်ဆင်ကာ၊ အရုပ်တွေ စီးကွင့်တွေ ကြယ်တွေ ထိုးထားတဲ့ အဆိုတော်ရဲ့ လက်မှတ် "Thriller" ပါတဲ့ အနီရောင်ဂျက်ကတ်တွေ ဝတ်ကာ ကပြခဲ့ကြသလို သူ့ကိုမြုပ်နှံထားတဲ့ ပုဂ္ဂလိကဂူဗိမာန် အပြင်ဘက် သီးသန့်ပြုလုပ်ထားတဲ့ အမှတ်တရနေရာမှာ အရုပ်လေးတွေ၊ ပိုစတာတွေ၊ တခြားအမှတ်တရတွေကို ချထားခဲ့ကြပါတယ်။

သူ့ရဲ့ ဆယ်နှစ်မြောက် နှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနားကို ဟန်ဂေရီ၊ အီရန်၊ ဂျပန် စတဲ့ နိုင်ငံတွေကနေ “ထာဝရဘုရင်”၊ “ငါတို့အားလုံး ဘယ်တော့မှ မမေ့”၊ “သင်ဟာ ငါတို့ဘဝအားလုံးရဲ့ အစိတ်အပိုင်းဆိုတာ မမေ့နဲ့” စတဲ့ မက်ဆေ့ချ့်တွေကို ပေးပို့ခဲ့ပါတယ်။

မိုက်ကယ်ဂျက်ဆင်ဟာ  အသက် ၅၀ အရွယ် ၂၀၀၉ ခုနှစ်၊ ဇွန်လ ၂၅ ရက်မှာ ဆေးဝါးအလွန်အကျွံသုံးစွဲရာက နှလုံးရောဂါ ပြဿနာကြောင့် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

Linko
Ref : Reuters
လော့စ်အိန်ဂျလိစ်၊ ဇွန် - ၂၆

( Zawgyi )

မိုက္ကယ္ဂ်က္ဆင္ ကြယ္လြန္တဲ့ ၁၀ ႏွစ္ျပည့္ ႏွစ္ပတ္လည္ျဖစ္တဲ့ ဇြန္ ၂၅ ရက္ ေန႔လယ္ ၂ နာရီ ၂၆ မိနစ္တိတိမွာ ေလာ့စ္အန္ဂ်လိစ္ ေျမာက္ပိုင္းက ဂလန္ေဒးလ္က ကြယ္လြန္သူ Pop ဂီတ ဘုရင္ႀကီးကို ျမႇဳပ္ႏွံထားရာ Forest Lawn သုႆန္မွာ ပရိသတ္ ရာဂဏန္းခန႔္ စုစည္းၿပီး ဝမ္းနည္းမႈ အထိမ္းအမွတ္အျဖစ္ ၁ မိနစ္ ၿငိမ္သက္ခဲ့ၾကပါတယ္။

အစီအစဥ္တင္ဆက္သူက သူ႔ရဲ႕  “Heal the World” သီခ်င္းကို ျပန္အနက္ဖြင့္ဆိုခဲ့ခ်ိန္မွာ မိုက္ကယ္ဂ်က္ဆင္ ခ်စ္သူတခ်ိဳ႕က ငိုေႂကြးျမည္တမ္းခဲ့သလို မ်က္ရည္သုတ္ခဲ့သူေတြနဲ႔ ေၾကကြဲတမ္းတခဲ့ၾကပါတယ္။

ပရိတ္သတ္အခ်ိဳ႕က ဂ်က္ဆင္ နဲ႔ တူေအာင္ ဝတ္ဆင္သူ ဝတ္ဆင္ကာ၊ အ႐ုပ္ေတြ စီးကြင့္ေတြ ၾကယ္ေတြ ထိုးထားတဲ့ အဆိုေတာ္ရဲ႕ လက္မွတ္ "Thriller" ပါတဲ့ အနီေရာင္ဂ်က္ကတ္ေတြ ဝတ္ကာ ကျပခဲ့ၾကသလို သူ႔ကိုျမဳပ္ႏွံထားတဲ့ ပုဂၢလိကဂူဗိမာန္ အျပင္ဘက္ သီးသန႔္ျပဳလုပ္ထားတဲ့ အမွတ္တရေနရာမွာ အ႐ုပ္ေလးေတြ၊ ပိုစတာေတြ၊ တျခားအမွတ္တရေတြကို ခ်ထားခဲ့ၾကပါတယ္။

သူ႔ရဲ႕ ဆယ္ႏွစ္ေျမာက္ ႏွစ္ပတ္လည္ ေအာက္ေမ့ဖြယ္အခမ္းအနားကို ဟန္ေဂရီ၊ အီရန္၊ ဂ်ပန္ စတဲ့ ႏိုင္ငံေတြကေန “ထာဝရဘုရင္”၊ “ငါတို႔အားလုံး ဘယ္ေတာ့မွ မေမ့”၊ “သင္ဟာ ငါတို႔ဘဝအားလုံးရဲ႕ အစိတ္အပိုင္းဆိုတာ မေမ့နဲ႔” စတဲ့ မက္ေဆ့ခ်႕္ေတြကို ေပးပို႔ခဲ့ပါတယ္။

မိုက္ကယ္ဂ်က္ဆင္ဟာ  အသက္ ၅၀ အ႐ြယ္ ၂၀၀၉ ခုႏွစ္၊ ဇြန္လ ၂၅ ရက္မွာ ေဆးဝါးအလြန္အကြၽံသုံးစြဲရာက ႏွလုံးေရာဂါ ျပႆနာေၾကာင့္ ကြယ္လြန္သြားခဲ့တာ ျဖစ္ပါတယ္။

Linko
Ref : Reuters
ေလာ့စ္အိန္ဂ်လိစ္၊ ဇြန္ - ၂၆