မိုက်ပွန်ပီ မရောက်မီ အမေရိကန်ဝန်ဆောင်မှုတပ်ဖွဲ့ဝင် နှစ်ဦး အာဖဂန်တွင် ထပ်မံကျဆုံး

 မိုက်ပွန်ပီ မရောက်မီ အမေရိကန်ဝန်ဆောင်မှုတပ်ဖွဲ့ဝင် နှစ်ဦး အာဖဂန်တွင် ထပ်မံကျဆုံး

ဝန်ဆောင်မှု တပ်ဖွဲ့ဝင် နှစ်ဦး အာဖဂန်တွင်  သတ်ဖြတ်ခံခဲ့ရတယ်လို့ အမေရိကန်စစ်ဘက်က ထုတ် ပြန်ခဲ့ပါတယ်။ အဆိုပါ ထုတ်ပြန်ချက် မှာတော့ သတ်ဖြတ်ခံရသူနှစ်ဦးရဲ့ အသေးစိတ်အချက်အလက်ကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။ အာဖဂန်မြို့တော် ကဘူးလ်ကို ရုတ်တရက်ရောက်လာမယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမိုက်ပွန်ပီရဲ့ ဗုဒ္ဓဟူးနေ့ခရီးစဉ်မတိုင်မီ ဒီလိုသတ်ဖြတ်ခံရတာလို ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ ပါတယ်။ ဝါရှင်တန်က စက်တင်ဘာ ၁ ရက်မတိုင်မီ အာဖဂန်ငြိမ်း ချမ်းရေးသဘောတူညီချက်ရမယ်လို့  ယုံကြည်ထားပါတယ်။

အမေရိကန်ရဲ့ ၁၈ နှစ်ကြာတဲ့ အရှည်ကြာဆုံးစစ်ပွဲဖြစ်လုနီးပါး အာဖဂန်စစ်ပွဲ မှာ သေဆုံးခဲ့တဲ့ ဒီတပ်ဖွဲ့ ဝင်နှစ်ဦးသေဆုံးမှုနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းဖော်ပြခြင်းမရှိပါဘူး။ အာဖဂန်ငြိမ်းချမ်း ရေး နဲ့ လုံခြုံရေး အတွက် ဆွေးနွေးရာမှာ တာလီဘန်နဲ့ တိုက်ရိုက်ဆွေးနွေးတဲ့မှုကို  ကိုင်တွယ်ထားပါတယ်။

အဆိုပါအမေရိကန်စစ်ဘက်ထုတ်ပြန်ချက်မှာတော့  သေဆုံးသူရဲ့မိသားစုဝင်တွေကို အကြောင်းကြားထုတ်ပြန်တဲ့ အထိ သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်ကို ထုတ်ပြန်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Linko
Ref:AP
ကဘူးလ် ၊ ဇွန် ၂၆

(  Zawgyi  )

 ဝန္ေဆာင္မႈ တပ္ဖြဲ႕ဝင္ ႏွစ္ဦး အာဖဂန္တြင္  သတ္ျဖတ္ခံခဲ့ရတယ္လို႔ အေမရိကန္စစ္ဘက္က ထုတ္ ျပန္ခဲ့ပါတယ္။ အဆိုပါ ထုတ္ျပန္ခ်က္ မွာေတာ့ သတ္ျဖတ္ခံရသူႏွစ္ဦးရဲ႕ အေသးစိတ္အခ်က္အလက္ကိုေတာ့ မထုတ္ျပန္ခဲ့ပါဘူး။ အာဖဂန္ၿမိဳ႕ေတာ္ ကဘူးလ္ကို ႐ုတ္တရက္ေရာက္လာမယ့္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးမိုက္ပြန္ပီရဲ႕ ဗုဒၶဟူးေန႔ခရီးစဥ္မတိုင္မီ ဒီလိုသတ္ျဖတ္ခံရတာလို ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ ပါတယ္။ ဝါရွင္တန္က စက္တင္ဘာ ၁ ရက္မတိုင္မီ အာဖဂန္ၿငိမ္း ခ်မ္းေရးသေဘာတူညီခ်က္ရမယ္လို႔  ယုံၾကည္ထားပါတယ္။

အေမရိကန္ရဲ႕ ၁၈ ႏွစ္ၾကာတဲ့ အရွည္ၾကာဆုံးစစ္ပြဲျဖစ္လုနီးပါး အာဖဂန္စစ္ပြဲ မွာ ေသဆုံးခဲ့တဲ့ ဒီတပ္ဖြဲ႕ ဝင္ႏွစ္ဦးေသဆုံးမႈနဲ႔ ပတ္သက္ၿပီး ရွင္းရွင္းလင္းလင္းေဖာ္ျပျခင္းမရွိပါဘူး။ အာဖဂန္ၿငိမ္းခ်မ္း ေရး နဲ႔ လုံၿခဳံေရး အတြက္ ေဆြးေႏြးရာမွာ တာလီဘန္နဲ႔ တိုက္႐ိုက္ေဆြးေႏြးတဲ့မႈကို  ကိုင္တြယ္ထားပါတယ္။

အဆိုပါအေမရိကန္စစ္ဘက္ထုတ္ျပန္ခ်က္မွာေတာ့  ေသဆုံးသူရဲ႕မိသားစုဝင္ေတြကို အေၾကာင္းၾကားထုတ္ျပန္တဲ့ အထိ ေသဆုံးသူေတြရဲ႕ အေသးစိတ္အခ်က္အလက္ကို ထုတ္ျပန္မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

Linko
Ref:AP
ကဘူးလ္ ၊ ဇြန္ ၂၆